|
ယာယီနိုင်ငံကူးလက်မှတ် စီမံကိန်း ရုပ်သိမ်းရန်
ထိုင်းအစိုးရအားတောင်းဆို
သတင်းနှင့်
မီဒီယာကွန်ယက်၊ နွယ်လေး။
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၀၉ခုနှစ်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား
ယာယီနိုင်ငံကူး
လက်မှတ်ပြုလုပ်ပေးခြင်းကို ဖျက်သိမ်းပေးရန် ယနေ့ကျ ရောက်သော နိုင်ငံတကာ
ရွှေ့ပြောင်းအလုပ်သမားနေ့တွင်
အလုပ်သမားအရေး
ကူညီဆောင်ရွက်ပေးသည့် အ ဖွဲ့အစည်းများက
ထိုင်းအစိုးရထံ တောင်းဆိုလိုက်သည်။
အလုပ်သမားများ ကြုံတွေ့ရမည့် အခက်အခဲများနှင့်
ပတ်သက်၍ ချင်းမိုင်အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် Map
Foundation အဖွဲ့မှ တာဝန်ရှိသူ နာမီးရှဲက ယခုလိုပြောသည်။
“သူတို့တော်တော်စိတ်ဆင်းရဲနေရတယ်။ မှတ်ပုံတင်
နံပါတ်အစစ် ရေးလို့သူတို့သွားရှာတဲ့ခါ ကျန်မိ သားစုလုံခြုံရေးအတွက်
စိုးရိမ်တယ်။ အခွန်ကောက်မယ် ကြားတယ်။ အဲလို အချက်အလက်မရှင်း လင်းဘူး။ တချို့က
မြန်မာ မှတ်ပုံတင်မရှိတော့ သွားလုပ်လို့ မရဘူး။”
ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန်
လာမည့်ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကို နောက်ဆုံး ရက် အဖြစ် သတ်မှတ် ထားခြင်းနှင့်
ပြုလုပ်ခြင်းမရှိပါက ထိုင်းဥပဒေအရ ရွှေ့ပြောင်း အလုပ်သမားများ
ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရှိပဲ နှင်ထုတ်ခြင်းခံရမည့် အလုပ်သမားများ
ရင်ဆိုင်ရမည့် အခက်အခဲ များကြောင့် အချိန်မကန့်သတ်ရန် တောင်းဆို ထားသည်ဟု ၎င်းက
ယခုလိုဆက်ပြောသည်။
“နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ပတ်သက်ပြီး
ခုထိရှင်းလင်းတဲ့ အဖြေ information ကောင်းကောင်း မ ရသေးဘူး။ မြန်မာပြည်သား
အလုပ်သမား တသန်း ကျော်လောက်ရှိနေတယ်။ ရတာမှာ တသောင်း လောက်ပဲရသေးတယ်။
ဘယ်လိုဖြစ် လာမယ်ဆိုတာ မသိသေး ဘူးပေါ့နော်။”
ဘာသာစကားအခက်ခဲကြောင့်
ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရာတွင်မှားယွင်းမှု၊ နှောင့်နှေးမှု များရှိသည့်
အပြင် ထိုင်းအလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိခြင်း၊ နယ်စပ်သို့
သွားရာလမ်းတွင် ဖမ်းဆီးခံရခြင်း စသည့် အ ခက်ခဲများကိုလည်း
မြန်မာရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင်နေကြရသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားများအား
ထိုင်းအစိုးရမှ ကျန်းမာရေးဆေးကုခွင့် တာဝန်မယူနိုင်ခြင်း အပေါ်
ထိုင်းလူမျိုးနှင့် တန်းတူဆေးကုသခွင့်ရရှိရန် ကျန်းမာရေးဌာနများမှတာဝန်ယူပေးရန်
ထည့်သွင်းတောင်း ဆို ထားသည်။
ယနေ့ချင်းမိုင်တွင် ကျင်းပပြုလုပ်သည့်
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမား အခမ်းအနားသို့ ထိုင်းတာဝန်ရှိများ နှင့်အတူ
အခြားအလုပ်သမား ကိုယ်စားလှယ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တက်ရောက်ပြီး
ဖျော်ဖြေပွဲနှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေး အချက်အလက်များကို
ဟောပြောသွားမည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို
ချင်းမိုင်နှင့် ဖူးခက်မြို့တို့တွင်ယနေ့ ပြုလုပ်ပြီး မနက်ဖြန်တွင် ဘန် ကောက်
နှင့်မဲဆောက်တို့၌
အခမ်းနားကျင်းပမည်ဖြစ်သည်။
|