|
ကချင်ပြည်နယ်အစိုးရသစ်တွင် အာဏာရရှိရေး ကေအိုင်အို တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၆ ရက်၊ ၂ဝဝ၉ ခုနှစ်။
လာမည့် ၂ဝ၁ဝ
တွင် ကျင်းပရန်ကျေညာထားသော ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့်
ကချင်ပြည်
နယ်
အစိုးရအဖွဲ့
အာဏာသုံးရပ်တွင် တိုက်ရိုက်ပါဝင်နိုင်ရေး ကချင်ပြည် လွတ်လပ်ရေး အဖွဲ့
(ကေအိုင်အို) အဖွဲ့ က တောင်းဆိုလိုက်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း နှင့်
ကေအိုင်အို ဒု ဥက္ကဌ ဗိုလ်ချုပ်
ဂေါ်ရီဇော်ဆိုင်းဦးဆောင်သည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့
ဇူလိုင်လ(၈)ရက်နေ့မှ (၁၁)ရက်နေ့ အထိ တွေ့ဆုံစဉ်
ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းက တင်ပြပြောဆိုခဲ့ရာတွင်-
“၂ဝ၁ဝခုနှစ်၊
နိုင်ငံရေးပါတီများ ပါတီစုံအထွေထွေရွေးကောက်ပွဲဖြင့် ပေါ်ထွက်လာမည့် အစိုးရလက်
သို့ တပ်မတော် အစိုးရက
အာဏာလွှဲပြောင်းပေးလိုက်သည့်အခါ ကချင်ပြည် နယ် အစိုးရအတွင်းရှိ အာဏာ
သုံးရပ်ထဲမှာ ကေအိုင်အို က တိုက်ရိုက် ပါဝင်လာနိုင်ရေး ကို တင်ပြဆွေးနွေး
လိုပါသည်။”
ဟု
ပြောဆိုခဲ့ကြောင်း အဲန်အမ်ဂျီမှ ရရှိသော အစည်းအဝေး မှတ်တမ်း မိတ္တူတွင်
ပါရှိသည်။
ယခုချက်ချင်း နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်ဖို့ဆိုသည်မှာ ပြဿနာကို
မဖြေရှင်း နိုင်သည့်အပြင် ကေ
အိုင်အို
အဖွဲ့ဝင်ထုနှင့်
ကချင်အမျိုးသား အများစု၏ ဆန့်ကျင်မှု၊ မကျေနပ်မှု၊ မကြေလည်မှုများရှိလာနိုင်ပြီး
မလို လားအပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း
ကေအိုင်အို အဖွဲ့က
ထောက်ပြထားသည်။
မြန်မာစစ်အစိုးရဘက်က
တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့အစား ကချင်ဒေသ
လုံခြုံရေးတပ် (Kachin Regional Guard Force) ( KRGF )
ဟူ၍ အမည်မှည့်ခေါ်ကာ
လက်ရှိ ကေအိုင်အေ၏ တည်ရှိနေသော အနေအထားအတိုင်း ထားရှိသွားရန်လည်း အဆိုပါ တွေ့ဆုံပွဲတွင်
ကေအိုင်အိုအဖွဲ့က
တောင်းဆိုထားသည်။
“သို့ဖြစ်ပါ၍
ကချင်ဒေသလုံခြုံရေးတပ် (KRGF)
၏ ဖွဲ့စည်းပုံအဆင့်ဆင့်တွင် ကေအိုင်အေ မှ အရာရှိ၊
စစ်သည်များဖြင့်သာလျင် ပြင်ဆင်ဖွဲ့စည်းသွားလိုပါကြောင်းကိုလည်း
တင်ပြ အပ်ပါသည်။”
ဟု မြန်မာ
စစ်အစိုးရတပ်မှ
အရာရှိ၊ စစ်သည်များနှင့်
ပူးပေါင်းဖွဲ့စည်းမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအပေါ်
ကေအိုင် အိုအဖွဲ့က
ငြင်းဆိုလိုက်သည်။
တွေ့ဆုံဆွေးနွေးမှုအပေါ်
ပိုမိုသိရှိရန်အတွက် ကေအိုင်အို အဖွဲ့ထံ
ဖုန်းဖြင့်ဆက်သွယ် သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့သည်။
ကေအိုင်အိုအဖွဲ့သည်
ကချင်ကျောင်းသားများက ၁၉၆၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့ တွင် အမျိုးသားရေး
အတွက် လက်နက်ကိုင်စွဲတော်လှန်ရန်ဖွဲ့စည်းခဲ့ပြီး
၁၉၉၄ ခုနှစ်
ဖေဖေါ်ဝါရီလ(၂၄)ရက်တွင် မြန်မာစစ်အစိုးရ
နှင့် အပစ်ခတ် ရပ်စဲရေး
လက်မှတ်ရေးထိုး ခဲ့သည်။
ကေအိုင်အိုမှ ခွဲထွက်ခဲ့ကြသည့် ကချင်ကာကွယ်ရေးတပ်မတော်၊(KDA)၊
ဦးလဆန်အောင် ဝါ ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့်
ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တို့ကမူ
နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အဖွဲ့များ
အသွင်ပြောင်ရေးကို လက်ခံသဘော တူထားပြီး ဖြစ်သည်။
|