|
ပုန်းရှောင်
အလုပ်သမားကလေးများ ဖျားနာသေဆုံး
ခွန်အောင်မြတ်။
ဇူလိုင်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းရဲဖမ်းဆီးမည်စိုး၍ တောတောင်များထဲတွင် ပုန်းရှောင်နေသော
ထိုင်းနယ်စပ်ရောက် မြန်မာပြည်သားများ၏ ကလေးငယ်များ ၀မ်း နှင့်
ငှက်ဖျားရောဂါများကြောင့် သေဆုံးမှုများ ရှိနေသည်ဟု ဆေးမှူး တဦးက ပြောသည်။
ကလေးများမှာ
ရေကောင်းရေသန့်မရခြင်း၊ ဆေးကုသမှုမရခြင်းတို့ကြောင့် သေဆုံးကြခြင်းဖြစ်သည်ဟု
အလုပ် သမားများအား သွားရောက်ကြည့်ရှုခဲ့သည့် ဆေးမှူး ရန်နောင်က ပြောသည်။
“တောထဲမှာဆိုတော့
ရေကလည်း ရှားတယ်လေ။ စမ်းချောင်းလေးတွေကလည်း ရေကလည်း မသန့် ဘူး။ မသန့်တဲ့
အခါကျတော့ အဲဒါတွေ သောက်သုံးကြတယ်။ သောက်သုံးတဲ့အခါကျတော့ ၀မ်းရော ဂါတို့၊
ငှက်ဖျားရောဂါတို့ဖြစ်ပြီးတော့ သူတို့ဆေးဝါးလည်း တက်မကုရဲကြဘူးလေ။ သူတို့ကို
သူဌေး ကပြောထားတာကိုး။ ပုလိပ်ဖမ်းတယ်ဆို ပြီးတော့။ အဲဒါနဲ့ ကျနော့်ကို ခေါ်တော့
ကျနော် သွားကြည့် တော့ တချို့ကလေးတွေကျတော့ အသက်ပါငင် နေပြီ။ ကျနော်ရှေ့မှာပဲ
အဲလို သုံးလေးယောက် လောက် သေဆုံးသွားတယ်လေ။”
ကလေးငယ်များသာမက
လူကြီးများလည်း ငှက်ဖျားနှင့် ၀မ်းရောဂါများ ဖြစ်ပွား ကြသည်ဟု ဆေးမှူး
ကိုရန်နောင် က ပြောသည်။
“လူကြီးတွေလည်း
အဲလိုပဲ ဖျားနာနေကြတာ အများကြီးပဲ။ ကျနော်က ပြောတာပေါ့ ခင်ဗျားတို့ ဖမ်း
တော့လည်း ဖမ်းပေါ့။ ကျန်းမာရေးမကောင်းတော့ ဒီအတိုင်းနဲ့တော့ အသေမခံနဲ့ပေါ့
ဆေးရုံဆေးခန်း သွားကြပေါ့။ သူတို့ကလည်း လမ်းစရိတ်မရှိတာနဲ့ အလုပ်ကမရလို့
ပိုက်ဆံမရှိတာနဲ့ ဆိုတော့ အဲလို ပဲ နေနေကြတယ်။”
ဟု ပြောသည်။
မဲဆောက်မြို့ တောင်ဖက်
ကီလို ၄၀ကျော်ရှိ ဖုဖရမြို့နယ်မှ ကျေးရွာများရှိ တောင်ယာလုပ်ငန်းတွင် အလုပ်သမား
များအဖြစ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀၀ ကျော်သည် ထိုင်းရဲများ
ဖမ်းဆီးမည်ကို စိုး၍ ယခု လ ၁၂ ရက်နေ့မှစ၍ တောတောင်များအတွင်း
ပုန်းရှောင်လျက်ရှိသည်။
အလုပ်ရှင် သူဌေးများက
တိမ်းရှောင်ခိုင်း၍ ယခုလို တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု ပခါးမိုင်ကျေးရွာမှ
အလုပ် သမား ကိုရဲဝင်းက ယခုလိုပြောသည်။
“ကျနော်ကို
အရင်တုန်းကဆိုရင် သူဌေးခြံထဲမှာပဲ ထားတယ်။ အခုတော့ သူဌေးက အဲဒီ
တောမော(လူဝင်မှုကြီးကြပ်ရေးအဖွဲ့) ဖမ်းမှာကို ကြောက်ပြီးတော့ ခြံထဲမှာ မထားပဲနဲ့
ကွင်း(တော)ထဲမှာပဲ သွားထားတယ်။ ကွင်းထဲမှာ သွားထားတော့ အခု သူဌေးက
ဘေးမဲ့လိုမျိုး ထားထားတာပေါ့ အဲသ ဘောပဲ။”
ဖုဖရမြို့နယ်အတွင်းရှိ
၄၄ ကီလိုမီတာ၊ ပခါးမိုင်၊ ပါဝိုင် ကျေးရွာများတွင် မျော့(ခေါ်)
မုံးလူမျိုးအများစု နေ ထိုင်ကြပြီး အဓိက တောင်ယာနှင့်
လယ်လုပ်ငန်းများလုပ်ကိုင်ကာ သူရင်းငှါးအဖြစ် တောင်ယာလုပ်ငန်းကို လုပ်
ကိုင်ပေးနေကြသည့် မြန်မာအလုပ်သမား ၄၀၀၀ ကျော်ရှိသည်။ ၄င်းတို့အထဲမှ
အလုပ်သမားလက်မှတ် ကိုင် ဆောင်ထားသူ ရာဂဏန်းမျှသာ ရှိကြသည်။
ယခုလဆန်းမှ စ၍
ထိုင်းနိုင်ငံအနှံ့ တရားမ၀င်အလုပ်သမားများအား ရှာဖွေဖမ်းဆီးမှုများ တိုးမြှင့်
ပြုလုပ်လျက် ရှိသည်။
|