မြန်မာစစ်တပ် နှင့် ကရင် အမျိုးသား အစည်းအရုံး တိုက်ပွဲဖြစ်

နွယ်လေး။
စက်တင်ဘာလ ၁၆ ရက် ၊၂၀၀၉ ခုနှစ်။

ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၆) တပ်ရင်းက မြန်မာစစ်အစိုးရတပ်ဖွဲ့အား ပြောက်ကျား တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ (၄) ဦး သေဆုံးပြီး (၆) ဦးဒဏ်ရရှိခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေ (၃) နာရီခန့်တွင် ဘုရားသုံးဆူမြို့နယ် ချောင်းဆုံလေဆိပ် အနီးတွင် မြန်မာ စစ်တပ် ခမရ ၃၅၆ မှ လူအင်အား  (၄၀)ကို ကေအဲန်ယူ တပ်ရင်း (၁၆)လက်အောက်ခံ (၁၂) မှ လူအင်အား (၅)ယောက်တို့သည် (၁၀)မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ သည်ဟု တပ်မဟာ(၆) ဗိုလ်ကြီး ထွဲနေက ပြောသည်။

“အဲဒီမှာ ခမရ ၃၅၆ ကတော့ လေးယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အထဲမှာ တချို့ကဗိုက် တချို့ကလက် တချို့ကခြေထောက်ပေါ့။ နာမည်တွေ မသိရ သေးဘူး။ အကုန် လုံးမသိရသေးဘူး။”

မြန်မာစစ်တပ်တက်လာမည့် လမ်းကြောင်းကို အတိအကျသိပြီး စောင့်ပစ်သည့် ပြောက်ကျား တိုက်ပွဲဖြစ်သဖြင့် ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရှိမှု မရှိဟု ဗိုလ်ကြီးထွဲနေက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း ဘုရားသုံးဆူမြို့တွင် မြန်မာစစ်တပ် လုံခြုံရေးတိုးမြင့်ချထားပြီး တပ်များလည်း တိုး ချဲ့ ထားသည်ဟုဆိုသည်။

ချောင်းဆုံတိုက်ပွဲကြောင့် ယင်းအနီးတ၀ှိုက်ကျေးရွာများမှရွာသားအချို့ကြောက်လန့်ပြီး ဘုရားသုံးဆူမြို့သို့ထွက် ပြေးလာကြသဖြင့် မြို့သူမြို့သားများ စိုးရိမ်ကြောက်လန့်နေ ကြသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တရက်၌ ဘုရားသုံးဆူမြို့ရှိ မြေစာရင်းဦးစီးမှူးရုံး အနီးတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ် ပွားခဲ့သည်။

ပြီးခဲ့သည့်ဇွန်လတွင် မြန်မာစစ်အစိုးရတပ် ခမရ(၃၅၆)သည် ဘုရားသုံးဆူဒေသရှိ မဲကသာ ဘက်တို့ ရောက် ရှိလာပြီး ဘုရားသုံးဆူမြို့အနီးတွင် တပ်စွဲထားသည်။

ဇူလိုင်လ (၈) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၆) ယာယီ စခန်းတစ်ခုကို ဒီကေဘီအေက ဝင်တိုက်ပြီး နောက် ကေအန်ယူဘက်က ပြန်လည်တိုက်ခိုက်ရန်လည်း ပြင်ဆင်နေသည်ဟု ကေအဲန်ယူ အဆင့်မြင့်အရာရှိ တဦးက ပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။