|
ထိုင်းနိုင်ငံအတွင်း
တရားမ၀င်အလုပ်သမားဖမ်းဆီးရန် ၀န်ကြီးချုပ် အတည်ပြု
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇွန်လ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအား
စီမံကိန်းချ ဖမ်းဆီးရန် ထိုင်းဝန်
ကြီးချုပ်က ယမန်နေ့ ၀န်ကြီးများအစည်းအဝေးတွင် အတည်ပြု လက်မှတ်ရေးထိုးလိုက်သည်။
စီမံကိန်းကို မကြာခင်စတင်ဖွယ်ရှိပြီး အောက်တိုဘာလကုန်ပိုင်းတွင် အပြီးသတ်
လုပ်ဆောင်သွားမည်ဟု
ထိုင်းအ လုပ်သမားခန့်ထားရေးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် က
ပြောသည်။
ထိုင်းနှင့်
မြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်
စာရင်းမသွင်းသေးသူများ
အပါအ၀င် ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်လုပ်ကိုင်နေသည့်
နိုင်ငံခြားသားရွှေ့ပြောင်း
အလုပ်သမား
အား
လုံးကို ဖမ်းဆီးသွားမည်ဖြစ်သည်ဟု ထိုင်းမူဝါဒများကို လေ့လာနေသော
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား
ညွှန့်ပေါင်းအစိုးရ (NCGUB)
အလုပ်သမားရေးရာ
တာဝန်ခံ ဦးသက်ခိုင်က ယခုလိုပြောသည်။
“အခုဟာက
သက်တမ်းမဆက်တဲ့ အလုပ်သမား နှစ်သိန်းခွဲ သုံးသိန်း၊ အဲတာကိုဖမ်းမယ်။ ထို့အပြင်
နဂို
ထဲက
ဘာလက်မှတ်မှမလုပ်ပဲနေနေကြတဲ့ သူတွေလည်းရှိတယ်။ အဲတာ တွေကို ဖမ်းမယ်။”
ယင်းစီမံချက်အား ထိုင်းဒုတိယ ၀န်ကြီးချုပ်မှ ဦးဆောင်၍ အလုပ်သမားရေးဝန်ကြီး
အပါအ၀င် အဖွဲ့ဝင် ၁၅ ဦး
ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်း ဒေသ ၅ ခုခွဲ၍ ဆောင်ရွက် သွားမည်ဖြစ်သည်။
သက်ဆိုင်ရာမှ စက်ရုံအလုပ်ရုံများအတွင်း စစ်ဆေးရာ၌ တရားမ၀င်အလုပ်သမားများ
ကိုလက်ခံထားသည့် အ
လုပ်ရှင်များအနေနှင့် ဒဏ်ကြေးတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၄၀၀
ပေးဆောင်ရမည်ဖြစ်ပြီး ရရှိသည့် ဒဏ်ငွေအား စီမံကိန်းတွင်
ပြန်လည်အသုံးပြုသွားမည်ဟု ဦးသက်ခိုင်က ဆက်ပြောသည်။
ထိုင်းနိုင်ငံ၏ တရားဝင်စာရင်းများအရ မြန်မာ၊ လောနှင့် ကမ္ဘောဒီးယား
သုံးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား နှစ်
သန်းကျော်အနက် မြန်မာနိုင်ငံသား တစ်သန်းကျော် ရှိသည်ဟု သိရသည်။
ထို့အပြင်
ယာယီနိုင်ငံကူးလက်မှတ်အတွက် စာရင်းသွင်းရန် ပျက်ကွက်သူ သုံးသိန်းခန့်ရှိပြီး
၎င်းတို့အား ထိုင်း
အစိုးရမှတရားမ၀င် ၀င်ရောက်လာသူများအဖြစ် သတ်မှတ်ကာပြန်ပို့ရန်
စီစဉ်နေခြင်းဖြစ်သည်ဟု ဦးသက်ခိုင်
ကပြောသည်။
“အခုသူတို့
စာရင်းအရဆိုရင် တစ်သန်းနီးပါးပဲရှိတယ်။ ပြန်ပြီးတော့ လက်မှတ်တွေ တော်ထားတာက။
အဲဒီတစ်သန်းနီးပါးပဲရှိတော့ အဲဒီနှစ်သိန်းခွဲ၊
သုံးသိန်းအပါအ၀င် သူတို့ သတ်မှတ်တာက ကျန်တဲ့တစ်
သန်းလောက်က
ဒါဟာတရားမ၀င် အလုပ်သမားဆိုပြီးတော့ တွက်နိုင်တယ်။ ဒါကြောင့် အဲဒီလူတွေ အ
ကုန်လုံးကို
ပြန်ပို့ဖို့လုပ်နေတာ။”
အလုပ်သမားများအနေနှင့် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် အခက်ခဲများရှိသည့်
အတွက် ထိုင်းအစိုးရ
အနေနှင့်
ယခုလိုဖမ်းဆီးခြင်းထက်
ရက်တိုးမြှင့်ပေးပါက
ပို၍ အဆင်ပြေနိုင်သည်ဟု မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဥပဒေအထောက်
အကူပြုတာဝန်ခံ ကိုမြင့်ဦးက ယခုလိုပြောသည်။
“အဲဒီကိစ္စက
အလုပ်ရှင်တွေကလည်း အဓိကကျတယ်။ အလုပ်သမားက လုပ်ချင်တိုင်း လည်း အလုပ်
ရှင်က လုပ်ပေးမှလုပ်လို့ရတာ။ အဲဒီလို အခက်အခဲရှိတယ်။ နောက်ပြီးတော့ သူတို့
ရဲ့ဝင်ငွေနဲ့
ချိန်
ရသေးတယ်။
ဒီမှာသူတို့ပြောတာက ၁၅၃ ဘတ်။ မဲဆောက်မှာရနေ တဲ့ အလုပ်သမားတွေက ၆၀၊ ၇၀
အများဆုံးပဲ။”
စီမံချက်အား
ယခုလိုဖြေရှင်းရာတွင်
အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်နစ်နာမှု ရှိနိုင်သည့်အတွက် ယခုကဲ့သို့
ဖြေရှင်းနည်းထက် အလုပ်သမားရေး ဆောင်ရွက် နေသည့်အဖွဲ့များ၊
လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်သင့် သည်ဟု
ဦးသက်ခိုင်က သုံးသပ်ပြောဆိုသည်။
ထိုင်းနိုင်ငံအတွင်း တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သန်းသုံးသိန်းကျော်
ရှိသည့်အနက် ယာယီနိုင်ငံ
ကူးလက်မှတ်ပြုလုပ်ပြီးသူနှင့် ပြုလုပ်ရန် စာရင်းသွင်းထား သူပေါင်း
ရှစ်သိန်းကျော်သာရှိသည်ဟု ထိုင်းအစိုးရ မှတ်တမ်းများကဆိုသည်။
|