ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် သက်တမ်း၂ နှစ် ထပ်မံတိုးမြှင့်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇန္န၀ါရီလ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံရှိ တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ်  ဆက်လက် လုပ်ဆောင်နိုင်ရန် ထိုင်းအစိုးရမှ သက်တမ်း ၂ နှစ် ထပ်မံ တိုးမြှင့်လိုက်သည်။

ယနေ့ပြုလုပ်သည့် ထိုင်းအစိုးရ ၀န်ကြီးများအစည်းအဝေးမှ ယင်းဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီး ပြန်ကြားရေးဝန် ကြီးဌာနမှ တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်ဟု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)မှ ရွှေ့ ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးသက်ခိုင်က ယခုလိုပြောသည်။

ရွှေ့ပြောင်းအလုပ်သမားတွေ အားလုံးပေါင်း ၂၀၀၇ ကနေပြီးတော့ ဆက်လာခဲ့တာပဲ ဖြစ်ဖြစ်၊ ၂၀၀၉ ခုနှစ်အတွင်း ဆုံးဖြတ်ချက်တွေအရ ရှိလာခဲ့တဲ့ အလုပ်သမားတွေပဲ ဖြစ်စေပေါ့နော် အလုပ်သမားအား လုံးပေါင်း တစ်သန်းသုံးသိန်း တစ်သောင်းခြောက်ရာ့ ကိုးဆယ် ကို ၂ နှစ်သက်တမ်းဆက်လုပ်ခွင့်ပြု လိုက်တယ်ပေါ့နော်။

ထိုတစ်သန်းသုံးသိန်းကျော်အနက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား တစ်သန်းခုနှစ်သောင်းခြောက် ထောင်တစ်ရာ့တစ်ဆယ်ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ကျန်ရှိနေသူများအား သက်တမ်းတိုးမြှင့်ပေး လိုက်ခြင်းဖြစ်သည်။

ယင်းသို့ သက်တမ်းတိုးမြင့်ပေးလိုက်သော်လည်း ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထား ရန်အတွက် ကိုယ်ရေး အချက်အလက်များကို ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားမတင်သွင်းသူများကို ဖမ်းဆီးနိုင်သည် ဟု ထိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက် တွင်ပါရှိသည်ဟု သိရသည်။

၂ နှစ်သက်တမ်းနောက်ပိုင်းကာလ၌ ထိုင်းအစိုးရက မည်သို့ဆက်လက်လုပ်ဆောင်မည်ကို ခန့်မှန်း၍ မရသေး ကြောင်းနှင့် ကျန်ရှိသည့် တရားမ၀င်မြန်မာအလုပ်သမား ထက်ဝက် ခန့်အား  တရားဝင်အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပေးရန်ကိစ္စကိုမူ သေခြာစွာမသိရသေး ကြောင်း  ကိုသက်ခိုင်ကဆက်ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှစ်စဉ်တိုးလာသည့် အတွက် ထိုင်းအစိုးရမှ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ ပထမအကြိမ်သတ်မှတ်ပြုလုပ် ပေးခဲ့ပြီး ပင်လယ်ရေလုပ်သားများအတွက် ခက်ခဲသဖြင့်စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေး ခဲ့သည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အပြီးပြုလုပ်ရန် နောက်ဆုံးရက်သတ်မှတ်ထားရာမှ ယခု ထပ်မံ တိုးမြှင့်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား နှစ်သန်းခန့်ရှိသည့်အနက် တရားဝင်အလုပ်သမား မှတ်ပုံတင်ပြုလုပ်ထားသူ တစ်သန်းကျော်ရှိပြီး ၎င်းတို့အနက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးသူ တစ်သောင်းခန့်သာရှိသေးသည်ဟု အ လုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းပြောဆိုသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။