|
USDP
ပါတီမှ တရားမ၀င်နည်းဖြင့် ပါတီဝင်စုဆောင်း
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။
မကွေးတိုင်း
ပြည်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ(USDP)မှ တရား မ၀င်နည်းများဖြင့် ပါတီဝင်အင်အားစုဆောင်းနေသည်။
မြို့ပေါ်ရပ်ကွက်နှစ်ခုဖြစ်သည့် ရွှေကူနှင့် န၀င်းရပ်ကွက်များတွင် ယခုလ ၂ ရက်နေ့က
စတင်စုဆောင်းခဲ့ပြီး နောက်ပိုင်းတွင် စံတော်၊ ဆင်စုနှင့်
ခေတ္တရာရပ်ကွက်များတွင်ပါ စုဆောင်းနေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဒီမှာ ကြံ့ဖွံ့က ရပ်ကွက်တွေမှာလိုက်ပြီးတော့
အိမ်တွေမှာ မလိမ့်တစ်ပါတ်နဲ့ အိမ်ထောင်စု ဇယား တောင်းကြည့်တယ်ဗျ။
တောင်းကြည့်ပြီးတော့ အိမ်ထောင်စုဇယားထဲက အသက် ပြည့်တဲ့သူတွေရဲ့ အချက်အလက်တွေကို
ကူးယူပြီးတော့ ပါတီဝင်အဖြစ် သူတို့က သူတို့ သဘောနဲ့သူတို့ ဇွတ် စာရင်း
သွင်းတယ်။”
ရပ်ကွက်အတွင်း
သက်ကြီးမိဘများနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို အိမ်စောင့်ချန်၍ အိမ်
ထောင်ဦးစီးများအလုပ်သွားနေစဉ် ကြွံ့ဖွံ့ပါတီဝင်များရောက်လာပြီး
ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့စာရင်းကောက်ယူခဲ့ပြီး နှစ်ရက်အကြာတွင် ရပ်ကွက်အတွင်းရှိနေအိမ်များသို့
ပါတီဝင် ကဒ်ပြားများ လာ ရောက်ထုတ်ပေးချိန်မှသာ ဖြစ်ပျက်ပုံကိုသိရသဖြင့်
မြို့ခံများ မကျေနပ်ကြဟု ၎င်းက ဆက်ပြောသည်။
“အဲဒီလိုပဲ ရပ်ကွက်တိုင်းကိုလိုက်ပြီးတော့
လုပ်နေတယ်။ မိသားစု တော်တော်များများက ပြန်ပြီးတော့ complain လုပ်တယ်ပေါ့။
complain လုပ်တယ်ဆိုတာက နေရာမှာတင် အိမ်ထောင်စုဇယား တောင်း တော့ တချို့က
ချက်ချင်းပြန်ပြီးတော့ မေးခွန်းထုတ်တာတို့ ဘာတို့ ဒီလိုရှိတယ်။ အများစုကတော့ သူ
တို့ကို ရုတ်တရက် ပြန်မပြောတတ်တာနဲ့ မပြောရဲတာနဲ့ ဒီလိုပဲ ငြိမ်နေလိုက်တဲ့
သဘောရှိတယ်။ စိတ် ထဲကတော့ အတော်ကို သဘောမကျကြဘူး။”
ယင်းကိစ္စနှင့်ပတ်သက်၍
ရပ်ကွက်အတွင်း ရုန်းရင်းဆန်ခတ်သည့်အခြေအနေများ မဖြစ် ခဲ့သော်လည်း မကျေ နပ်သည့်
မိသားစုများက ရပ်ကွက်ကြံ့ဖွံ့ရုံးသို့ သွားရောက် ဆဲဆို ကြသည် ဟုသိရသည်။
ယခုလ ၂ ရက်နေ့မှစတင်၍
ယနေ့အထိ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး “ရွှေကူနဲ့ န၀င်းက အဲလို တော်တော်
ဖြစ်လိုက်တော့ နောက်ပိုင်း ဒီ့ပြင်ရပ်ကွက်တွေလုပ်တဲ့အခါမှာ သူက
နည်းနည်းကျဲသွားတယ်။ ကျဲသွား တယ်ဆိုတာ အိမ်ပေါက်စေ့ မလုပ်တော့ဘူး။
အိမ်ပေါက်စေ့မလုပ်တော့ ဘဲနဲ့ သူတို့အငိုက်ဖမ်းလို့ရ မယ်ထင်တဲ့ အိမ်မျိုးကိုပဲ
ရွေးပြီးတော့ တက်တော့တယ်။ အဲလိုမျိုး ဖြစ်သွားတယ်။” ဟု ပြောသည်။
ယခုလ ၁၄ ရက်နေ့ကလည်း
ပြည်မြို့နယ်၊ ဆင်မီးဆွဲကျေးရွာတွင် ကြံ့ဖွံ့ပါတီမှ ပါတီဝင်
အင်အားစုဆောင်းခဲ့ရာ ၎င်းတို့နှင့်လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ မတော်တဆ
သေနတ် ကျည်ထွက်ပြီး ရွာသားတစ်ဦး ထိမှန် သေဆုံးခဲ့သည်ဟု သတင်းများ
ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရသေးပါ။
|