ထိုင်းမြန်မာနယ်စပ်တွင် ၀မ်းရောဂါဖြစ်ပွားနေ

 

နွယ်လေး။

မေလ ၁၆ ရက်၊ ၂၀၀၈ ခုနှစ်။

 

ထိုင်းမြန်မာနယ်စပ်ရှိ  ကျေးရွာများတွင် နေထိုင်အလုပ်လုပ်ကိုင်သူ မြန်မာစိုက်ပျိုးရေး အလုပ်သမားများကြားတွင် ၀မ်းရောဂါဖြစ်ပွားနေပြီး သေဆုံးသူများရှိသကဲ့သို့ ဆေးရုံတွင် ဆေးကုသမှုခံနေသူများ ရှိသည်ဟု အစိုးရ မဟုတ် သော ကျန်းမာရေးပညာပေးအဖွဲ့မှ ကျန်းမာရေးမုး တစ်ဦးက ပြောသည်။

 

မေလ၁၅ရက်နေ့၌ ဖုတ်ဖရမြို့နယ် ၄၈ ကီလိုမီတာကျေးရွာမှ ၀မ်းရောဂါကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး မဲဆောက်ဆေးရုံတွင် ကျန်းမာရေးပညာပေးအဖွဲ့မှ သင်တန်းသူတစ်ဦးလည်း မကြာသေးမီကပင် ၀မ်းရောဂါ နှင့် သေဆုံးခဲ့သည်ဟု ယင်းကျန်းမာရေးပညာပေးအဖွဲ့မှ ကျန်းမာရေးမုး မခင်လေးနွယ်က ပြောသည်။

 

လက်ရှိဝမ်းရောဂါဖြစ်နေသူများ၏ အခြေအနေကို ကျန်းမာရေးမှုး ၄င်းက ယခုလိုပြောသည်။

“လက်ရှိ ဆေးရုံတင်ထားတာ လက်ရှိဆေးကုသခံယူနေတာက အယောက် ၂၀ ရှိတယ်။ နောက်ပြီး ကျမတို့တွေ လက်ရှိဆေးရုံမှာ တက်ကုသနေတဲ့လူတွေရဲ့ နေရာဌာနကိုပေါ့နော်။ ကွင်းဆင်း ပြီးတော့ မှ ကျမတို့ သွားပြီးတော့ ၀မ်းစစ်တာတို့ ကြိုတင်ဆေးပေးတာတို့ ကြိုတင် သူတို့သောက်တဲ့ရေတို့ သုံးတဲ့ရေတို့မှာ ကျမတို့ ဆေးသွားထည့်တာတိုက လုပ်တာတော့ အယောက်သုံးရာ ကျော်ကျော်မှာ ရှိတယ်။”

မြန်မာဘက် မြ၀တီ နှင့် ထိုင်းနိုင်ငံ မဲဆောက်ဒေသများတွင် ၀မ်းရောဂါဖြစ်ပွားနေမှုများ ရှိနေပြီး ၀မ်းရောဂါဖြစ်သူ စာရင်းများကိုမူအတိကျမသိရသေးဟု ၄င်းကဆက်လက်ပြောသည်။

 

ကျန်းမာရေးပညာပေးအဖွဲ့မှအဖွဲံ့ဝင်များသည် ၀မ်းရောဂါပညာပေးသင်တန်းများ မကြာခဏ ထိုင်းမြန်မာနယ်စပ် ရှိကျေးရွာများတွင် ပြုလုပ်လေ့ရှိပြီး ယခုလည်း မိမိတို့ တာဝန်ကျရာ ဒေသအလိုက် တာဝန်ရှိဆရာဝန်များနှင့်   ကြိုတင်စစ်ဆေးကာကွယ်မှုများ ပြုလုပ်ပေးနေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။