|
ဆီဆိုင်ရှိ မြန်မာတပ်စခန်းများကို ပအိုဝ်းဝင်တိုက်၊
နှစ်ဦးသေ
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၁၉ ရက်၊
၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ
မြန်မာစစ်အစိုးရ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မ
တော်
(ပီအဲန်အယ်လ်အေ)က ယခုရက်ပိုင်းအတွင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ
မြန်မာစစ်တပ်ဘက်မှ တပ်
ကြပ်ကြီး
တဦးအပါအ၀င် နှစ်ဦးသေဆုံးသည်။
ဆီဆိုင်မြို့
အခြေစိုက်သည့် မြန်မာစစ်တပ်၏
စစ်ဘက်ရေးရာ
လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးနှင့်
ခမရ (၄၂၃) တပ်စ
ခန်း တို့ကို
ယခုလ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်
ပီအဲန်အယ်လ်အေက ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်း
အမျိုးသား
လွတ်မြောက်ရေးအဖွဲ့
(ပီအဲန်အယ်လ်အို) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး
ခွန်သူရိန်က ပြော
သည်။
“အဲဒီတိုက်ပွဲမှာကတော့
ကျနော်တို့
ဖက်မှာတော့ အကျအဆုံးမရှိပါဘူး။
နအဖ ဘက်မှာ ကတော့ စစ်
ဘက်ရေးရာ
လုံခြုံရေးတပ်ဖွဲ့က
ကျနော်တို့
လေ့လာစုံစမ်းသိရှိရတဲ့ သတင်းအရဆိုရင်တော့ တပ်ကြပ်
ကြီးအဆင့်ရှိတဲ့
သန်းစိုး သေဆုံးပြီးတော့
ရဲတပ်ဖွဲ့က
တစ်ယောက်ကျတယ်လို့
သိရတယ်။
အဲဒီ (၄၂
၃) တပ်မှာတော့
ဘယ်လောက်ကျတယ်၊
ဒဏ်ရာရတဲ့
သတင်းကလည်း အတိအကျ မသိရသေးပါဘူး။
စုံစမ်းဆဲပဲ ဖြစ်ပါတယ်။”
ယခုတိုက်ပွဲသည် တိုင်းပြည်ကို မတရားအာဏာရယူထားပြီး
တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ် အကြမ်းဖက်
ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု
ဗိုလ်မှူးကြီး
ခွန်သူရိန်က ပြောသည်။
“နအဖအနေနဲ့
ရုတ်မက် Road Map
(၇) ချက် အတိုင်းကို ဆက်ပြီးတော့မှ
သွားမယ်ဆိုရင်တော့ ကျ
နော်တို့
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အနေနဲ့က
နအဖနဲ့
နိုင်ငံရေး စကားပြောစရာလည်း မရှိဘူး။
အဲတော့ နောက်တက်လာမယ့် ဒီမိုကရေစီနည်းကျပေါ့ ပြည်သူလူထုကနေပြီးတော့မှ
ရွေး
ချယ်တင်
မြောက်ထားတဲ့ တရားဝင်အစိုးရနဲ့ပဲ
ကျနော်တို့
ပအိုဝ်းအမျိုးသားရေးကိစ္စတွှေ
နိုင်ငံရေး
ကိစ္စတွေ
စကားပြော မယ်ဆိုတဲ့ ကျနော်တို့
သဘောထားရပ်တည်ချက်ရှိပါတယ်”
ဟု၎င်းက ဆက်
ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပီအဲန်အယ်လ်အို)
က
ယနေ့
ကြေညာချက်
ထုတ်ပြန်ပြီး နအဖ စစ်အစိုး
ရအား
စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက်
ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇)ချက်နှင့် အမိန့်
အာဏာဖြင့်ကျင်းပခဲ့သော
အတုအယောင် ညောင်နှစ်ပင်ညီလာခံမှ ချမှတ်ထားသည့် အခြေခံမူ(၁၀၄) ချက်ကို ပြန်လည်ရုပ်သိမ်းရန်၊
တိုင်းရင်းသားကိုယ်စားလှယ်များ၊
အတိုက်အခံနိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများဖြင့်
ကြားဖြတ်
အစိုးရတစ်ရပ်ဖွဲ့စည်းပြီး
ကြားဖြတ်အစိုးရသို့
အာဏာ
လွဲအပ်ရန်
တောင်းဆို
ထားသည်။
တပြည်လုံးအတိုင်းအတာအရ ဖိနှိပ်အုပ်ချုပ်မှုများ၊
တိုင်းရင်းသားဒေသများတွင် စစ်ရေး ပြင်ဆင်ခြင်း၊
စစ်ဆင်ရေး ထိုးခြင်း၊
လုပ်ကြံသတ်ဖြတ်ခြင်း၊
ညှင်းပန်းနှိပ်စက်ခြင်း
လုပ်ရပ်များကို ရပ်တန့်ရန်နှင့်
စစ်ခေါင်းဆောင်များ စစ်
တန်းလျားသို့ပြန်ရန်
တောင်းဆိုထားပြီး မလိုက်လျောပါက စစ်ဆင်တိုက်ခိုက်မှု
အရှိန်မြင့်၍
ဆက်လက် လုပ်
ဆောင်သွားမည်ဟု
ကြေညာချက်တွင်
ပါရှိသည်။
ပီအဲန်အယ်လ်အို သည် ၂၀၀၇ ခုနှစ် ဇွန်လတွင်
ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့မှ
ခွဲထွက်ပြီး နောက်ဖွဲ့စည်းခဲ့သည့်
အဖွဲ့ဖြစ်ပြီး
၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး၏
မျိုးဆက် ဖြစ်သည်ဟုကြေညာချက်တွင်ဖေါ်ပြထားသည်။
မြန်မာစစ်အစိုးရထံ တရားဝင် လက်နက်အပ်နှံသွားသည့်
ဗိုလ်မှူးကြီး
ခွန်ချစ်မောင် ဦးဆောင်သည့် ရှမ်းပြည်
လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့
(ရလလဖ) အဖွဲ့ဝင်တဦးက
၁၇ ရက်နေ့တွင်
တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း
ယင်းတိုက်ပွဲတွင် ကျဆုံးဒဏ်ရာရမှုများရှိကြောင်း
အတည်ပြုပြောဆိုသည်။
|