|
မိုးကုတ် မြေပြို၊ လူ ၆ ဦး သေဆုံး
သီတာထွန်း။
သြဂုတ် ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။
မိုးကုတ်မြို့နယ်တွင်
စနေနေ့က မိုးအဆက်မပြတ် ရွာသွန်း၍ မြေပြိုမှုဖြစ်ပွားရာ ကလေးငယ်တဦး အပါအ၀င် လူ
ခြောက်ဦးသေဆုံးသွားသည်။
မိုးကုတ်မြို့နှင့်
လေးမိုင်ခန့် ကွာဝေးသည့် ဘော်ဗဒန်းကျေးရွာတွင် (၁၆) ရက်နေ့ စနေနေ့ ည
(၁၀း၄၅)တွင် မြေပြိုမှုစတင်ဖြစ်ပွားခဲ့ပြီး ၎င်းမြေပြိုမှုကြောင့်
ဧည့်သည်
တဦးအပါအ၀င် မိသားစုငါးဦးပေါင်း ခြောက်ဦး သေဆုံး သွားခဲ့ခြင်းဖြစ်သည်ဟု
မြို့ခံတဦးက ပြောသည်။
“လေးမိုင်လောက်ဝေးတဲ့
ရွာတရွာမှာဖြစ်တာ၊ ဘော်ဗဒန်းဆိုတဲ့ရွာလေ၊ အသေအပျောက် ခြောက် ယောက်ရှိတယ်၊
ဖြစ်တာက မိုးက များပြီးတော့ မိုးက ဆက်တိုက် နှစ်လ သုံးလ လောက်ရှိပြီ၊
ဆက်တိုက်ဆက်တိုက် ရွာနေတာ၊ အဲတော့ ကမ်းပါးယံက ဆောက်ထားတဲ့ အိမ်ဆိုတော့လေ
မြေကြီး က နူးပြီးတော့ ကြာတော့ တောင်ကပဲ့ကျပြီး အိမ်ကိုဖိလိုက်တာ။ ”
မိုးကုတ်မြို့ရှိ
ရေနီချောင်းသည်လည်း မိုးအနည်းငယ်ရွာသွန်းလျှင်ပင် ရေလွှမ်းမိုးမှုများနှင့်
မကြာခဏ ကြုံတွေ့ နေရသည်ဟု ၎င်းမြို့ခံကပြောသည်။
“ရေနီချောင်းက
နည်းနည်းလေးမိုးများတာနဲ့ တပြိုင်နက် ချောင်းဘေးဝန်းကျင်က အကုန်လုံး ဒုက္ခပေး
နေတာပဲ၊ သုံးလေးရွာရှိပြီ။”
အာဏာပိုင်များနှင့်
မြို့မိမြို့ဖများက ဘေးအန္တရာယ်များ ကာကွယ်ရန်အတွက် ညှိနှိုင်း နေကြသော်လည်း လက်
တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးပဲ ရပ်ကွက်အလိုက် ကိုယ်ထူ ကိုယ်ထအနေဖြင့်သာ
ဆောင်ရွက်နေကြရ သောကြောင့် ခဏတာအတွက်သာ အဆင်ပြေ ကြောင်း သိရသည်။
ကျောက်မျက်လုပ်ကွက်များကြောင့် ယခုကဲ့သို့ ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေခြင်း
ဖြစ်သည်ဟု ၎င်းမြို့ခံက သုံးသပ်သည်။
“နှစ်ရှည်လများကျတော့
ချောင်းကမြင့်တက်လာပြီး ကောတာပေါ့ဗျာ၊ ကောပြီးတော့ ချောင်းထဲက ရေက
အကုန်လုံးဘေးကို လျှံကျလာတဲ့သဘောဖြစ်တာပေါ့။”
လွန်ခဲ့သည့် ဇွန်လ
(၁၁) ရက်နေ့တွင်လည်း မိုးကုတ်မြို့ရှိ ရေနီချောင်းရေလျှံမှုကြောင့်
တာရိုးများကျိုးပေါက်ခြင်း၊ အိမ်များပြိုကျခြင်း၊ ကမ်းပါးများပြိုကျခြင်းတို့
ဖြစ်ပေါ်ခဲ့ပြီး လူ (၁၁) ဦးသေဆုံးခဲ့သည်။
|