|
လူထုဒုက္ခပုံဖေါ် ဗီစီဒီဖြန့်ချီ
သီတာထွန်း။
ဖေဖော်ဝါရီလ ၁၇ ရက်၊၂၀၀၉ ခုနှစ်။
မြန်မာစစ်အစိုးရ၏
အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် မြန်မာပြည်သူလူထုများ ဒုက္ခ
ရောက်ကြရပုံကို ဖော် ကျူးထားသော "ပြန်လာခဲ့ပါလောပိတ" ဗီစီဒီကာရာအိုကေ
သီချင်းခွေ ကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ( KNYO ) က
ထုတ်ဝေဖြန့်ချီလိုက်သည်။
ယင်း ဗီစီဒီခွေတွင်
ကရင်နီပြည်နယ်အပါအ၀င် မြန်မာပြည်တွင်းရှိ လူထုဘ၀ဒုက္ခရောက်ပုံများကို
သီချင်းများဖြင့် ပုံဖော်ထားသည်ဟု KNYO ၏ ဥက္ကဌ စိုင်းစိုင်းက ရှင်းပြသည်။
"အခုလက်ရှိ
နအဖလုပ်နေတဲ့ သူတို့ရဲ့အမျိုးးသားဖွံ့ဖြိုးရေးစီမံကိန်းတွေက ဒီတိုင်းရင်းသား
လူမျိုး တွေအပါအ၀င် မြန်မာပြည်တပြည်လုံးမှာရှိတဲ့ပြည်သူတွေအတွက်
ဘာမှအကျိုးအမြတ် မရတဲ့အပြင် သူတို့ ဒုက္ခရောက်ရတယ်ဆိုတဲ့အကြောင်းကို
ဖော်ပြထားတာပေါ့နော် သီချင်းနဲ့၊ အခွေနာမည်က "ပြန် လာခဲ့ပါလောပိတ" လို့
ပေးထားတယ်လေ။ လောပိတ ဆိုတာက ဒီကရင်နီပြည်၊ အခုလက်ရှိ နအဖ အစိုးရခေါ်တဲ့
ကယားပြည်ပေါ့နော်၊ ရေအားလျှပ်စစ်က အဲဒီကနေအဓိကထွက်တယ်၊ ဒါပေမယ့် ကရင်
နီပြည်ကလူတွေက ထွက်တဲ့ လျှပ်စစ်အပေါ် ဘာမှခံစားရတာမရှိဘူးလေ၊ မခံစားရတဲ့အပြင်
ဒီလျှပ်စစ် တိုင်တွေက လုံခြုံရေးအတွက်ဆိုပြီး လုပ်အားပေးတို့၊
တချို့မိုင်းတွေထောင်ထားတာကြောင့် ရွာသူရွာ သားတွေ ထိခိုက်ရတယ်၊
ကျွဲတွေ၊နွားတွေထိခိုက်ရတယ်၊ အဲဒီကိစ္စလေးတွေကို ကျနော်တို့က အဓိက ဖော်ထားပေး
တယ်လေ။"
သီချင်းနောက်ခံပုံရိပ်များကို ယခင်ကရရှိထားသည့်
ကရင်နီပြည်နှင့်တခြားတိုင်းရင်းသား ဒေသများတွင် တကယ် ဖြစ်ပျက်နေသည့်
မှတ်တမ်းများအပြင် KNYO က ပြည်တွင်းသို့ ၀င်ရောက်ကာ ရယူထားသည့် လူမှုဘ၀မှတ်
တမ်းများကိုလည်း ထည့်သွင်း ပြသ ထားသည်။
ယခုခွေထုတ်ဝေရခြင်းမှာ
စစ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ရေရှည်အတွက် အကျိုးမရှိ နိုင်ကြောင်း
သိရှိ စေရန်နှင့် ကရင်နီပြည်၏ အလှအပနှင့် သယံဇာတများကို ကရင်နီပြည်သူ များက
ဝိုင်းဝန်းထိန်းသိမ်းကြရန် ရည် ရွယ်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ
ဖြန့်ချီသွားမည်ဟု စိုင်းစိုင်းက ဆက်ပြောသည်။
၎င်းဗီစီဒီခွေကို
ကရင်နီအမျိုးသားလူငယ်အစည်းအရုံးဝင် ပြည်တွင်းပြည်ပမှလူငယ်များက
တီးခတ်သီဆိုထားပြီး ယခင်က သီဆိုခွင့်မရခဲ့သည့် ကရင်နီပြည်နှင့်
တိုက်ရိုက်သက်ဆိုင်သည့် "ဖြတ်ကာသွားတယ်မနားတယ်" အမည်ရှိ
သီချင်းဟောင်းတပုဒ်ကိုလည်း ထည့်သွင်း ထားသည်ဟု သိရသည်။
|