|
မြန်မာပြည် အရေးသည် နိုင်ငံတကာပြဿနာဖြစ်လာနေဟု
အမျိုးသမီးအဖွဲ့ဆို
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။
ယနေ့ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ထိုင်းနှင့်
တရုတ်နိုင်ငံ တွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာအမျိုးသမီးများ၏
လုံခြုံမှုမရှိသော ဘ၀အခြေအနေကို ငရဲနှစ်ထပ်အကြားတွင် ပိတ်မိနေခြင်း
(Catch between two hells)
ဆိုသော အမည်နှင့် မြန်မာအမျိုးသမီးသမဂ္ဂက အစီရင်ခံစာ တ စောင် ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာ
ရေးသားထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်ကို မြန်မာအမျိုးသမီးသမဂ္ဂ၏ ဥက္ကဌက ယခုလို
ပြောပြ သည်။
“အဓိက ဒီ
ရီပို့ဒ်မှာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောချင်တာက ရွှေ့ပြောင်း
အလုပ်သမား ပြဿနာက လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပြဿနာတွေကို နအဖက နိုင်ငံရေး
အရ မဖြေရှင်းသရွေ့ ဆက်ပြီးတော့ ကြီးထွားလာမယ့် ပြဿနာပေါင်းများစွာအနက်က
ပြဿနာတခုပဲရှိတယ်။ ဒါပေမယ့် ဒီ ပြဿနာလေးကတောင်မှ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ
ရိုက်ခတ်မှုတွေဖြစ်လာတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြဿနာဟာ
အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာဖြစ်လာတယ်။ နိုင်ငံတကာရဲ့ ပြဿနာဖြစ်လာ တယ်။ ဒါက
ပြဿနာတခုအပေါ်မှာ အခြေခံပြီး ကျမတို့ ထောက်ပြထားတာဖြစ်တယ်။ ဆိုတော့
မြန်မာပြည်မှာ ပြဿနာတွေ အများကြီးရှိတယ်။ အဲဒီအနေအထားမှာ နိုင်ငံတကာကနေပြီးတော့
စေ တနာပါပါနဲ့ သူတို့ရဲ့ ပြဿနာဖြစ်ပါတယ်လို့ ခံယူပြီးတော့ ၀င်ပါဝင်ဖြေရှင်းဖို့
ဆိုတာကို ကျမတို့ ပြောချင်တာဖြစ်ပါတယ်။ ”
ယင်းအစီရင်ခံစာကို ထိုင်းနှင့် တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁၄၉
ဦးကို တွေ့ဆုံမေးမြန်း၍ ရေးသားပြုစုခြင်းဖြစ်သည်။
အစီရင်ခံစာတွင် ပြည်တွင်းမှ စီးပွားရေးအစဉ်မပြေ၍ ထွက်လာကြသော
မြန်မာအမျိုးသမီးများ ၏ အလုပ်ခွင်တွင် မလုံခြုံသောဘ၀နှင့်
စိတ်ကျဉ်းကျပ်စွာနေထိုင်ကြရသောအခြေအနေများကို ဖော်ပြထားသည်။
အစီရင်ခံစာတွင် ပါဝင်ဖြေကြားခဲ့သူ အမျိုးသမီးတဦးက ၄င်းတို့အနေဖြင့် အလုပ်ရှင်၏
ထိကပါး ရိကပါးနှင့် လက် ကိုင်သည်ကိုပင် မကြိုက်နှစ်သက်သော်လည်း တရားဝင်
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိ၍ ရဲတိုင်မည်စိုး သောကြောင့်
သည်းခံနေရကြောင်းနှင့် သူမ၏ အသိ အမျိုးသမီးအချို့မှာ အလုပ်ရှင်၏ အဓမ္မပြုကျင့်မှု
ကို ခံရ ကြောင်း ပြောပြသည်။
ယင်းအခြေအနေများသည် မြန်မာပြည်တွင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေရသော
အမျိုးသမီးများနှင့် မိန်းက လေးများ၏ ခံစားနေရသော အတွေ့အကြုံနှင့်
လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျှဝေထားခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့၏
ကြေညာချက်တွင် ဖော်ပြသည်။
၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား
၄၈၉ ၂၈၂ဦး မှတ်ပုံ တင်ထားသည့် အနက်တွင် အမျိုးသမီး ၂၂၅ ၇၁၀ဦးရှိသည်ဟု
Migrant
Assistance Program (MAP)
အဖွဲ့က ထုတ်ပြန်ထားသည်။
|