|
မဲဆောက်လေပြင်းကြောင့်
မြန်မာရွှေ့ပြောင်းအလုပ်သမား (၂) ဦးသေ (၆) ဦးဒဏ်ရာရ
သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
မေလ ၁၈ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်
မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးသေ
ဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ယင်းလေပြင်းမှာ ယမန်နေ့ညနေပိုင်းတွင် တိုက်ခတ်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ
အပြင် သေဆုံးသူ ၂ ဦးရှိ
ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ရုံးတာဝန်ခံ ကိုမျိုးဇော် က ယခုလိုပြောသည်။
“လူတော့သေတယ်
လောလောဆယ်တော့ ၂ ယောက်သေတယ်လို့တော့ ကြားတယ်။ ဟိုဈေးထဲက
ပဲဗျ၊ ဈေးသည်ပဲ ဓါတ်ကြိုးပြတ်ကျပြီး ဓါတ်လိုက်ပြီးသေသွားတာ ၂ ယောက်။
နောက်ထပ်ကကျတော့ အဲ့ဒီ စက်ချုပ်ရုံတရုံကတော့ သစ်ပင်ပိပြီးတော့ ၆ ယောက်
ဆေးရုံတင်လိုက်ရတယ်။ တယောက်က
တော့
လက်ပြတ်သွားတယ်။”
မဲဆောက်ရှိ
ဈေးဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် ဆိုင်နာမည်အခေါ်အရ ဖိုးခွား အသက် ၁၉
နှစ်နှင့် ကိုထွေး အသက် ၂၇ နှစ် တို့မှာ မီးကြိုးပြတ်ကျရာမှ ဓါတ်လိုက်ပြီး
သေဆုံးခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ထို့အပြင် ဒဏ်ရာရသူ ၆ဦင်္းမှာ
JPR
စက်ချုပ်ရုံမှ
အလုပ်သမားများဖြစ်၍ ၎င်းတို့အား မဲဆောက်ဆေးရုံကြီး အရေး
ပေါ်ဌာနတွင်ဆေးကုသခံနေပြီး စိုးရိမ်ရသူများပါဝင်သည်ဟု
မဲဆောက်ရှိနာရေးကူညီမှုအသင်းမှ ကိုနောင်နောင်
က ယခုလိုပြောသည်။
“JPR
စက်ချုပ်ရုံပေါ်ကို စက်ရုံရဲ့
ပိတ်ဖြတ်တဲ့နေရာကို စိန်ပန်းပင်တပင်လုံးပြုတ်ကျတဲ့ အပေါ်ပိုင်း
ပေါ့နော်။
ပြုတ်ကျတဲ့အချိန်မှာ ၆ ယောက်ပေါ့နော် ဆေးရုံတင်ထားရတယ်။ အခုလက်ရှိဆေးရြုံ့ကီး အ
ရေးပေါ်ဌာနမှာပဲတင်ထားတယ်။
တချို့ကလက်ပြတ်သွားတဲ့သူရှိတယ်။ ခေါင်းကွဲတဲ့သူ တယောက်က
တော့
နဲနဲစိုးရိမ်ရတယ်။ သူကပိသွားတာမှ လုံးဝပိ
သွားတာ၊
လေးဘက်ထောက်ပြီးသွားရတဲ့ အခြေအ
နေမျိုးဖြစ်သွားတာ။”
သေဆုံးသွားသူ အလုပ်သမား ၂ ဦးအား ဈေးဆိုင်ပိုင်ရှင်မှ တာဝန်ယူခြင်းမရှိဟု
ကြားသိ ရပြီး ဒဏ်ရာရသူ စက်
ချုပ်ရုံမှ အလုပ်သမား ၆ ဦးအား
အလုပ်ရှင်ကကျန်းမာရေးစားရိတ်အားလုံး တာဝန်ယူသွားမည်ဟု ကိုနောင်နောင်
ကဆက်ပြောသည်။
လေပြင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ မဲဆောက်မြို့တွင်
အလုပ်လုပ်ကိုင် နေသော အလုပ်သမား
တဦးက ယခုလိုပြောသည်။
“အပျက်စီး
အလေအလွင့်တော့ တော်တော်လေးများတယ်။ ဓါတ်တိုင်တွေလဲတယ်။ သစ်ပင်တွေကျိုး
တယ်။
အိမ်တွေ သစ်ပင်တွေပျက်ဆီးကုန်တယ်လေ။”
ယခုကာလသည်
မြန်မာပြည်တွင်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေပြီး ယခုလ ၁ ရက် နေ့ကလည်း
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင်တိုက်ခတ်ခဲ့သည့်
လေပြင်းကြောင့်လူနေအဆောက်အဦများ၊ ဘုန်းကြီးကျောင်း
အချို့နှင့် စာသင်ကျောင်း တခုပျက်စီးခဲ့သည်။
|