|
တရုတ် နယ်စပ်၌ မြန်မာငွေဈေးများ ကျဆင်း၍
ကုန်သည်များနစ်နာနေ
သတင်းနှင့်မီဒီယာကွန်ယက်။
နိုဝင်ဘာလ ၁၇
ရက်၊ ၂၀၀၈
ခုနှစ်။
ယခုရက်ပိုင်းအတွင်း တရုတ်-မြန်မာနယ်စပ်တွင်
ကျပ်ငွေတန်ဖိုး နိမ့်ကျနေမှုကြောင့် မြန်မာကုန်သည်များ နစ်နာ
နေရသည်ဟု နယ်စပ်ရှိ
ကုန်သည်ကြီးများအသင်း၏ ဦးဆောင် အဖွဲ့ဝင်တဦးက
ပြောသည်။
ယခင်က မြန်မာငွေ
ကျပ်တစ်ထောင်လျှင် တရုတ်ငွေ ၆ယွန်ရှိရာမှ ယခု ၅.၂၅ ယွန် ဈေးသာရှိတော့သဖြင့်
ငွေလှဲနှုန်း
အရ
ကျပ်တစ်ထောင်လျှင် ၁၅၀ ကျပ်ခန့်
နစ်နာကြောင်း
၎င်းက
ယခုလို ပြောသည်။
"
အခုက ကျနော်တို့က
ဒီမှာတစ်လကျော်လောက်ရှိပြီပေါ့နော်။ အဲ ၆ယွန်နဲ့ ၅ယွန်ကြား ထဲမှာ ကစားတာလေ
ငွေဈေးကတော့၊ အခုကတော့ ၅၂၅ ပေါ့။ ၅ ကျပ်နဲ့ ၂၅ ပြားဆိုရင် မြန်မာငွေ
တစ်ထောင်ရတာပေါ့။ ဟိုတုန်းကတော့ ၆ ကျပ် ၅၈၊ ၅၇ အဲလိုလေးတွေ ဖြစ်တယ်။ ၅နဲ့၆
ကြားထဲမှာ ကစားတာ ဒါပေမယ့်
အရောင်းအ၀ယ်ကတော့ ပါးပါတယ်။ ဒီဘက်မှာ အနည်းဆုံးမြန်မာငွေ ဥပမာ ဟိုတုန်းက
ခြောက်ယွန်ပေးလိုက်ရင် မြန်မာငွေ တစ်ထောင်လေ။
အဲအခုကတော့ ၅၂၅
ဆိုရင် မြန်မာငွေ ၁၅၀ လောက်တော့ နစ်နာတာပေါ့။"
တရုတ်ပြည်
အိုလံပစ်ပွဲတော်ကာလအတွင်း၌ နှစ်နိုင်ငံဝင်ထွက်သွားလာရေးကိစ္စများ ခက်ခဲ၍
မြန်မာကုန်ပစ္စည်း
များ တရုတ်ပြည်သို့တင်သွင်းမှု
နည်းပါးချိန်မှစ၍
ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
"လုပ်ငန်းကိုင်ငန်းအရ
ဒီမှာအရောင်းအ၀ယ် နည်းနည်းပါးတယ်လေ။ ပါးတယ်ဆိုတာ ကျနော်တို့ကြား
ထဲမှာ
အိုလံပစ်တစ်ခုဖြစ်သွားတယ်။ တရုတ်ပြည်မှာလေ၊
အဲဒီ အိုလံပစ်မှာလဲ ဒီကကုန်သည်တွေက ပြည်ကြီးမှာ
သွားရောင်းလို့မရဘူး အရောင်းအ၀ယ်သွား လုပ်လို့မရဘူးလေ။ လတ်တလောမှာ အမေရိ
ကန်ကဘဏ်
ကိစ္စတစ်ခုပေါ်လာတယ်လေ ပေါ်လာတဲ့ အခါကျတော့ ပစ္စည်းတွေက မ၀ယ်ကြတော့ဘူး
လေ"
တားမြစ်ထားသည့် ကုန်ပစ္စည်းများမှလွဲ၍ ပို့ကုန်၊ သွင်းကုန်များကို နှစ်နိုင်ငံ
လွတ်လပ်စွာ
ကူးသန်းရောင်းဝယ်ခွင့် ရှိသော်လည်း
မြန်မာကုန်သည်များအနေဖြင့် ၀ယ်ဈေးနှင့် ရောင်းဈေး ကိုက်ညီမှု မရှိသည့်အတွက်
အခက်ကြုံ
နေကြသည်။
ငွေလဲနှုန်းကျဆင်းနေခြင်းသည်
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာစီးပွားရေး ကျဆင်းမှုနှင့် ဆက်စပ်၍ တရုတ်နိုင်ငံဘက်မှ
ကုန်ဝယ်လိုအား ကျဆင်းမှုကြောင့်ဖြစ်ကြောင်း နယ်စပ်ငွေကြေးဈေးကွက်
လေ့လာသူ တစ်ဦးက
သုံးသပ်သည်။
|