|
အခြားနိုင်ငံများနှင့်စာလျှင်
မြန်မာခလေးငယ်များလူကုန်ကူးခံမှုက ပိုမိုဆိုရွား
နွယ်လေး။
အောက်တိုဘာလ ၁၆ ရက် ၊၂၀၀၉
ခုနှစ်။
လက်တင်အမေရိက၊ အရှေ့ဥရောပ နှင့် အာရှတိုက်ရှိ နိုင်ငံ ၁၅နိုင်ငံအနက်
မြန်မာနိုင်ငံမှ ကလေးငယ်များ လူ
ကုန်ကူးခံမှုအခြေအနေသည်
အဆိုးရွားဆုံးဖြစ်နေသည် ဟု လူ့အခွင့်အရေးပညာပေးရေးအဖွဲ့(မြန်မာနိုင်ငံ)HRE
IB ဒါရိုက်တာ
ဦးအောင်မျိုးက ပြောသည်။
ဦးအောင်မျိုးမင်းက
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်တပတ်ကြာကျင်းပခဲ့သည့် တိုက်ကြီးသုံးတိုက်
နိုင်ငံ၁၅နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သော ကလေးကူးသန်းရောင်းဝယ်မှု
ပပျောက်ရေးညီလာခံအပြီးတွင် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်
ကလေးကူးသန်းရောင်းဝယ်မှုတားဆီးသည့် ဥပဒေပြဌာန်းထားသော်လည်း
အကျင့်ပျက်
လာဘ်
စား
မှုများကြောင့်
ထိရောက်မှု မရှိသည့်အပြင်
စစ်အစိုးရကိုယ်တိုင်
NGO’s
များနှင့်
ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာ
မရှိသဖြင့်
ပိုမိုဆိုးရွားနေရခြင်းဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်၊
“မြန်မာအခြေနေဟာ
အခြားတိုင်းပြည်နဲ့ မတူလို့ ဖြေရှင်းရခက်နေတယ်။ အခြားမှာဆို အစိုးရတွေက
အစိုးရမဟုတ်တဲ့ အဖွဲ့စည်းကို ခွင့်ပြုတာရှိတယ်။
အစိုးရကိုယ်တိုင်က
ဒီဟာကို အမျိုးသားစီမံချက်၊ နိုင်
ငံတော်
စီမံချက်အဖြစ်သတ်မှတ်ပြီး
အကောင်ထည်ဖော် ဆောင်ရွက်တယ်။ မြန်မာမှာ အစိုးရကိုယ်
တိုင်က မလုပ်နိုင်ဘူး။
လုပ်ဖို့ ၀ိုင်းဝန်းကူညီတဲ့ အဖွဲ့စည်းကိုလဲသံသယမျက်လုံးနဲ့ အမြဲစောင့်ကြည့်
တယ်။ လုပ်ရင်လဲ
ပေါ်လစီနဲ့ ညှိသွားမယ်အဲလို စိုးရိမ်ကန့်သတ်မှု ရှိလို့ လုပ်သင့်သလောက် မလုပ်
နိုင်ဘူး။”
အဆိုပါအစည်းဝေးတွင်
ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးအပြင် ယင်းနှင့်
ဆက်စပ်သည့်
ခရီးသွားလုပ်
ငန်း၊ ရွှေ့ပြောင်းနေထိုင်သည့် အလုပ်သမားကလေးများ အရေးနှင့် ကူးသန်း
ရောင်းဝယ်ခံရသည့် ကလေးငယ်
များအား မူရင်းနိုင်ငံသိုပြန်မပို့မီ ရောက်ရှိရာနိုင်ငံများတွင်
နေရာချထားရေးကိုပါ တိုးချဲ့သွားရန် ဆုံးဖြတ်ခဲ့သည်။
ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ခလေးများသည်
ထိုင်းနှင့်မြန်မာအစိုးရတို့၏ အကာကွယ်ပေးမှု အောက်တွင်မရှိသဖြင့်
လူကုန်ကူးသူတို့တို့အဓိကပစ်မှတ် ဖြစ်လာသည် ဟု ဦးအောင်မျိုးမင်းက ခုလိုဆက်
ပြောသည်၊
“မြန်မာနိုင်ငံမှာရှိတဲ့
ကလေးတွေက စီးပွားရေးကျပ်တည်းမှု၊ ပညာရေးနိမ့်ကျမှု အလုပ် အကိုင် ရှား
ပါးမှု
ကြောင့်ကလေး အလုပ်သမားအဖြစ်ကူးသန်းရောင်းဝယ် ခံနေရတယ်။ မြန်မာပြည်ကနေ
ထိုင်း
နိုင်ငံကို
ဒုက္ခသည်အဖြစ်ထွက်လာတဲ့ ကလေးတွေ၊ ရွှေ့ပြောင်း အလုပ်သမားရဲ့ ကလေးတွေဟာ သာ
မန်အခြေအနေထက်စာရင် ပိုပြီးတော့
ကူးသန်း ရောင်းဝယ် ခံရနေတယ်။”
အဆိုပါအစည်းဝေးကို
(၁၀)ရက်နေ့မှ( ၁၆ )ရက်နေ့အထိပြုလုပ်ခြင်းဖြစ်ပြီး မတူညီသည့် ဒေသများမှ အဖွဲ့အ
စည်းများက
၎င်းတို့ သုံးနှစ်တာကာလဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းအတွေ့အကြုံများကို
အပြန်အလှန်ဖလှယ်ခဲ့
ကြပြီးကလေး ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေးအတွက် ငါးနှစ်ထပ်မံ ပူးပေါင်း
ဆောင်ရွက်သွားရန် သဘော တူညီခဲ့သည်။
|