|
မလေးရှားရောက် မြန်မာဒုက္ခသည်မိသားစုဝင် သုံးဦးအသတ်ခံရ
ယောက်ျားးအပါအ၀င် မြန်မာသုံးဦးအား ရဲမှ ထိန်းသိမ်းထား
ဇော်ကြီး။
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှားနိုင်ငံ၊
ကွာလာလမ်ပူတွင် နေထိုင်သည့် မြန်မာဒုက္ခသည်အမျိုးသမီး၊
၇ နှစ်သား အရွယ်ကလေးနှင့် အသက် ၂၂ နှစ်အရွယ် ဆွေမျိုးတဦးတို့ နေအိမ်တွင်
ဓါးထိုးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ခင်ပွန်း ဖြစ်သူနှင့် အခြား
မသင်္ကာသူနှစ်ဦးကို ရဲက ဖမ်းဆီးထားသည်။
မိခင်ဖြစ်သူ၏
အလောင်းဘေးတွင် တနှစ်သား ကလေးငယ်ကို အသတ်မခံရပဲ တွေ့ရှိခဲ့ကြသည်ဟု မလေးရှား
သတင်းစာများက ဖော်ပြသည်။
သေဆုံးသူမိသားစုသည်
မကြာခင်က မလေးရှားထီ တစ်သောင်းတန် ပေါက်သည်ဟု သတင်းထွက်ပေါ် ပြီးနောက်
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းအချိန်၌ အသတ်ခံရခြင်း ဖြစ်သည်ဟု
အိမ်နီးချင်းတဦးက ပြောသည်။
“ဓါးပြလို့
တွက်လို့ရပြီးတော့ အဲဒီအချိန်မှာ သူ့ယောက်ျားက မရှိဘူးပြောတယ် မိန်းမရယ်၊
သူ့ခလေး ရယ်၊ ၇ နှစ်အရွယ် ခလေးအမျိုးသမီးရယ် နောက်ပြီးတော့ အသက် ၂၀ အရွယ်
ကောင်လေး တစ်ကောင်။ အဲ အနီးစပ်ဆုံးသိတာတော့ ဟိုဓါးပြပုံစံမျိုးပေါ့
ဝင်တိုက်ရင်းနဲ့ ပိုက်ဆံမရလို့၊ ဘာပစ္စည်း မှ မရလို့ သတ်သွားတယ်။”
၎င်းမိသားစုသည်
ကွာလာလမ်ပူမြို့၊ ဟန်ပန်းမြို့နယ်၊ တာဆစ်ပါမိုင်းရပ်ကွက်တွင် ကုလသမဂ္ဂ
ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုလက်မှတ်ဖြင့် နေထိုင်သူများဖြစ်သည်။
“သူတို့
ထီပေါက်ထားတယ်ပြောတယ်။ နောက်ပြီးတော့ အဲဒီ အသတ်ခံရတဲ့သူတွေအိမ်ကို ရဲတွေက
ခွေးနဲ့အဲမှာ ရဲတွေနဲ့ရှာတဲ့ခါမှာ ခွေးကသွားရှာတွေ့တာ၊ ဘာတွေတွေ့လဲဆိုတော့
ရွှေနဲ့ ပိုက်ဆံတွေ တွေ့သွားတယ်ပြောတယ်၊ ပိုက်ဆံခြောက်ထောင်တဲ့ ရွှေတော့ ဘယ်နှစ်
ကျပ်သားလဲမသိဘူး၊ ရွှေထုတ် နဲ့ ပိုက်ဆံနဲ့ပဲ တွေ့သွားတယ်ပြောတယ် ထီပေါက်တာလဲ
တစ်သောင်းကျော် လောက်ပဲပေါက်ထား တာ။”
ဟု ၎င်းက ဆက်ပြောသည်။
ပြစ်မှုကျူးလွန်ရာတွင်
အသုံးပြုခဲ့သည်ဟု ယူဆရသော သွေးစွန်းနေသည့် ဓါးတချောင်းကို ရဲများက
မီးဖိုအတွင်းမှ တွေ့ရှိခဲ့သည်။
ခင်ပွန်းဖြစ်သူ၏
ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိရသဖြင့် ထိန်းသိမ်းထားခြင်း
ဖြစ်သည်ဟု ရဲများက ဆိုသည်။
|