|
မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ပြန်ပို့မည့်ကိစ္စ စိုးရိမ်ဟု ကုလအရာရှိပြော
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းအလုပ်သမားဝန်ကြီးက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို
ပြန်ပို့မည့်ကိစ္စအား စိုးရိမ်ပူပန်သည်ဟု ရွှေ့ ပြောင်းနေထိုင်လုပ်ကိုင်သူများ
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သူများနှင့် ၂၀၁၀ ခုနှစ်
ဖေဖော်ဝါရီလကုန်မှာ နိုင်ငံသားစီစစ်ရေး စာရင်းမ သွင်းသူများကို
အစုလိုက်အပြုံလိုက်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ကြေငြာလိုက်သည့်အပေါ်
စိုးရိမ်ကြောင်း ကုလ သမဂ္ဂအရာရှိ ဂျော့အေဘတ်စတာမန်တီက ပြောကြောင်း UN
လူ့အခွင့်အရေးဆိုင်ရာ ၀က်ဆိုဒ်၌ မနေ့ကနေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် ထားသည်။
ပြည်နှင်ဒဏ်ပေးခံရမည့်သူများထဲ၌ မူရင်းဌာနေနိုင်ငံသို့ပြန်လည်သွားရောက်ရန်
မသင့်တော်သူများပါဝင်ပြီး နိုင်ငံ တကာမှ အကာအကွယ်ပေးမှုကို လိုအပ်နေသူ
အချို့လည်းပါဝင်သည်ဟု ထိုအရာရှိကပြောကြောင်း ဖော်ပြထား သည်။
ထို့အပြင်
“နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ် လိုအပ်ချက်အရ ထိုင်းနိုင်ငံရှိ
ရွှေ့ပြောင်းအလုပ် သမား များ၏ သေချာရေရာမှုမရှိသော အခြေအနေ ခံစားချက်ဝေဒနာကို
ပိုမိုဆိုးဝါးစေသည်” ဟု ၎င်းက ပြော သည်။
ထို့ကြောင့် ထိုင်းအစိုးရသည် ဒုက္ခသည်များအား အတင်းအကျပ် ပြန်မပို့ရေးဆိုင်ရာ
နိုင်ငံတကာ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို အလေးထားသင့်သည်ဟု သူကဆိုသည်။
နိုင်ငံတကာ
ထုံးတမ်းစဉ်လာများအား လိုက်နာစောင့်ထိန်းရန်နှင့်
ထိုင်းအစိုးရဆုံးဖြတ်ချက်များအား ပြန်လည် စဉ်းစားနိုင်ရန်
တောင်းဆိုဖော်ပြခဲ့သော ယခင်ကာလများက ၎င်းပေးပို့ခဲ့သည့် ပေးစာများအပေါ်
ထိုင်းအစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိသည့်အတွက် စိတ်ပျက်မိသည်ဟု
ဆက်ပြောသည်။
နိုင်ငံတကာမှ ဒုက္ခသည်အဆင့်သတ်မှတ်ခံထားရသူများအား အတင်းအကျပ်ပြန်ပို့ခြင်းထက်
ထိုင်းအစိုးရအနေ နှင့် ထိုင်းနိုင်ငံက အစဉ်အဆက်စောင့်ထိန်းလာခဲ့သည့်
ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် အလှည့်အပြောင်းတစ်ခုခုလုပ်သင့်သည်ဟု
မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ
ဦးသက်ခိုင်က ယခုလို ပြောသည်။
“ထိုင်းက
သက္ခာရှိတဲ့ အစိုးရတစ်ရပ်အနေနဲ့ အစဉ်တစိုက်သူက ဘေးပါတ်ဝန်းကျင်မှာရှိနေတဲ့၊ ဒုက္ခ
ရောက်နေတဲ့ နိုင်ငံသားတွေကို သူ့နိုင်ငံထဲမှာ ယာယီခိုလုံခွင့်ပေးခဲ့တဲ့
အစဉ်အဆက်က ဂုဏ်သိက္ခာ တွေကို ဆက်ထိမ်းတဲ့အနေနဲ့ သူတို့
အလှည့်အပြောင်းတစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်လို့ ကျနော် တော့ ယုံတယ်လေ။”
ထို့အပြင်
မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားငွေရှာဖွေရေး
လုပ်ငန်းများဖြစ်သည့် ပင်လယ်ရေလုပ်သားများ၊ ရော်ဘာလုပ်ငန်းများတွင်
လုပ်ကိုင်ပေးနေသူ များဖြစ်ပြီး ထိုင်းနိုင်ငံသားများမလုပ် လိုသည့်
လုပ်ငန်းများ၌ အခက်အခဲ ကြုံတွေ့နိုင်ယုံသာ မက နိုင်ငံခြားဝင်ငွေ၏ ၁၀
ရာခိုင်နှုန်းခန့် လျော့ကျသွား နိုင်သည်ဟု ၎င်းကသုံးသပ် ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိသည့်အနက် တရားဝင်
အလုပ်သမားမှတ်ပုံတင် ပြုလုပ်သူ ထက်ဝက်ခန့်သာရှိသည်။
|