|
ရန်ကုန်ဘုန်းတော်ကြီးများ ပတ္တနိက္ကုဇ္ဖန ကံဆောင်
သပိတ်မှောက်ခြင်းစတင်
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
ရန်ကုန်မြို့
သင်္ကန်ကျွန်းမြို့နယ် ကျောက်စာတော်ဘုရား ရင်ပြင်တွင် ယနေ့မွန်းလွဲပိုင်းက
ကျောင်းပေါင်းစုံမှ သံဃာတော် အပါး ၉၀ ခန့် စုပေါင်းကာ ကျောက်စာတော် ဘုရားတွင်
ကမ္မ၀ါစာ ရွတ်ဖတ်ပြီး ပတ္တနိက္ကုဇ္ဖန ကံ ဆောင် သပိတ်မှောက်မှုစတင်လိုက်သည်။
ရဟန်းတော်များ
အစပိုင်းတွင် ကျိုက္ကစံ ဘုရားဝင်းထဲရှိ ရဟန်းသာ သိမ်တော်တွင် ပတ္တနိက္ကုဇ္ကန
ကံဆောင် သပိတ်မှောက်ရန် စီစဉ်ထားသော်လည်း သိမ်တံခါးပိတ်ထားပြီး အာဏာပိုင်များက
လုံခြုံရေး အပြည့် ချထား သဖြင့် ကျောက်စာတော် ဘုရားတွင် ကံဆောင်ပွဲ ပြောင်း၍
ကျင်းပခဲ့သည်ဟု မဂ္ဂင်ဆရာတော် ဦးဣန္ဒက က မိန့် ကြားသည်။
“ရဲပါတယ်၊
အက်စ်ပီပါတယ်၊ ရ၀တတွေ ပါတယ်၊ နောက် ထောက်လှမ်းရေးတွေပါတယ် အစုံပေါ့ နော်။
သူတို့ အင်အားအပြည့်ချထားတယ်။ အဲလို ချထားတဲ့ အတွက်ကြောင့် သံဃာတော်တွေက သိမ်
လည်း ပိတ်ထားတဲ့ အတွက်ကြောင့် ကျောက်စာတော် ဘုရားထဲကို ပြောင်းလာတယ်။ ကျောက်စာ
တော်ဘုရားထဲကို ပြောင်းလာပြီး ကျောက်စာတော်ဘုရားထဲကို တက်ပြီး သူတို့ ကံဆောင်
သပိတ် မှောက်ပွဲ လုပ်သွားကြတယ်ပေါ့။ အဲဒါကတော့ အောင်အောင်မြင်မြင်ပဲ
ပြီးဆုံးသွားပါတယ်။ ”
ရဟန်းတော်များ
သပိတ်မှောက်ကံဆောင်ပွဲကို နေ့လည် ၁၂ နာရီတွင် စတင်ပြီး ၁၂ နာရီ ၄၅ မိနစ်တွင် အ
နှောက်အယှက်မရှိ ပြီးဆုံးသွားကာ သံဃာတော်များ မိမိကျောင်းတိုက် အသီးသီးသို့
ပြန်လည်ကြွသွားကြသည်။
ရဲနှင့်
အာဏာပိုင်များ လုံခြုံရေးချထားပြီး စောင့်ကြည့်ကြပုံကို ဆရာတော် ဦးဣန္ဒက
“အင်အားတော့ အပြည့်ပဲ ဆိုင်တွေမှာရော
လမ်းဘေးတွေမှာရော ကားတွေနဲ့ရော ဖုန်းတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရော အ ပြည့်ပဲ
အများကြီးပဲ။ အများကြီးဆိုတော့ ဘုန်းကြီးတွေတောင် အပါးကိုးဆယ်လောက်
ရှိတယ်ဆိုတော့ သူတို့က သုံးဆလောက်ရှိမယ် ဒကာရေ။”
ကျောက်စာတော်ဘုရားတွင်
သံဃာတော်များ သပိတ်မှောက် ကံဆောင်ကြချိန်တွင် အာဏာပိုင်များက စောင့်
ကြည့်နေကြသော်လည်း ဒကာ၊ ဒကာမ များ တက်ရောက်ခဲ့ကြခြင်း မရှိဟု ဆရာတော်က ပြောသည်။
“ဒကာ၊ ဒကာမတွေက
သူတို့ကတော့ ကြောက်စိတ်တွေ လွန်ကဲနေကြပြီဆိုတော့ အဲလိုမျိုးဟာ တွေ့ ပြီဆို
အဲလိုမျိုး နေရာကို သွားဖို့ လာဖို့ ကြောက်နေကြတယ်။ ဒီလို
အာဏာပိုင်အဖွဲ့အစည်းတွေ ချ ထားတာ တွေ့တယ်၊ မြင်တယ် ဆိုလို့ ရှိရင် အဲဒါ
နောက်ဆုတ်သွားရော ဒီလိုမျိုးဖြစ်နေကြတယ်။ ပြည်သူတွေက တော်တော်လေးကို
ကြောက်စိတ်တွေ လွမ်းမိုးနေကြတယ်။ ”
ယနေ့ နံနက်ခင်း ၃
နာရီတွင်လည်း ကျိုက္ကစံဘုရားအနီးတွင် သံဃာတော် အပါး ၃၀ စုပြီး တောင်ဥက္ကလာပ ရပ်
ကွက် (၁၀)၊ (၁၂)၊ (၁၃) အထိ လမ်းလျှောက်ကြွချီ၍ ပရိတ်တရားများ ရွတ်ဖတ်ကြပြီး ၎
နာရီခွဲ အချိန်တွင် ကျိုက္ကစံ ဘုရားကို လှည့်ပတ်၍ ဆုတောင်းပွဲများ
ပြုလုပ်ခဲ့သည်။
ယခုလ ၅ ရက်နေ့တွင်
ပခုက္ကူတွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် သံဃာများကို စစ်တပ်နှင့် စစ်အစိုးရ ကျော
ထောက် နောက်ခံပြုထားသော လူတစုက လက်နက်နှင့် လူအင်အားသုံးပြီး အကြမ်းဖက်
ဖမ်းဆီးရိုက်နှက်ခဲ့မှုကို အစိုးရဖက်မှ ယမန်နေ့တွင် နောက်ဆုံးထား၍ လူသိရှင်ကြား
ဝန်ချတောင်းပန်ရန် သံဃာထုက တောင်းဆိုခဲ့ပြီး မလိုက်နာပါက ပတ္တနိက္ကုဇ္ဖန ကံဆောင်
သပိတ်မှောက်မည်ဟု ကြေညာသည်။
သံဃာ့သမဂ္ဂီတောင်းဆိုချက်ကို စစ်အစိုးရ တစုံတရာ တုန့်ပြန်ခဲ့ခြင်းမရှိသဖြင့်
ပတ္တနိက္ကုဇ္ဖနကံဆောင် သပိတ် မှောက်သည့်အနေဖြင့် ကံဆောင်ခံရသူ မိသားစု၊
အဖွဲ့အစည်းများ၏ လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်း ကွမ်းများကို လက်မခံပဲ
ငြင်းပယ်ခြင်း၊ ၄င်းတို့မိသားစု များနှင့် ပတ်သက်ဖြစ်ပေါ်လာသည့် သာရေးနာရေး
ပွဲများ ကို မတက်ရောက်ခြင်း စသည့် အရာများကို ပြုလုပ်ခြင်းဖြစ်သည်။
|