|
ပဲခူးမြို့တွင်
သံဃာများ နှစ်ဖွဲ့ခွဲ၍
ဆန္ဒပြ
အောင်မိုးမြင့်။
စက်တင်ဘာလ ၁၈ ရက်၊
၂၀၀၇ ခုနှစ်။
ထောင်နှင့်ချီသော ပဲခူးမြို့ရှိ
ရဟန်းသံဃာတော်များက မြို့တွင်းလှည့်လည်၍
မေတ္တာပို့
လမ်းလျှောက်
ဆန္ဒပြ
ခြင်းနှင့်
ပတ္တနိက္ကုဇ္ဇနကမ္မ၀ါဖတ်ခြင်းတို့ကို
ယနေ့
နေ့လည်ပိုင်းက
နှစ်ဖွဲ့ခွဲ၍ပြုလုပ်ခဲ့ကြသည်ဟု
ပဲခူးမြို့ခံတစ်ဦး
မှ
ပြောသည်။
ဆွမ်းစားပြီး
ဆယ့်နှစ်နာရီလောက်ကနေပြတာ သုံးနာရီ ခွဲလောက်ထိ ဆန္ဒပြပါတယ်။
သနပ်ပင်လမ်း
က သပ်သပ်တစ်ဆိုင်းရှိတယ်။
နောက်ပြီးတော့
ကလျှာနီသိမ်လေ
ရွှေသာလျှောင်း
သွားတဲ့လမ်း လေ အဲထဲမှာ တစ်ခါ ဘုန်းကြီးတွေက
မေတ္တာသုတ်တွေ
ဘာတွေ အဲ့ဒါရွတ်တာက တစ်ဆိုင်းရှိတယ်။
နှစ်ဖွဲ့ ခွဲပြီး
တော့ လုပ်ကြပါတယ်။
မေတ္တာသုတ်များ
ရွတ်ဆိုပြီး
ဆန္ဒပြလမ်းလျှောက်မှုကို
လိပ်ပြာကန် အမှတ် (၁) ရဲစခန်းဖက်မှ စတင်လျှောက်ခဲ့
ကြပြီး
သနပ်ပင်လမ်းကိုပြန်သွာကြကြောင်း။
ထို့နောက်
ရွှေမော်တော်
ဘုရားအရှေ့ဖက်
ဘုရားပွဲပြုလုပ်လေ့ရှိ
သည့် ဓမ္မာရုံတွင်
စုရုံးကြပြီး
ပတ္တနိက္ကုဇ္ဇနကမ္မ၀ါ
ကိုရွတ်ဖတ်ကြ၍
ဆန္ဒပြမှုကို
သုံးနာရီ ခွဲခန့်တွင်
ရုတ်သိမ်းခဲ့
သည်ဟု ဆက်လက်ပြောသည်။
ရဟန်းသံဃာနောက်တစ်ဖွဲ့ကလည်း
ရွှေသာလျှောင်းဘုရားသို့
သွားရာလမ်းရှိ ကလျှာနီသိမ်ဖက်တွင်
အလားတူ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါ
ကိုရွတ်ဖတ်ကြသည်ဟုသိရသည်။
လမ်းလျှောက်ဆန္ဒပြမှု
လမ်းတစ်လျှောက်တွင်
အစိုရ အာဏာပိုင်များ
တားဆီးနှောက်ယှက်မှုများ မရှိပဲ၊
ပြည်သူ
လူထုမှ
လက်ခုတ်များတီးပြီး
အားပေးထောက်ခံခဲ့ကြသော်လည်း
လူထု၏
ဝင်ရောက်ပူးပေါင်းခြင်းကို
လက်မခံခဲ့
ဟု မျက်မြင်သက်သေမြို့ခံတစ်ဦးကပြောသည်။
ကျောင်းထိုင်ဆရာတော်မှ တားမြစ်ခဲ့ပြီး
ကျောင်းဝင်းတံခါးများ ကို ပိတ်ထားခဲ့ခြင်းကြောင့်
အစဉ်လာကြီးမားသော
ပဲခူးမြို့ရှိ
ကြခတ်ဝိုင်းကျောင်းမှ
သံဃာတော်များ ယနေ့
ဆန္ဒပြကြွချီရာတွင်
ပါဝင်နိုင်ခဲ့ခြင်းမရှိဟု ကြခတ်ဝိုင်း
ကျောင်းမှ
သံဃာတစ်ပါးကပြောသည်။
|