|
ကေအဲန်ယူနှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်
ခွန်အောင်မြတ်။
ဇွန်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
ကရင်အမျိုးသား
အစည်းအရုံး (ကေအဲန်ယူ)၏ တပ်မဟာ၆နယ်မြေအတွင်းသို့ တိုးတက်သော ကရင် ဗုဒ္ဓဘာ
သာတပ်ဖွဲ့(ဒီအေဘီအေ)နှင့် စစ်အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင်လာ၍ ယနေ့နံနက်တွင်
တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ သည်ဟု ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ
အရာရှိတဦးကပြောသည်။
“နောက်ဆုံးအခြေအနေ
ဘာမှပြန်မလာသေးဘူး။ အကျအဆုံး အထိခိုက်ဒဏ်ရာ ဘာမှပြန်မလာ သေး ဘူး။ တိုက်ပွဲ
ဖြစ်တယ်ဆိုတာကိုပဲ သိရတယ်။ ကျနော်က မေးတာ ဘာမှမပြောပြသေး ဘူး။ နေရာမ ရှင်း
ရသေးဘူးလို့ ပြောတာ ပဲ။ ဆာဦးခီးလို့ခေါ်တယ်။ မနက် ၇ နာရီ မိနစ် ၂၀ လောက်ကနေ ၈
နာရီ လောက်အထိ တစ်နာရီနီးပါးလို့ပြောတယ်။”
ဟု ကေအဲန်ယူ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ ဗိုလ်မှူး စောလှငွေ က ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ
ဆာဦးခီးကျေးရွာသည် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ တောင်ဖက် မိုင် ၅၀
ကျော်အကွာ ဖြစ် ပြီး၊ ထိုင်းနိုင်ငံ နယ်စပ် ဖုတ်ဖရမြို့နှင့် ဆယ်မိုင် အကွာတွင်
ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့နှင့်
စစ်အစိုးရတပ်ဖွဲ့များက ကေအဲန်ယူ တပ်စခန်းကို တိုက်ခိုက်ရန်လာရောက်စဉ် ကေအဲန်
ယူ ဖက်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
“သူတို့က လာတယ်။
လာတော့ ဒီက ပြန်ပြီးတော့ ပစ်တဲ့သဘောပါ။ ဒီက ပြန်ပစ်တဲ့အခါကျတော့ ဟို ဖက်ကလည်း
သူတို့နောက်ကွယ်က နအဖ ကလည်းပဲ လက်နက်ကြီးတွေနဲ့ ဘာတွေနဲ့ အမြဲတမ်းအ ဆင်သင့်
ဆိုတဲ့ အခါကျတော့ သူပစ်ကိုယ်ပစ် ပစ်ပြီးတော့ ပစ်ကြပြီး သူတို့ အခွင့်မသာအတွက်
ပြန် ဆုတ်သွားတဲ့ သဘောပဲ။”
ယခုလ ၁၅ ရက်နေ့က
ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒီကေဘီအေဖက်မှ ၁၄ ဦး ကျဆုံးပြီး ကေအဲန်ယူဖက်မှ
တစ် ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
|