|
အာဏာပိုင်များကပ်လှူသောဆွမ်းကို
သံဃာများငြင်းပယ်
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၇ ရက်၊
၂၀၀၇ ခုနှစ်။
မန္တလေးတိုင်း
မြင်းခြံမြို့တွင်
အာဏာပိုင်များကပ်လှူသော
ယမန်နေ့နံနက်အာရုံဆွမ်းကို
သံဃာတော်များ ဆွမ်း
ဘုံးမပေးပဲ ငြင်းပယ်ခဲ့ကြသည်။
မြင်းခြံမြို့နယ်
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက
ဦးဆောင်ပြီး
ကိုးဆောင်ကျောင်းတိုက်တွင် ယမန်နေ့
ဆွမ်းကပ်
လှူ
ဒါန်းရာ
သံဃာတော်အပါး ၃၅၀ အတွက် ပြင်ဆင်ထားသော်လည်း အပါး ၅၀ သာ
ကြွရောက်
ဆွမ်းစားကြ
ကြောင်း
ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။
“အဲဒါကတော့
ဟုတ်ပါတယ်။
ဆွမ်းကပ်တာကတော့ ခ၀တ၊
မ၀တ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ပေါ့လေ။
အဲဒီ အဖွဲ့ကပါပဲ။
အပါးသုံးရာလောက်ကတော့ မစားဘူး၊
မလာဘူး။
ငါးဆယ်လောက်ပဲ ရှိပါတယ်။
”
ယခုလ ၅
ရက်နေ့
ပခုက္ကူမြို့တွင်
သံဃာတော် အပါး ၅၀၀ ကျော် စီတန်းလှည့်လည်ကြွချီပြီး
ဆုတောင်း မေတ္တာ
ပို့သသည်ကို
အာဏာပိုင်များက
သေနတ်ဖြင့် ပစ်ဖောက်တားဆီးပြီး
အကြမ်းဖက်သည့်နည်းဖြင့်
သံဃာတော်
များကို
ကြိုးကွင်းဖြင့်
ပစ်ဖမ်းမှု၊
ဓာတ်တိုင်တွင် တုပ်နှောင်၍
ရိုက်နှက်မှု၊
သင်္ကန်းအတင်းချွတ်ပြီး
ဖမ်းဆီးချုပ်
နှောင်မှုများကို
ကျူးလွန်ခဲ့ခြင်းကြောင့်
ကံအကျိုးကို ပေးဆပ်ရမည်ဟု သံဃာတော်တပါးက မိန့်သည်။
“သံဃာ
စော်ကားတာဆိုတော့လည်း
ဒကာကြီးရယ်
လောကက ကိုယ်ကိုးကွယ် ဆည်းကပ်နေတဲ့ ဒီ
သံဃာကို
စော်ကားတာဆိုတော့ ဘယ်ကောင်းပါ့မတုံး။
လောကလည်းမကောင်း၊
သံသရာလည်းမ
ကောင်း၊
လူကြားလို့လည်းမကောင်း။
ဟုတ်လား။
ပစ္စုပ္ပန်
သံသရာ နှစ်ဖြာလုံး မကောင်းတဲ့အလုပ်။
ရှက်လည်းရှက်စရာကောင်းသေး။
ယိုသူမရှက် မြင်သူရှက် ဆိုသလိုပါပဲ။
ဒါကတော့ မလုပ်သင့်ပါဘူး။
မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်တော့လည်း သူ့ထိုက်သင့်အားလျှော်စွာ
လုပ်တဲ့ ကံကတော့ ပေးရမှာပေါ့။”
ဟု မိန့်ကြားသည်။
ပခုက္ကူ
သံဃာတော်အပေါ် အကြမ်းဖက်
ကျူးလွန်ခဲ့မှုကြောင့်
စစ်အစိုးရအား သံဃာတော်ကို ၀န်ချတောင်းပန်ရန် သံဃာအဖွဲ့များ
စုပေါင်းထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က
ယနေ့
၁၇ ရက်နေ့တွင်
နောက်
ဆုံးထား ၀န်ချတောင်းပန်ရန်
တောင်းဆိုခဲ့ပြီး
မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန
ကံဆောင် သပိတ်မှောက်မည်ဟု ကြေ
ညာချက်
ထုတ်ပြန်ထားသည်။
ရန်ကုန်၊
မႏႊၽေလး၊
ပခုကၠဴ၊
မြင်းခြံနှင့်
သာယာဝတီရှိ ဘုန်းတော်ကြီးများက
သပိတ်မှောက်ကံဆောင်ရာတွင် ပါဝင်ကြမည်ဟု
အတည်ပြုပြောဆိုကြသည်။
အခြား အတည်မပြုနိုင်သေးသော မြို့များမှ
သံဃာတော်များ လည်း ပါဝင်ကြမည်ဟု
ရဟန်းပျိုသမဂ္ဂမှ
ပြောရေးဆိုခွင့်ရှိသူ ဆရာတော်က မိန့်ကြားသည်။
|