|
ကျောက်ပန်းတောင်းတွင် ရာနှင့် ချီသော သံဃာတော်များ ကြွချီ ဆန္ဒပြ
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၀၇ ခုနှစ်။
ကျောက်ပန်းတောင်းမြို့ သံဃာတော် ၇၀၀ ခန့်
မြို့တွင်းသို့ ယနေ့နံနက်တွင် စီတန်းကြွချီပြီး အစိုးရအား လမ်း လျှောက်ဆန္ဒပြကာ
မေတ္တာပို့ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။
ယနေ့နံ ၅ နာရီခွဲခန့်တွင် ခေမာသီဝံ
ကျောင်းတိုက်မှ ဦးဆောင်ပြီး စီတန်းကြွရင်း မေတ္တာပို့ကြခြင်းဖြစ်သည်ဟု
ဆန္ဒပြရာတွင် ပါဝင်သည့် ကျောက်ပန်းတောင်း ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။
“မနက်က
သာသနာ့ပါလ ဆွမ်းလောင်းအသင်း ကြွတော့ သံဃာတော်တွေ စုံတဲ့အချိန်ပေါ့။ အဲဒီ
သံဃာတွေ စုံတဲ့အချိန်မှာ ဦးဇင်းတို့က စေတီကြီးဘုရားသွားပြီးတော့
မေတ္တာသုတ်ကိုးခေါက်၊ မောရ သုတ် ကိုးခေါက် ရွတ်ဖတ်သရစ္ဖျယ်ပြီး ဘုရားပတ်ပြီးတော့
မြို့ထဲကို နှစ်တန်းတန်းပြီးတော့ ကြွပြီး တော့ မေတ္တာသုတ်ပရိတ်ပဲ ရွတ်ဖတ်
သရစ္ဖျယ်ပြီးတော့ မြို့ထဲကို လှည့်လည်ပါတယ်။ ”
လမ်းလျှောက်ကြွချီရင်း မေတ္တာပို့ ဆုတောင်းမှုကို
တစ်နာရီခွဲကျော်ကြာ ပြုလုပ်ကြပြီး မြို့ခံ ဒကာ၊ ဒကာမ များက ၀မ်းမြောက်ဝမ်းသာ
အားပေးခဲ့ကြသည်။
လမ်းလျှောက်ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို ယင်း
ရဟန်းတော်ကပင် ယခုလို ဆက်လက် မိန့်ကြားသည်။
“အဲဒီ
ရည်ရွယ်ချက်ကတော့ ဒကာကြီး လေးချက်လောက် ရှိပါတယ်။
“နံပါတ်တစ်အချက် ကတော့ ပခုက္ကူမှာ ဖြစ်သွားတဲ့ ကိစ္စကို အကြောင်းပြုပြီးတော့
သံဃာတော်ကို ညှင်းပမ်းတဲ့ ကိစ္စကို ဒီမှာရှိနေတဲ့ သံဃာထုကနေပြီးတော့ တကယ့်ကိုပဲ
ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။”
“နံပါတ်နှစ်အချက်ကတော့ ဒီလိုမျိုး ပြစ်မှုကို ကျူးလွန်တဲ့ ပုဂ္ဂိုလ် တွေပေါ့လေ၊
နိုင်ငံတော် အစိုးရ အာ ဏာပိုင်အဖွဲ့အစည်းတွေ သံဃာတော် ညှင်းပမ်းတဲ့
ကိစ္စနဲ့ပတ်သက်ပြီးတော့ တကယ့်ကို လူသိရှင် ကြား သံဃာထု ပရိဿတ်ကို
ဝန်ချတောင်းပန်ဖို့ပေါ့။ ”
“နံပါတ်သုံးအချက်ကတော့ တကယ့်ကို အခက်အခဲ အကြပ်အတည်းတွေ့နေရတဲ့ ဒကာ၊ ဒကာမတွေ၊
ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှုရောက်နေတဲ့ ဒကာ၊ ဒကာမ တွေ ကိုယ်စိတ်နှစ်ပါး
အေးချမ်းအောင် အခက် အခဲတွေမှ လွန်မြောက်အောင် အဲဒီရည်ရွယ်ချက်လည်းပါတယ်။ ”
“နံပါတ်လေးအချက်ကတော့ သံဃသမဂ္ဂီအဖွဲ့ကနေပြီးတော့ ပတ္တနိက္ကုဇ္ဖနကံပြုမယ်
ဆိုပြီးတော့ သူ တို့ ကြေညာထားတာ ရှိတယ်။ အဲဒါ ဒီနေ့ဖြစ်နေတဲ့ အတွက်ကြောင့်
အကယ်၍ အဲဒီကနေပြီးတော့ ပတ္တနိက္ကုဇ္ဖနကံ ပြုတယ်ဆိုလို့ ရှိရင် အဲဒီ အဲဒီကံအတွက်
ဦးဇင်းတို့ အပြည့်အ၀ ထောက်ခံတယ် ဆိုတဲ့အကြောင်း သံဃာထု ပရိဿတ်ကနေပြီး တော့
ဒါဟာ ဆန္ဒပြုလိုက်တာပါပဲ ဒကာကြီး။”
မြန်မာပြည်တွင်းရှိ ပြည်သူလူထုဖြစ်သည့် ဒကာ၊
ဒကာမ များသည် ရဟန်းသံဃာများ သာသနာအကျိုးကို သယ် ပိုးနိုင်ရန် ပစ္စည်းလေးပါး
အစရှိသည့် အလှူဒါနများကို ပြုလုပ် သဖြင့် ၄င်းတို့ ကျေးဇူးထောက်ထားသော အား
ဖြင့် ၄င်းတို့၏ ဆန္ဒကို လိုက်လျောသည့် အနေဖြင့် ပြည်တွင်းပြည်ပရှိ
သံဃာတော်များအနေနှင့် မေတ္တာပွား များပြီး လမ်းလျှောက် ရန်၊ လမ်းလျှောက်ပြီး
မိမိ၏ ဆန္ဒကို ထုတ်ဖော်ပြောကြားရန် သံဃာ့သမဂ္ဂီအဖွဲ့ တောင်း ဆိုချက်များ အပေါ်
သံဃာထုအနေဖြင့် လက်ခံပြီး ဆန္ဒများ တညီတညွှတ်ထဲ ဖြစ်ရန် ဆန္ဒပြ သံဃာတော်တပါး က
တိုက်တွန်းသည်။
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြပွဲကို ဒေသခံ
အာဏာပိုင်၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့ က တစုံတရာ အ နှောက်အယှက်ပေးခြင်း
မရှိခဲ့သော်လည်း ကြွချီရာ လမ်းတလျှောက်တွင် နောက်မှနေစောင့်ကြည့်ခြင်း၊ ကျောင်း
တိုက်သို့ ပြန်ကြွရာတွင်လည်း ကျောင်းနားအထိ လိုက်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်။
ယခုလ ၅ ရက်နေ့ ပခုက္ကူ ရဟန်းသံဃာတော်များအပေါ်
အကြမ်းဖက် ကျူးလွန်ခဲ့သည့် ပြစ်မှုကို သံဃာတော် များ စုပေါင်း ဖွဲ့စည်းထားသည့်
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ ချုပ်က စစ်အစိုးရအား တနိုင်ငံလုံး
လူသိရှင် ကြား ယနေ့ ၁၇ ရက်နေ့တွင် နောက်ဆုံးထားပြီး ၀န်ချတောင်းပန်ရန်
တောင်းဆိုခဲ့ပြီး လိုက်နာခြင်းမပြုပါက ပတ္တနိက္ကဇ္ဖန ကံဆောင်သည့်အနေဖြင့်
အာဏာပိုင်များကို သပိတ်မှောက်မည်ဟု ကြေညာထားသည်။
|