|
အလုပ်ခေါင်း၏
ခေါင်းပုံဖြတ်မှုကြောင့် မြန်မာအလုပ်သမား(၁၀၀)ကျော်ဆန္ဒပြ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုန်ဌာနီမြို့ရှိ ဆီမွမ်းမွမ်းဈေး၌
အလုပ်သမားခေါင်း၏ ခေါင်းပုံဖြတ်မှုခံရ၍ မြန် မာအလုပ်သမား(၁၀၀)ကျော် ဆန္ဒပြခဲ့သည်။
ယင်းဈေးသည် အသီးအနှံနှင့် ကုန်စိမ်းများရောင်းချသည့်ဈေးဖြစ်ပြီး လွန်ခဲ့သည့်
သုံးလကျော် က အသစ်ပြောင်း လာသည့် အလုပ်ခေါင်းက အလုပ်သမားများ၏လုပ်အားခဘတ် ၁၀၀
လျှင် ၂၀ ဘတ် ဖြတ်ယူနေသည့်အပြင် လုပ်အားခကို(၁၅)ရက် တစ်ကြိမ်သာ ထုတ်ပေးမည်ဟု
ပြောသောကြောင့် အလုပ်သမားများ မကျေနပ်၍ ယခုလ(၁၅)ရက်နေ့ကဆန္ဒပြခဲ့ကြသည်ဟု
အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။
“မင်းတို့ကို ၁၅ ရက်တစ်ခါရှင်းပေးမယ် တစ်ရာကို ၂၀ လည်းနုတ်မယ်၊ အဲလိုသူပြောရော။
အဲလိုသူ ပြောတော့ လက်မခံကြဘူး။ လက်မခံကြတော့ တနေ့က ကျနော်တို့က ဆန္ဒပြရော၊
ကျနော်တို့အလုပ်မ လုပ်ကြဘူး။ အကုန်လုံး လူအားလုံး ၁၀၀ ကျော်တယ်၊
ဗမာပြည်သားတွေ။”
အလုပ်သမားများ ဆန္ဒပြမှုကြောင့် ဈေးအတွင်း အရောင်းအ၀ယ်ရပ်ဆိုင်းသွားသည့်အတွက်
ဈေးရောင်းဝယ်သူ များ မကျေမနပ်ဖြစ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။
“လူတွေက
ကတောက်ကဆဖြစ်ပြီးတော့ အလုပ်မလုပ်ကြဘူး။ အလုပ်မလုပ်တဲ့ခါကျတော့ အသီးအနှံ
တွေချမယ့်လူမရှိတော့ဆိုင်ရှင်တွေက ပူညံပူညံဖြစ်တာပေါ့။ ဆူညံကြတာပေါ့။
ဈေးထဲမှာကျနော်တို့က ပစ္စည်းမချတော့ ဆိုင်သမားတွေလည်းမရောင်းရဘူး။
ဝယ်သမားတွေလည်း ပစ္စည်းမချပေးတော့ ၀ယ် သမားမရှိဘူး။”
ထိုညနေပိုင်းတွင် အလုပ်သမားများအားခေါ်ယူပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆန္ဒခံယူခဲ့ရာ
အလုပ်သမားအားလုံး ကလက်မခံသည့်အတွက် ဘာသာပြန်ပေးသူ အလုပ်သမား(၃)ဦးအား
ဦးဆောင်သူဟုစွပ်စွဲကာ ဖမ်းချုပ်ခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု
ဆက်ပြောသည်။
“စည်းဝေးပွဲမှာကျန်ခဲ့တဲ့ ကျနော်တို့သူငယ်ချင်း အယောက်တစ်ရာကျော်က မခံတော့ဘူး။
ထပြီး သောင်းကျန်းပါလေရော။ ဒီသုံးယောက်ကိုမလွတ်ပေးရင် သူတို့လည်း အလုပ်မလုပ်
ဖူးပေါ့။”
လောလောဆယ်
ထိုသုံးဦးအား အလုပ်မှထွက်သွားရန် ခြိမ်းခြောက်ပြောဆိုနေသည့်အတွက်
နောက်ပိုင်းတွင် အ န္တရာယ်တစ်စုံတစ်ခုဖြစ်လာမည်ကို အလုပ်သမားများ
စိုးရိမ်နေကြသည်။
အလုပ်သမားများသည် တရားဝင်အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားကြပြီး ဈေးအတွင်း
တရားဝင်ကုန်တင် ကုန်ချခွင့် အကျီအပြာတစ်ထည်ကို ဘတ်ငွေ ၅၀၀၀
နှုန်းဖြင့်ဝယ်ယူရသည့် အပြင် ကုမ္ပဏီသို့ တရက်လျှင် ၂၅
ဘတ်နှုန်းအခွန်ဆောင်ကြရသည်။
နောက်ဆုံး
အလုပ်သမားများနှင့် (၇)ရက်လျှင် ငွေထုတ်ပေးပြီး ရရှိသည့် လုပ်အားခ
နှစ်ဆယ်ရာခိုင်နှုန်း ပေး ဆောင် ရမည်ဟု ညှိနှိုင်းထားသော်လည်း
အလုပ်သမားများအနေနှင့် တရက်လုပ်အားခဘတ် ၃၀၀ ကျော်ရရှိ သည့်အနက် ဘတ် ၆၀
နစ်နာနေသည့်အပြင် လုပ်အားခနေ့စဉ်မရသည့်အတွက် မကျေမနပ်ဖြစ်နေကြသည်။
ထိုဈေးအတွင်း မြန်မာအလုပ်သမား သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြပြီး
ကုန်တင်ကုန်ချ အလုပ်သမား ၁၀၀ ကျော်အနက် ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီးသူ
အများအပြား ပါဝင်သည်။
ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ အိုဆာကာ ဖိနပ်ချုပ်စက်ရုံ၌ လွန်ခဲ့သည့်
ဇန္န၀ါရီလ ၂၃ ရက်နေ့က အလုပ် ရှင်မှ လုပ်အားခအပြည့်မပေးသည့်အတွက် မြန်မာအလုပ်သမား
၁၀၀ ကျော် ဆန္ဒပြခဲ့သည်။
|