|
စစ်တပ်လုပ်အားပေးကြောင့် ရွာသားများ
တောင်ယာမလုပ်နိုင်
သတင်းနှင့်မီဒီယာကွန်ယက်။
မတ်လ ၁၉ ရက်၊ ၂၀၀၈ ခုနှစ်။
ကယားပြည်နယ် ဒီမောဆိုမြိ့နယ်
ဒေါတမကြီးကျေးရွာအုပ်စုရှိ ရွာသားများကို မြန်မာစစ်အစိုးရ တပ်မှ သစ်ဝါးများ
ခုတ်ခိုင်းနေသည့်အတွက် ရွာသားများသည် တောင်ယာခုတ်ရန် အခက်အခဲ ရှိနေကြသည်ဟု
ကရင်နီလူမှု ကယ် ဆယ်ရေး နှင့် ဖွံ့ဖြိုးရေး ပင်မအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက
ပြောသည်။
ဒေါတမကြီးကျေးရွာကို
အသစ်ရောက်ရှိလာသည့် ခမရ ၄၂၇မှ ဗိုလ်မှူး အောင်မျိုးမင်း ဦးဆောင်သော အဖွဲ့နှင့်
ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ခွဲထွက်လာသည့် နဂါးအဖွဲ့ က
တပ်စခန်းတည်ဆောက်လုပ်ရန်အတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က စတင်၍သစ်
ဝါးများ တောင်းခံခြင်းဖြစ်သည်။
စစ်တပ်က
အဓမ္မွသစ်ဝါးများတောင်းယူနေသော အခြေအနေကို ကရင်နီလူမှုကယ်ဆယ်ရေး အဖွဲ့မှ
ပြောရေးဆို ခွင့်ရှိသူ ကိုဝင်းမင်း က ယခုလို ပြောသည်။
ဒေါတမကြီး
ကျေးရွာဆိုလို့ရှိရင် သူခြံစည်းရိုးတိုင်ကာဖို့အတွက် ငါးတောင်တစ်ထွာရှိတဲ့
တိုင်ပေါ့နော် ၊ တိုင်က အချောင်း ၁၂၀ တောင်းတယ်။ နောက်ဒီ ဒေါမီးခူ ရွာကျတော့
ဝါး အချောင်း ၂၀၀ တောင်း တယ်။ နောက်ဒီ ဒေါဆိုဖျား ရွာကျတော့ ၀ါး အချောင်း ၁၅၀
တောင်းတယ်။ နောက် ဒေါ့ဆိုးရွာ ကျတော့ ၀ပိုးနော် ၀ါးပိုး ၀ါးကြီးမျိုးပေါ့
ဝါးပိုးဆိုတော့ အဲ့ဒါ အချောင်း ၈၀ တောင်းတယ်။ နောက် ဒေါတချားရွာလည်း အချောင်း
၈၀ တောင်းတယ် ၀ါးပိုးဝါးပဲ။ အဲ့ဒါကို ဒီ မတ်လ မကုန်ခင်မှာ အ ရောက်ပို့ရမယ်တဲ့
အဲ့ဒီစခန်ုးကိုပေါ့နော်။
သစ်နှင့်ဝါးများကို
ယခုလ မကုန်မီ မပို့ပေးနိုင်ပါက ရွာပြောင်းရွှေ့ခံရမည်ဟု စစ်တပ်က ပြောဆိုထားပြီး
သစ်ဝါး များရှားပါးခြင်း နှင့် နွေရာသီတွင် တောင်ယာခုတ်ရန်
လိုအပ်နေခြင်းကြောင့် ရွာသူ ရွာသားများ အခက်အခဲ ကြုံတွေ့နေကြရသည်ဟု
ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မအဖွဲ့မှ ကိုဝင်းမင်း က ဆက်လက် ပြော
သည်။
ရွာသားတွေက
ဒုက္ခရောက်တာပေါ့ ၊ အခုအချိန်ဆိုလဲ ၀ါးတွေ တိုင်တွေ ခုတ်ရတာလဲ အဝေးကြီးသွား
ခုတ်ရတာကော၊ နောက်ပြီးတော့ ဒီအချိန်ဆိုလဲ သူတို့ တောင်ယာခုတ်ဖို့ လည်းလိုပြီလေ၊
အဲ့ဒါ ခုတ်ဖို့လည်း လိုပြီဆိုတော့ အဲ့မှာ သူတို့က အလုပ်က ဟိုမှာလည်း
လုပ်ပေးရတယ်၊ ဒီမှာလည်း လုပ် ပေးရတယ်လေ အဲ့လိုမျိုး ဥပမာ
ဝါးပိုးဝါးဆိုလို့ရှိရင် ၀ါးကြီးမျိုးဆိုလို့ရှိရင် အဝေးကြီးသွားခုတ်ရ တယ်။
တစ်ရက်ခရီးလောက် ရှိတယ်။ အဲ့ဒီ ၀ါးခုတ်တဲ့နေရာက။
ကယားပြည်နယ်အတွင်းရှိ
ရွာသူရွာသားများသည် တောင်ယာနှင့် လယ်ယာများကို အဓိက စိုက်ပျိုးလုပ်ကိုင်
စားသောက်ကြပြီး ပြီးခဲ့သည့်နှစ်က ဖရူဆိုမြို့နယ်တွင် မိုးသည်းထန်စွာ
ရွာသွန်းခြင်းနှင့် စပါးဖျက်ပိုးများကျရောက် ခြင်းတို့ကြောင့်
စားနပ်ရိက္ခာမလုံလောက်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖေဖေါ်ဝါရီလ ၆ ရက်နေ့က
ကယားပြည်နယ် မော်ချီးမြို့အခြေစိုက် ခလရ ၅၄ တပ်ရင်းမှ တပ်ရင်းမှူး
ဝင်းနိုင်စိုး နှင့် အဖွဲ့သည် မော်ချီး- ပဟားလို ကားလမ်းရှင်းရန်အတွက်
ကျေးရွာအလိုက် တအိမ်တစ်ယောက် ဆင့်ခေါ်ပြီး လုပ်အားပေးခိုင်းစေမှုများ ရှိခဲ့သည်။
|