|
ဆွေးနွေးရန်
ကြိုးပမ်းစဉ်
စစ်အင်အားတိုးချဲ့မည်ဟု
အက်စ်အက်စ်အေ-တောင်ပိုင်း ဆုံးဖြတ်
သတင်းနှင့်
မီဒီယာကွန်ယက်။
ဇွန်လ ၁၉ရက်၊
၂၀၀၇ခုနှစ်။
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-တောင်ပိုင်း)၏
ခြောက်လပတ်
အစည်းအဝေးကို ယခုအပတ် အစောပိုင်း
တွင် ကျင်းပခဲ့ပြီး
နအဖစစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို
ဆက်လက်ကြိုးပမ်းသွားရန်နှင့်
တချိန်တည်းတွင် စစ်အင်အား တိုးမြှင့်တည်ဆောက် သွား ရန် ဆုံးဖြတ်ခဲ့သည်။
လွိုင်တန်းလျန်းရှိ အက်စ်အက်စ်အေ-တောင်ပိုင်းဌာနချုပ်တွင် ယခုလ ၁၄ရက်စ၍
နှစ်ရက်ကြာကျင်းပခဲ့သော
အ
စည်းအဝေး၌
ယင်းသို့
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရန်
ကြိုးပမ်းနေစဉ်
စစ်အင်အားတိုးမြှင့်တည်ဆောက်ရန် ဆုံးဖြတ်ရခြင်း နှင့် ပတ်သက်၍
“ဒီ
ဟာက စစ်ရေးပိုင်းလေ၊
စစ်ရေးပိုင်းကတော့ ကိုယ်က စုဆောင်းရမှာပဲ၊ ဒါပေမယ့် အတတ်နိုင်ဆုံး
က
တော့
နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးနည်းနဲ့
ဖြေရှင်းဖို့
ကြိုးစားမယ်။
အကယ်၍
မတတ်နိုင်တဲ့ အ
ဆုံးတော့လည်း
စစ်ရေးဆို စစ်ရေးပေါ့၊”
ဟု
SSA
-တောင်ပိုင်း၏
လက်ထောက်ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်
စိုင်းစံမိန်းက ပြောသည်။
ယင်း ၆လပတ်
အစည်းအဝေးတွင်
ပြီးခဲ့သော
နှစ်ဝက်မှ လုပ်ငန်း အကောင်အထည် ဖေါ်မှုများကို
ပြန်လည်
သုံးသပ်ခဲ့ပြီး
စစ်အင်အား ထပ်မံဖြည့်ဆည်းရန်၊
နအဖစစ်အစိုးရနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့်
ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အကြား
စည်းလုံးညီညွတ်မှုရရှိရေးကို
ကြိုးပမ်းသွားရန်တို့ကို
ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးသို့
SSA-တောင်ပိုင်း၏
နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော
ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ(RCSS)၏
ဥက္ကဌ
ဗိုလ်မှုးကြီး
ယွတ်ဆစ်နှင့်အတူ ဒုဥက္ကဌ၊
SSA-တောင်ပိုင်း၏
စစ်ဦးချုပ်၊
စစ်ရေး
ကော်မတီနှင့် ဗဟိုဌာနချုပ်မှ
ဌာနဆိုင်ရာ ကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
လွန်ခဲ့သောလ
၂၃ရက်နေ့က
SSA-တောင်ပိုင်းနှင့်
နအဖစစ်အစိုးရ ကိုယ်စားလှယ်များ အကြား
တွေ့ဆုံဆွေး
နွေးရန်
ချိန်းဆိုခဲ့သော်လည်း စစ်အစိုးရဖက်မှ လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် ဆွေးနွေးပွဲ
မအောင်မြင်ခဲ့ပေ။
SSA-တောင်ပိုင်းသည်
ခွန်ဆာခေါင်းဆောင်သော မော်ထိုင်းတပ်မတော်က ၁၉၉၆ခုနှစ် တွင် နအဖ စစ်အစိုးရထံ
လက်နက်ချသွားချိန်၌
သီးခြားခွဲထွက်ကာ စစ်အစိုးရကို ဆက်လက်၍
တော်လှန်တိုက်ခိုက်နေသော တပ်ဖွဲ့ဖြစ်
သည်။
|