|
သစ်ကားနှင့်
ခရီးသည်တင်ကားတိုက်မိ (၁၃)ဦးသေ အများအပြားဒဏ်ရာရ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မတ်လ ၁၇ ရက်၊ ၂၀၁၀ ခုနှစ်။
ရှမ်းပြည်အရှေ့ပိုင်း
တာချီလိတ် ကျိုင်းတုံကားလမ်းတွင် ယမန်နေ့က သစ်တင်ကားနှင့် ခရီးသည်တင်ကားတိုက်
မိပြီး (၁၃)ဦးသေဆုံး၍ အများအပြားဒဏ်ရာရခဲ့သည်။
တာချီလိတ်မြို့မှ နံနက်
(၈)နာရီခန့်က ထွက်သွားသည့် ရွှေရေကန် ကားလိုင်းမှ ခရီးသည်တင် ဘတ်စ်ကားအား
သစ်တင်ဆောင်ထားသည့် (၁၀)ဘီးကားက ဘရိတ်ပေါက်ပြီး နောက်မှ ၀င်တိုက်ခဲ့သည်ဟု
တာချီလိတ် မြို့ခံ တစ်ဦးက ယခုလိုပြောသည်။
“နောက်က ဆယ်ဘီးကားက
ဘရိတ်ပေါက်ပြီးမှ ရှေ့ကခရီးသည်တင်ဘတ်စ်ကားကို ၀င်ဆောင့် လိုက်
တာ။သစ်ကားဒရိုင်ဘာနဲ့ စပယ်ယာတော့ ပွဲချင်းပြီးပဲ။ အခုပြန်ကြားရတာ သေတာက (၁၃)
ယောက်၊ ဒဏ်ရာရတာ လေးဆယ်ကျော်တယ်။”
ဒဏ်ရာရသူ လေးဆယ်ကျော်အနက်
ခရီးသည် (၂၀) ခန့်မှာ စိုးရိမ်ရပြီး ကျိုင်းတုံဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ်
ကုသမှုခံနေရသည်။
ကျိုင်းတုံနှင့်
ဆယ်မိုင်ခန့်အကွာ ပန်ကွဲတောင်အဆင်း၌ ယာဉ်မောင်းဦးကြည်မောင် မောင်းနှင်သည့်
ကားနံပါတ် ၉(ခ)/၆၀၆၀ ဘတ်စ်ကားအား ယာဉ်မောင်းကျော်နိုင်ထွန်း မောင်းနှင်သည့်
သစ်တင်ကား နံပါတ် ၅(ခ)/၃၉၇၇ က တောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး
ဝင်တိုက်မိခြင်းဖြစ်သည်။
|