|
ခွဲထွက် ရလလဖ အမည်သစ် ပြောင်းလဲ
ပအိုဝ်းအမျိုးသားရေး အဓိက ဆောင်ရွက်မည်ဟုဆို
အောင်မိုးမြင့်။
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရကို ပြန်လည်လက်နက်တော်လှန်ခဲ့သော ရှမ်းပြည်လူမျိုးပေါင်းစုံ
လွတ်မြောက်ရေးအဖွဲ့
(ရလ
လဖ) ခွဲထွက်အဖွဲ့သည်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အဖြစ်
အမည်ပြောင်းလဲဖွဲ့စည်းလိုက်ပြီး
ပအိုဝ်း
အမျိုးသားအရေးကို
ဦးတည်ဆောင်ရွက်သွားမည်ဟု ယနေ့
ထုတ်ပြန်ကြေညာသည်။
အဖွဲ့၏
နိုင်ငံရေး ရည်မှန်းချက်များနှင့်
ပတ်သက်၍
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏
အထွေထွေ အတွင်းရေးမှုး
ဗိုလ်မှူးကြီး
ခွန်သူရိန်က ယခုလို ပြောသည်။
စစ်အာဏာရှင်စနစ်ကို
ကျနော်တို့တိုက်ဖျက်မယ်၊
မဟာလူမျိုးကြီးဝါဒကြီးစိုမှုကို
ကျနော်တို့
တိုက်
ဖျက်မယ်၊
ဒီမိုကရေစီနိုင်ငံ ကျနော်တို့
ထူထောင်မယ်၊
ပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာအောင် ကျ
နော်တို့
တည်ထောင်မယ် ၊
နောက်ပြီးတော့
ပိုသွားတာ တစ်ခုကတော့ ဟိုးတုန်းကတော့ပြောမယ်
ဆိုရင် အကျယ်ချဲ့ပြီးတော့မှ
ခြုံပြီးပြောတာပေါ့
ဒီကနေ့ကျတော့
ကျနော်တို့
ချူပ်လိုက်ပါတယ်၊
အဲ့
ဒီနိုင်ငံရေး အဓိက
ရည်မှန်းချက်ကတော့ ကျနော်တို့
ပအိုဝ်း အမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ
ရေးနဲ့
တန်းတူရေးဆိုတဲ့ဟာတွေပဲဖြစ်ပါတယ်ခင်ဗျ။
အမည်ပြောင်းလဲခြင်းအခမ်းအနားကို ကရင်နီတိုးတက်ရေးပါတီထိန်းချုပ်ရာ
ထိုင်းမြန်မာနယ်စပ်ဒေသတွင် ယနေ့
နံနက် ဂနာရီက ကျင်းပခဲ့သည်။
အမည်ပြောင်းလဲဖွဲ့စည်းလိုက်သော
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ကို
ဗဟိုကော်မတီဝင် ၁၁ဦး၊
ဗဟို
အလုပ်အမှုဆောင်
၅ဦးနှင့်ဖွဲ့စည်းလိုက်ကာ
ဥက္ကဌအဖြစ်
ဗိုလ်မှုးချုပ်ခွန်ထိဆောင်၊
အထွေထွေအတွင်းရေးမှုး
ဗိုလ်မှုးကြီးခွန်သူရိန်နှင့်
တွဲဘက်အထွေထွေအတွင်းရေးမှုး
ဗိုလ်မှုးကြီးအောင်ကျော်
တို့ကို
တာဝန်ပေးအပ်ခဲ့
သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၏
မူလအဖွဲ့အစည်းဖြစ်သော
ရလလဖသည် ၁၉၉၄ခုနှစ်က မြန်မာ
စစ်အစိုးရနှင့်
အပစ်အခတ်ရပ်စဲခဲ့သည်။
ရလလဖ၏
ဒုဥက္ကဌအဖြစ်တာဝန်ယူခဲ့သူ
ခွန်ထိဆောင်နှင့် အဖွဲ့သည်
ပြီးခဲ့သည့်
ဇွန်လအတွင်းက ဌာနချုပ်မှ ခွဲထွက်ကာ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်ရာ နယ်မြေတွင် အခြေစိုက်ခဲ့၍
မြန်မာအစိုးရကို ပြန်
လည် တော်လှန်တိုက်ခိုက်ခဲ့သည်။
ရလလဖ၏
ဥက္ကဌ
ခွန်ချစ်မောင်ဦးဆောင်သောအဖွဲ့သည်
ဇူလိုင်လအတွင်းတွင် စစ်အစိုးရထံ လက်နက်
ချသွားခဲ့ပြီး
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်
နောင်ထော်ရှိ ဌာနချုပ်စခန်းကို နာယက အဖွဲ့က
ဆက်
လက် ဦးဆောင်ခဲ့သည်။
|