|
ချင်းမိုင်မှ ပြည်သူများ မြန်မာလေဘေးအတွက်
ပါဝင်လှုဒါန်း
နွယ်လေး။
ဇွန်လ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချုင်းမိုင်မြို့တွင် ရဟန္တာ အရှင်ဥပဂုတ္တ
အလှူဒါနပွဲတော် ကျင်းပပြီး ရရှိသည့် ၀တ္ထုငွေနှင့် အလှူပစ္စည်းများကို
မြန်မာပြည်မှ နာဂစ်လေဘေး ဒုက္ခသည်များကို ပြန်လည် လှုဒါန်းသွားမည်ဟု ပွဲတော်ကို
ဦးဆောင် ကျင်းပသည့် အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယင်းပွဲတော်ကို
မဲခေါင်မြစ်ဝှမ်းဒေသ
ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းမှ
ဦးဆောင်ကျင်းပ ခဲ့ကာ
နာဂစ်လေဘေး
ရံပုံငွေအတွက် ထိုင်းနိုင်ငံမှ
နာမည်ကြီး
လန်းနား
တေးဂီတအဖွဲ့ နှင့်
ရှမ်းလူငယ်
ဆိုင်ပိုင်း တေးဂီတအဖွဲ့တို့က ချင်းမိုင်မြို့
ထားဖယ်ဂိတ်တွင် ယမန်နေ့ည က ကျင်းပခဲ့ခြင်းဖြစ်သည်။
"ကျမတို့နိုင်ငံ
ဆူနာမီရေဘေးနဲ့ ရင်ဆိုင်ခဲ့ရတုန်းက အခက်ခဲတွေကို ခုမြန်မာလူမျိုးတွေ ရင်ဆိုင်နေ
ရတာကို
ကိုယ်ချင်းစာပြီး တတ်အားသလောက် ကျမတို့ ကုသိုလ်ဒါနပြုပြီး ကူညီ လှူကြရအောင်ပါ။
ကျမတို့ဆူနာမီကာလတွင်း နိုင်ငံတိုင်း အမြို့မြို့ အနယ်နယ် အရပ်ရပ်က
လာပြီးကျမတို့လူမျိုးကို ကူညီခဲ့သလို ခုကျမတို့ ပြန်ကူညီဖို့
အလှည့်ရောက်လာပြီ။ ပင့်ဖိတ်ထားတဲ့ သံဃာတော်ကို ကိုယ်တိုင်
စေတနာတရားထက်သန်သလို တတ်နိုင် သလောက် ၀တ္ထုငွေနဲ့ဆေးဝါးတွေ ကိုယ်တိုင်ကပ်လှူ
ပူဇော်
လို့ရတယ်။
ခုည ကောက်ခံရသမျှ ငွေကြေးနဲ့ ဆေးဝါးကို နာဂစ်လေဘေးဒုက္ခသည် အတွက် အားလုံး
ပို့ပေးမှာ
ဖြစ်တယ်"
ဟု
အခမ်းအနားဖွင့်စဉ် တာဝန်ရှိသူက ပြောဆိုခဲ့သည်။
အရှင်ဥပဂုတ္တ
ပူဇော်ပွဲနှင့် ဖျော်ဖြေရေးပွဲကို ထိုင်းနှင့် ရှမ်းလူမျိုး ၂၀၀ ခန့်
လာရောက်လှူဒါန်းကြရာ ရရှိသည့် ဘတ်ငွေ
တစ်သိန်းကျော်ကို လေဘေးဒုက္ခသည်ထံ ပေးပို့ရန် အတွက် တာဝန်ရှိသူများနှင့်
ဘုန်းတော်ကြီး
များ တိုင်ပင်ညှိနှိုင်းနေဆဲဖြစ်သည်ဟု
မဲခေါင်မြစ်ဝှမ်းဒေသ
ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်း၏
တာဝန်ရှိသူ တစ်
ဦး
ကပြောသည်။
နာဂစ်လေဘေးဒုက္ခသည်များကို အနုပညာဖြင့် ကူညီရသည့်အတွက်ဝမ်းသာကြောင်း
ဆို်င်ပိုင်းတီးဝိုင်း ခေါင်း
ဆောင် စိုင်းဆိုင်မိန်းက ပြောသည်။
"ကျနော်တို့
နိုင်ငံလေဘေးဒုက္ခသည်တွက် ကျနော်တို့ လှူဒါန်းဖို့ရာ ငွေကြေးအင်အား မရှိပေမယ့်
ကျနော်တို့တတ်နိုင်တဲ့ဘက်က
ကူညီခွင့်ရလို့ ၀မ်းသာတယ်။ လူသားချင်းချင်း ကူညီခွင့် ကုသိုလ်ဒါန
ပြုခွင့်မျိုးဆို ကျနော်တို့ တီးဝိုင်းအဖွဲ့က အမြဲ အဆင်သင့် ရှိနေပါ တယ်။"
ယခုလ ၁၆ ရက်နေ့ကလည်း မြန်မာပြည်မှ နာမည်ကြီး သီးလေးသီး ဆေးရောင်စုံ
အငြိမ့်အဖွဲ့က ချင်းမိုင်မြို့တွင် ဖြေဖျော်ပြီး နာဂစ်လေဘေးအတွက် ရံပုံငွေ
ကောက်ခံခဲ့သည်။
|