ရှမ်းပြည်တောင်ပိုင်းတွင် ဒေသခံတပ်မှူးက မဲရုံမှူးများကို အတင်းအကျပ် ခန်အပ်

ခွန်အောင်မြတ်
မတ်လ ၁၈ ရက်
၂၀၀၈ ခုနှစ်

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မိုနယ်ရှိ ကျေးရွာအုပ်စုတိုင်းတွင် လူထုဆနခံယူပွဲအတွက် မဲရုံဖွင့်လှစ်ရန် ဒေသ ခံတပ်ရင်းမှူးက မဲရုံတရုံတွင် ကော်မရှင်အဖွဲဝင် (၂၅) ဦးစီ အတင်းအကျပ် ရွေးချယ်ခဲ့သည်ဟု ယင်းဒေသတွင် လပ်ရှားနေသည့် ပအိုဝ်းလက်နက် ကိုင်အဖွဲ့၏ နိုင်ငံရေးတာဝန်ခံက ပြောသည်

မောက်မယ်အခြေစိုက် တပ်ရင်း ၁၃၂ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကီး ရဲထွန်းနိုင်က မဲရုံစောင့်ရန်အတွက် မူလ တန်းအောင်ထားသူများကို စာရင်းသွင်းကရန် ယခုလ ၁၆ ရက်နေက စေခိုင်းခဲ့ခြင်းဖြစ်သည် သိုသော် ကျေးရွာ လူထုက စာရင်းမသွင်း ၄င်း ကိုယ်တိုင် စိတ်ကိုက် ရွေးချယ်ခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့၏ နိုင်ငံရေးနှင့် စီးပွားရေး တာဝန်ခံ ဗိုလ်မှူး ခွန်အုန်းမောင်က ပြောသည်

သူတိုစိတ်ကိုက်ရွေးချယ်တယ်ဆိုတာကတော့ သူတိုစိတ်ထင် လုပ်နိုင်တဲ့လူတွေပေါ့အဲလိုမျိုးကို ရွေးချယ်ထားတာ ဒါပေမယ့် အရွေးခံရတဲ့ လူတွေကလည်း လုပ်ချင်စိတ် မရှိဘူး ရှင်းရှင်းပြော ရင် တော့ သူတိုပြောထားတာ ဥပမာ ဒီသူတို အုပ်စုထဲကနေ ကန်ကွက်မဲ ပါလာမယ်ဆိုလိုရှိရင် အဲဒီ (၂၅) ယောက်က အပြစ်ထိမယ်ပေါ့်ခံရမယ်ပေါ့ နာမယ် အဲလိုမျိုး သူတိုပြောထားတာပေါ့ အဲဒါ ဘယ်သူမှ မလုပ်ချင်ကဘူး သူတိုက အတင်းခန်ထားတဲ့ သဘောမျိုးပေါ့။”

မောက်မယ်မိုတွင် ကျေးရွာအုပ်စု ၁၈ စု ရှိပီး ဆနခံယူပွဲအတွက် မဲရုံ (၁၈)ရုံ ဖွင့်လှစ်မည်ဖြစ်သည် မဲရုံ ကော်မရှင် စာရင်းကို လာမည့် တပ်မတော်နေ မတိုင်မီ အရှေပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို အရောက် ပိုပေးရမည်ဟု တပ်ရင်း ၁၃၂ တပ်ရင်းမှူးက အမိန်ထုတ်ထားသည်

ဒေသခံများသည် မြန်မာစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲစည်းပုံအခြေခံဥပဒေမူကမ်း အကောင်းကို နားမလည်ကသလို ယခင် လူထုဆနကောက်ခံပွဲများတွင်လည်း မဲထည့်ဖူးခြင်း မရှိဟု ဗိုလ်မှူး ခွန်အုန်းမောင်က ပြောသည်

ဒီ ဖွဲစည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းကိုလူထုတွေက မသိသေးဘူး ဒီမဲပေးမယ် ဘာညာဆိုတာ က အဲဒီဒေသခံတွေက အတွေကုံကို မရှိဖူးတာ ဥပမာ ၇၄ တုန်းက ဆိုရင်လည်း အဲဒီဒေသက အနက်ရောင် နယ်မြေဆိုပီးတော့မှ မဲမပေးရဘူး အဲဒီ ဒေသ မဲမရဘူး အဲလိုအနေအထားဆိုတော့ အခုက လူထု ဆနခံယူပွဲ ဆိုတော့ လူထုက အခြေအနေကို တိတိကျကျ ဘာမှန်းကို မသိကသေးဘူး သူတိုက လိုက်လုပ်တဲ့ အနေအထား လိုက်ပြောတဲ့အနေအထား အဲလောက်ပဲ ရှိသေးတယ် သူတိုက ဘာမဲပေးမယိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်။”

မောက်မယ်မိုနယ်ရှိ ဟိုနမ်း ပန်းသာ ကဒူးကီး နားဟီး ဘန်းမ နားမွန်း စသည့် ကျေးရွာအုပ်စု ၁၈ အုပ်စုရှိပီး ပအိုဝ်း ရှမ်းနှင့် ကယား(ကရင်နီ)လူမျိုးများ အများစု နေထိုင်ကသည် ယင်းဒေသသည် ယခင်က အနက်ရောင် နယ်မြေအဖြစ် သတ်မှတ်ထားကပီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ခွင့် မရရှိခဲ့ပေ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားများနေထိုင်ရာ ဒေသများတွင်  ပြည်ထောင်စု ကံခိုင်ဖွံ့ဖြိုးရေးအသင်း နှင့် ဒေသခံ အာာပိုင်များက အသက် ၁၈ နှစ်ပြည့်သူတိုင်း မှတ်ပုံတင် ပြုလုပ်ပေးပီး ဆနခံယူပွဲတွင် ထောက် ခံမဲပေးကရန် စည်းရုံးလှုံဆော်နေသည် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ပအိုဝ်းအမျိုးသား အဖွဲ ချုပ် ဥကဌ ဗိုလ်မှူးအောင်ခမ်းထီသည် ရှမ်းပြည်နယ်  ပြည်ထောင်စု ကံခိုင်ဖွံ့ဖြိုးရေး အသင်း နာယက တဦး ဖြစ်သည်

မြန်မာစစ်အစိုးရက လာမည့် မေလတွင် အခြေခံဥပဒေကို အတည်ပြုမည့် လူထုဆနခံယူပွဲ ကျင်းပမည်ဟု ကေ ညာထားသော်လည်း ရက်အတိအကျထုတ်ပြန်ခြင်း မရှိသေးပေ

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။