ကော့သောင်းစက်လှေ မီး လူတဦးသေ၊ ကျပ်သိန်း ၆ ထောင်ကျော် ဆုံးရှုံး

ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ည ဓာတ်ဆီ တင်ဆောင်သည့် ကုန်သည် စက်လှေကြီးတစီး မီးလောင်ပေါက်ကွဲသငြ့် စက်လှေသမား တဦးသေဆုံးခဲ့ပြီး ကျပ်သိန်း (၆)ထောင်ခန့် ဆုံးရှုံး ခဲ့သည်ဟု ကော့သောင်းမြို့ခံများက ပြောသည်။

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် မန်းမြန်မာ တံတားအနီးတွင် ယမန်နေ့ည ၈ နာရီ ခန့်က စက်ဆရာက ရေစ်ုစက်နိုးနေစဉ် မီးထလောင်ခြင်းစ်ြကာ ယင်းသည် ယခုလအတွင်း ဒုတိယအကြိမ် စက်လှေမီးလောင်ခြင်း စ်သည်။

မီးလောင်ကျွမ်းမှုအခြေအနေကို ကော့သောင်းမှ စက်လှေသမားတဦးက ယခုလို ပြောသည်။

"ကုန်ပစ္စည်းတင်တဲ့လှေ ထွက်ခါနီးနေပြီကိုး လှေက၊ ဆီပေပါတွေ ပါတယ်လေ၊ ပါတော့ မနည်းကြီး ဆုံးရှုံးတယ်။ မနည်းဘူး လှေတင် သိန်းတစ်ထောင်ကျော်ကျော်လောက် ရှိမယ်။ ပစ္စည်းတနိုးလည်း မနည်းဘူး။ အခုထက်ထိ မငြိမ်းသေးဘူး မီးက။ အခုထက်ထိ မီးက လောင်လို့ ကောင်းတုန်းပဲ။ အထဲ ကပစ္စည်းက များတဲ့အခါကျတော့ လောင်လို့ မပြီးနိုင်ဘူး။ စက်ဆရာတယောက်တော့ သေသွားတယ် ပြောတယ်။ စက်ဆရာကတော့ ၀င်ပြီးမှ လုပ်နေရင်း သေသွားတယ်လို့ပြောတယ်။ "

ယင်းသည် မြိတ်မြို့မှ ဦးစိုးစိုး ပိုင်ဆိုင်သော စက်လှေစ်ြပြီး စက်လှေ၊ ဓာတ်ဆီနှင့် အခြားကုန်ပစ္စည်းများ အပါ အ၀င် ကျပ်သိန်း ခြောက်ထောငိုးခန့် ဆုံးရှုံးမည်ဟု ကော့သောင်းမြို့ခံများက ခန့်မှန်းကြသည်။

"ကိုယ်တိုင်သွားကြည့်တယ်။ လှေကတော့ တော်တော့်ကို လှေကြီး။ အဲဒီမှာ ဆီပေပါက၊ ဓာတ်ဆီက အလုံး ၁၅၀ တဲ့။ နောက်တခါ စက်လှေမှာ သုံးတဲ့ စက်ဆီ အဲဒီဆီက အလုံး ပေါင်း ၅၀၀ အဲဒါတွေကို လောင်တာဗျာ။ အခုထိကို လောင်တုန်း။ တန်ဖိုးကတော့ မနည်းဘူး။ ဟိုတခါတုန်းကထက်များတယ်။ ဟိုတခါတုန်းက ကုန်သည်အငယ်ပေါ့။ ဒါက ကုန်သည် အကြီးစား။ တော်တော်ဆုံးရှုံးမယ်။ ပိုင်ရှင် ကတော့ ဘိတ်ကတဲ့။ လှေကလည်း လှေမကြာ သေးဘူး။ စက်အသစ်။" ဟု  အခြား မြို့ခံ တဦးက ပြော သည်။

မီးလောင်မှုကြောင့် သေဆုံးသွားသူ စက်ဆရာမှာ အမည်စုံစမ်းဆဲစ်ြပြီး၊ စက်လှေပိုင်ရှင် နှင့် လှေသားများမှာ ထိုင်းဘက်ကမ်းစ်ြသည့် ရနောင်းသို့ ထွက်ပြေးသွားသည်ဟု ကော့သောင်း ရဲစခန်းမှ တာဝန်ရှိသူ တဦးပြော သည်။

ယခုလ ၉ ရက်နေ့တွင်လည်း ငါးဖမ်းစက်လှေတစ်စီး ဆီညြ့်နေစဉ် ဆေးလိပ်မီးမှတဆင့် မီးလောင်ပေါက်ကွဲပြီး စက်လှေနှင့်အတူ ကုန်ပစ္စည်းများ မီးလောင်ပျက်စီးမှု ကျပ်သိန်း တထောင်ကျော် ဆုံးရှုံးခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။