|
မြန်မာနယ်စပ်အနီး တရုတ်လေယာဉ်ကွင်းသစ်ဖွင့်လှစ်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဖေဖေါ်ဝါရီလ ၁၈ရက်၊ ၂၀၀၉ ခုနှစ်။
တရုတ်-မြန်မာနယ်စပ်
ကချင်ပြည်နယ်၊ ပန်ဝါတဖက်ကမ်း တရုတ်ပြည်၊ ထိန်ချုန်းမြို့တွင် ပြည်တွင်း လေယာဉ်
များဆင်းတက်နိုင်သည့် လေယာဉ်ကွင်းသစ်ကို ယခုလ ၁၆ ရက်မှ ၁၈ ရက်အထိ ဖွင့်ပွဲ
ပြုလုပ်ခဲ့သည်။
တရုတ်ပြည်မကြီးမှ
တရုတ်ခရီးသွားဧည့်သည်များသာမက နိုင်ငံခြားသားများပါ လာရောက်နေကြသည်ဟု ခရီးသွား
အေဂျင်စီမှ ၀န်ထမ်းတဦးက ပြောသည်။
အခုလည်း
တရုတ်ပြည်မထဲကဧည့်သည်တွေ လာကြတယ်။ ဒီနေ့ဆို ဆယ်ယောက် လောက်ရှိမယ့်
ဂျာမန်တဖွဲ့လာတယ်။ လေယာဉ်က အကြမ်းဖျဉ်း တနေ့သုံးကြိမ် ဆင်းတယ်။ စီချွမ်းပြည်နယ်
မြို့တော် ချင်တူး၊ ယူနန်ပြည်နယ် မြို့တော် ခွန်မင်းနဲ့ ထိန်းချုန်း သွားတာ။
စစ်ဘက်သုံး၊ အရပ်သုံး လေယာဉ်ကွင်းအနေနဲ့ ဆောက်တာလို့ ပြောကြတယ်။ ဖွင့်ပွဲက
(၁၆)(၁၇)(၁၈) သုံးရက် လုပ်တယ်၊ ပီးကင်က အဆိုတော်တွေလည်း လာတယ်။
ထိန်ချုန်းဒေသတွင်
မီးတောင်ဟောင်းများ၊ ရေပူစမ်းများရှိသကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ
အဆောက် အဦးနှင့် တရုတ်ပြည်သမိုင်းအမွေအနှစ်များရှိသဖြင့် ပြည်တွင်းခရီးသည်များ
နှစ်စဉ်သိန်းချီ လာရောက် လည်ပတ်သည့် နေရာဖြစ်သည်ဟု အဆိုပါ အေဂျင်စီဝန်ထမ်းက
ပြောသည်။
The most attractive
award 2005
ခုနှစ်မှာ CCTV
ကရထားတဲ့ ရွာလည်း ရှိတယ်။ Heshun ဆိုတဲ့ရွာပေါ့။ တခါလာရင် တရုတ်ငွေ
(၈၀)ယွမ်ပေးရတယ်။ ၁၉၂၈ ကတည်းက ဆောက်လုပ် ခဲ့တဲ့ စာကြည့်တိုက်လည်းရှိတယ်။ အဲဒါ
ယဉ်ကျေးမှု တော်လှန်ရေးကာလမှာတောင် ဖျက်ဆီး မခံခဲ့ရဘဲ ထိမ်းသိမ်းထားခဲ့တဲ့
စာကြည့်တိုက်ဘဲ။ ဒီမှာ ရှေးအကျဆုံးလို့ဆိုနိုင်တယ်။ စာရေးဆရာ သိန်းဖေမြင့် ရဲ့
ဝတ္တုကို တရုတ်လိုဘာသာပြန်ထားတဲ့ စာအုပ်တောင်ရှိတယ်။
ထိန်ချုန်း-ပန်ဝါနယ်စပ်တွင် တရားဝင်နယ်စပ်ဖြတ်ကူးခွင့် လက်မှတ် ထုတ်ပေးပါက
ခရီးသွားများ ယခုထက်များပြားလာနိုင်သည်ဟု ခရီးသွားအေဂျင်စီက ပြောသည်။
ဗမာပြည်ဘက်က
ကျယ်ဂေါင်-မူဆယ်ထွက်ပေါက်တခုတည်းကိုဘဲ Border pass လုပ်ခွင့် ပေးထား တယ်တဲ့။
တကယ်လို့သာ ဒီဘက်ကနေ အ၀င်/ထွက်လုပ်နိုင်ရင်တော့ နှစ်ဘက် အကျိုး ရှိနိုင်တာပေါ့။
တချို့ ဒီကနေ မြစ်ကြီးနားဘက် သွားချင်ကြတဲ့သူတွေလည်း ရှိတာဘဲ။ ကျယ်ဂေါင်ကနေသာ
ထွက် ခွင့်ပေးလို့ လမ်းကြောင်းမတိုက်တာတွေလည်း ရှိတာပေါ့။
ယခု လောလောဆယ်တွင်
တရုတ်-မြန်မာနယ်စပ်ကို မူဆယ်-ရွှေလီ နယ်စပ်တခုသာ တရားဝင် နယ်စပ်ဖြတ်ကူး လက်မှတ်
ထုတ်ပေး၍ ကူးသန်းခွင့်ပေးထားသည်။
တရုတ်-မြန်မာနယ်စပ်
ထိန်ချုန်းသို့ ရောက်ရှိလာသည့် တရုတ်ဧည့်သည်များကို မြန်မာပြည်ဘက် ဆက်လက်
ခရီးသွားနိုင်အောင် ထိန်ချုန်းမြို့တော်ဝန်က မြစ်ကြီးနားသို့ သွားရောက်ပြီး
မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှု များ ရှိသော်လည်း အဆင်မပြေသေးကြောင်း
သိရသည်။
|