|
မဲဆောက်တွင် ရွှေတွေ့
မြန်မာအလုပ်သမားများ သောင်းချီလာရောက် ရှာဖွေ
နွယ်လေး။
နိုဝင်ဘာလ ၁၇ ရက် ၊ ၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့လယ်တွင် ရွှေတွေ့ရှိသဖြင့် မြန်မာအလုပ်သမား
အပါအ၀င် လူပေါင်း သောင်း
ချီလာရောက်
ရှာဖွေ တူးဖော်နေကြသည်။
နိုဝင်ဘာလ ၁၅ရက်နေ့က ဟုံလုံကုန်တိုက်
သူဌေးပိုင် မြေကွက်အတွက် အဆောက် အဦသစ်
ဆောက်လုပ်ရန် သယ်လာသည့်
မြေကြီးတွင်
မြန်မာအလုပ်သမား တစ်ဦးမှ စတင် ရွှေတွေ့ရှိခြင်း ဖြစ်သည်။
ယင်းမြေနေရာတွင်
လာရောက်ရွှေကျင်သူများမှာ မဲဆောက်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ် သမားများဖြစ်သည့်
ဆောက်လုပ်ရေးသမားများ၊
စက်ရုံအလုပ်ရုံမှ အလုပ်သမားများ၊ ဈေးသည်၊ ကျပန်း အလုပ်သမား တစ်သောင်း
ကျော်ခန့်နှင့်
ထိုင်းလူမျိုး နှစ်ထောင်
ဝန်းကျင်ခန့်ရှိသည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ဦးမိုးကြိုး က ပြောသည်။
မဲဆောက်မြို့လယ်ရှိ
ဝပ်ချုန်မ်ဖူဘုရားအနီးရှိ
ရွမ့်ကျွိုင်းရပ်ကွက်
ဟုံလုံကုန်တိုက် သူဌေးပိုင် (၁၀)ဧကခန့် ကျယ်
ဝန်းသည့်
ခြံတွင် အဆောက်အဦသစ်အတွက်
မြေဖို့ရန်
မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်း တပ်မဟာဂိတ်အနီး ၀မ်စကင်းကျေးရွာ
ဘက်မှ သယ်လာသည့် မြေကြီးတွင်
တွေ့ရှိသည်ဟု ၎င်းက ပြောသည်။
"၀မ်စကင်း
ကသယ်လာတဲ့ မြေထဲမှာ ရွှေပါပုံရတယ်။ အဲဒါအလုပ်သမား တစ်ယောက်က
ဟိုတူးဒီဆွနဲ့
ရွှေရသွားတယ်။
နောက်ထပ်လဲ ထပ်ရတယ်။ အဲလိုတွေ့ပြီး
၁၅ရက်နေ့
တနေ့လုံး ညအထိ မြန်မာ
တွေရော
ထိုင်းတွေရော အကုန်လုံး သံတူးရွင်းတွေ၊ ဓါးတွေ၊ ပေါက်တူးတွေနဲ့ ကိုယ်စီ
ရွှေရှာတဲ့ လုပ်
ငန်းကို
မြန်းကြတာပဲ။ အရင်ရက်ဆိုတထောင်ရတဲ့ သူလဲရှိတယ်။
နှစ်ထောင်ရတဲ့သူလဲရှိတယ်။ အခု တော့
အလုအယက်တူးတာဆိုတော့ လူအရေတွက် များတာနဲ့ သိပ်မရကြတော့ဘူး။"
ဟု ဦးမိုးကြိုး က ပြောသည်။
မဲဆောက် ကျောက်ပွဲစားများက
ကျင်ယူရရှိသည့် ရွှေများကို တစ်ကီလိုလျှင် ဘတ်ငွေ
တစ်ထောင်၊
နှစ်ထောင်ထိ
ပေးဝယ်ခဲ့ကြသော်လည်း
မဲဆောက်မြို့ ပန်းတိမ်ဆိုင်များ
စမ်းသပ်စစ်ဆေးချက်အရ ရွှေမဟုတ်ကြောင်း မဲ
ဆောက် ဒေသခံတစ်ဦးက ပြောသည်။
"ကျနော့်ဆီမှာ
အဲအတုံးလေးတော့ ရှိနေတယ်။ သူက ရွှေရောင်လေးလို လက်နေတော့ လူတွေက ရွှေပါတယ်ဆိုပြီး
လုပ်ကြတာပေါ့။ အဲဒါ မနေ့က ပန်းတိမ်ဆိုင်မှာ စမ်းသပ် ခွဲကြည့်တော့ သူတို့
မီးရှို့
တဲ့အခါ သတ္တုက
ကွဲထွက်မလာဘူး။ သူ့မှာ ကန့်ပါတော့ တအား မီးလောင်လွယ်ပြီး ပြာကျသွား
တယ်တဲ့။
ဘာရွှေမှ ကျန်မလာဘူး။ ရွှေမဟုတ်ဘူးလို့ ပန်းတိမ်ဆိုင် က ပြောတယ်။ ဒါပေမယ့် ကျနော်
တို့ ဓါတ်ခွဲခန်းမှာ
ခွဲမှသေချာသိမယ်။ ရိုးရိုးပန်းတိမ်ဆိုင် တစ်ခုအနေနဲ့ ရွှေပြန်ပြီး
ထုတ်ဖို့မရှိဘူး။ ဒီနေ့တော့
တော်တော်ငြိမ် သွားပါပြီ။"
ရွှေကျင်ရာ ဧရိယာတွင် မဲဆောက်
တာဝန်ရှိ ရဲများမှ ကားနှင့် လာရောက်လှည့်ပတ် ကြည့်ရှု့နေသော်လည်း ရွှေကျင်သူများကို
စစ်ဆေးမေးမြန်းခြင်း၊
ဟန့်တားပိတ်ပင်ခြင်းများ မရှိသကဲ့သို့ မြေပိုင်ရှင် သူဌေးလည်း ဟန့်
တားပိတ်ပင်ခြင်း
မရှိဟု ရွှေကျင်သူများ က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့်
မဲဆောက်မြို့တွင် ယခုကဲ့သို့ ရွှေတွေ့သည်ဆိုခြင်းသည်
ပတမဆုံးအကြိမ် ဖြစ်
သည်။
|