|
လုပ်ခတိုးတောင်းသူ အလုပ်သမားများ ရိုက်နှက်ခံရ၊
ဒဏ်ရာ ပြင်းထန်
ခွန်အောင်မြတ်။
မတ်လ ၁၉ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းနယ်စပ် မဲဆောက်အနီး နှင်းဆီခြံတခုတွင်
လုပ်ခတိုးတောင်းသည့်အတွက် ဦးဆောင်သူ မြန်မာအလုပ် သမား
သုံးဦးအား အလုပ်ရှင်က ရိုက်နှက်ရာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ဟု
ယင်းနှင်းဆီခြံမှ အလုပ်သ
မားများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့်
မဲဆောက်မြို့တောင်ဘက် ၃၅
ကီလိုဝေးသည့် ဖုတ်ဖရမြို့နယ်အတွင်း
နှင်းဆီ ခြံတခြံတွင်
လုပ်ကိုင်နေကြသည် အလုပ်သမားများက လုပ်အားခ
တိုးတောင်းရာမှ အလုပ်ရှင်က လူမိုက်ငှါးပြီး ဦးဆောင်သူ
အလုပ်သမား သုံးဦးဖြစ်သည့် ဆန်းမင်းနိုင်၊ အညာသားနှင့်
ကိုလှိုင်တို့ကို
ရိုက်နှက်ခဲ့သည်ဟု ဆန်း မင်းနိုင်ကပြောသည်။
လူမိုက်အဖွဲ့များက
ကားတစီးဖြင့်ရောက်လာပြီး ခေါင်းဆောင်သူများကို
ခေါ်ထုတ်ခဲ့ပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု အရိုက်ခံရသူ
အလုပ်သမား ဆန်းမင်းနိုင်က ပြောသည်။
“သေနတ်တွေနဲ့
ကြိမ်းမောင်းပြီးတော့ပေါ့နော်
လာအုံးလာအုံးဆိုပြီးတော့ သားတို့သွားခဲ့တယ်။
လူ အုပ်တွေ စုံပြီးတော့
ထိုင်လိုက်တယ်။ သားတို့လေးယောက်ကို
ထုတ်တဲ့ လေးယောက်ကို ခေါ်ထုတ် တယ်။
သားတို့ သုံးယောက်ကို ထိုင်ခိုင်းတားတယ်။
တစ်ယောက်ကတော့ ရှာလို့မတွေ့သေးဘူး။
အထုပ်တွေ သွားပို့တယ်။
အဲတစ်ယောက်ကို စောင့်နေရင်းနဲ့ သားတို့သုံးယောက်စောင့်နေရင်းနဲ့
မလာတဲ့ အခါကျတော့ သားတို့ သုံးယောက်ကို ရိုက်ပါတယ်
မျက်နှာတွေရော ပိတ်ကန်တယ်။”
အရိုက်ခံရသူ သုံးဦးအနက် အခြားနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု
ဆန်းမင်းနိုင်က ပြောသည်။
“တစ်ယောက်ကတော့
သတိလစ်နေတယ်။
ရတချက် မရတချက်ပေါ့နော်။ ခေါင်းတွေလည်း ပေါက်
သွားတယ်။ အခု သားပြောတဲ့လူကတော့
ခြေထောက်တွေရော လက်တွေရော နံရိုးတွေရော တကိုယ် လုံးကို
ကိုက်ခဲပြီးတော့ ထမင်းလည်း မစားနိုင်ဘူး။”
တရက်လျှင်
လုပ်အားခ ဘတ်ငွေ ၇၀ ရရှိရာမှာ ဘတ် ၈၀ ပေးရန် တိုးတောင်းရာ အလုပ်ရှင်က သဘောတူခဲ့
သော်လည်း ဦးဆောင်သူဟု ယူဆရသည့် အလုပ်သမား ၄ ဦးကို
အလုပ်ထုတ်လိုက်ခဲ့သည်။
ကျန်အလုပ်သမားများက ဆန္ဒပြသည့်
အနေဖြင့် အားလုံး အလုပ်မှထွက်ခဲ့သည်ကို အလုပ်ရှင်က လိုက်ခေါ်
ဆောင်ပြီး ဦးဆောင်သူများကို
ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ဆန်းမင်းနိုင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး
မဲဆောက်ရှိ အလုပ်သမား အခွင့်အရေးဆိုင်ရာ ရှေ့နေအဖွဲ့မှ
ရှေ့နေများ၊ မြန်မာနိုင်
ငံ ရှေ့နေများကောင်စီနှင့်
အလုပ်သမားရေး အဖွဲ့များ၏
အကူအညီဖြင့် အရိုက်နှက်ခံရသူများက ရဲစခန်းတွင် အ မှုဖွင့်
တိုင်ကြားထားသည်။
ဖုတ်ဖရမြို့နယ်အတွင်းရှိ
တောင်ယာခြံများ၊ နှင်းဆီပန်းခြံများတွင်
မြန်မာ အလုပ်သမားများ ထောင်နှင့်ချီ၍ နေ့
စား၊ လစားအဖြစ် လုပ်ကိုင်ကြသည်။
နှင်းဆီခြံတွင်
ကျန်ရစ်သည့် အလုပ်သမား (၈၀)ခန့်သည်လည်း နေထိုင်ရေးနှင့်
လုံခြုံရေးအတွက် စိုးရိမ်နေကြ
သည်ဟု အလုပ်သမ မထွေးက ပြောသည်။
“သမီးတို့သဘောက
အခု အပြင်ကို အလုပ်ထွက်လုပ်လို့ရှိရင်လည်း
ဒီနီးနားဝန်းကျင်မှာ မလုပ်ရဘူး။ လုပ်လို့ရှိရင်
ပြဿနာရှာမယ်။ သတ်မယ်ပေါ့
ကြိမ်းပါတယ်။
သမီးတို့ ခုလောလောဆယ် စားဝတ်
နေရေး အခက်အခဲနဲ့ နေစရာ ထိုင်စရာ မရှိတဲ့ အကြပ်အတည်းနဲ့
လုံခြုံရေးနဲ့ပေါ့ သမီးတို့
အတွက် ကျရောက်မယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့ပေါ့၊”
အလုပ်ထွက်ခဲ့ရသည့်အလုပ်သမားများနေထိုင်ရေးအတွက် လောလောဆယ်တွင် အလုပ်သမားကူညီ
စောင့်ရွက်
ရေးအဖွဲ့များက
တာဝန်ယူထားပေးသည်။
|