|
ကလေးငယ်များမှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကျင်းပ
ဇော်ကြီး။
ဇွန်လ ၁၉ ရက်၊ ၂၀၀၉
ခုနှစ်။
ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ် ၄၂ ကီလိုမီတာရှိ တို့မိတ်ဆွေ စာသင်ကျောင်းမှ
ကလေးငယ်များက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)
နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲတရပ် ကျင်းပခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဦးဆောင်ကျင်းပပေးသူ တို့မိတ်ဆွေစာသင်
ကျောင်းမှ ဆရာထိုက်သူ အောင် က ဆုတောင်းပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ယခုလို
ရှင်းပြခဲ့သည်။
“ကျနော်တို့ ဒီဆုတောင်းပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ကလေးတွေရဲ့
ရင်ထဲမှာ ယနေ့ အချိန် သမိုင်းစာမျက်နှာမှာ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူတို့ရင် ထဲကနေ ကလေးတွေအားလုံးလက်ဆင့်ကမ်း
သယ်ဆောင်တာပေါ့။ သမိုင်းမှာ အကြီးမားဆုံး အမျိုး သမီးခေါင်းဆောင်တယောက်ကို
သိစေချင်လို့ ဒီပွဲလေးကိုလုပ်တာပေါ့နော်။ နောက်တခုက ဒေါ်အောင် ဆန်းစုကြည်ရဲ့
လက်ရှိဖြစ်ပေးနေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကျနော်တို့ဆုတောင်း
မေတ္တာပို့သတာပါ။”
ဆုတောင်းပွဲသို့ တက်ရောက်လာသူများနှင့် ကျောင်းသူ၊ကျောင်းသားများမှ
ဖယောင်းတိုင် ကိုယ်စီထွန်းညှိ၍ ဒေါ် အောင်ဆန်းစုကြည် ကျန်းမာစေကြာင်း၊
အသက်ရာကျော်ရှည်စေ ကြောင်းနှင့် အကျဉ်းကျခံ ဘ၀မှ အမြန်ဆုံး
လွတ်မြောက်နိုင်စေရန် ဆရာထိုက်သူအောင်မှ ရှေ့မှတိုင်ပေးပြီး ကလေးများနှင့်
ဆုတောင်းပွဲတက်ရောက်သူ များက လိုက်ဆိုကြသည်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်ဒေသ၌လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)
မှ ဦးဆောင်၍ မွေးနေ့ပွဲဖြစ် မြောက်ရေးကော်မတီတရပ်ဖွဲ့ကာ ဒေါ်အောင်ဆန်းစုကြည်၏
မွေးနေ့ ဆုတောင်းပွဲကို ယမန်နေ့မှစ၍ နှစ်ရက် တိုင် ပြုလုပ်ခဲ့ကြသည်။
ယမန်နေ့က မွေးနေ့ပွဲ အထိမ်းအမှတ်အဖြင့် မြန်မာနိုင်ငံသား ၁၃၈ ဦး
သွေးလှူဒါန်းခဲ့ကြပြီး ပွဲဖြစ်မြောက်ရေး ကော်မတီက သွေးလှူရှင်များအား အ၀ါရောင်
အသုံးအဆောင်ပစ္စည်း များနှင့် အ၀ါရောင်အကျီများ လက်ဆောင် ပေးအပ်ခဲ့သည်။
ယနေ့နံနက်ပိုင်းက သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းကာ နေ့လည်ပိုင်းတွင် မွေးနေ့
အထိမ်းအမှတ်အဖြစ် သက်စေ့ဆီမီးပူဇော်ခြင်း၊ ငါးလွတ်ခြင်း၊
မိုးပျံပူဖောင်းလွတ်ခြင်း၊ သစ်ပင်စိုက်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။
ချင်းမိုင်မြို့ရှိ ထိုင်းအဲန်ဂျီအိုအဖွဲ့များ၊ တက္ကသိုလ်ကျောင်းသားများနှင့်
ချင်းမိုင်ရှိ အတိုက်အခံ အဖွဲ့အစည်းများ စုပေါင်း၍ ယနေ့ မွန်းလွဲပိုင်းတွင်
ချင်းမိုင်တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်
ကျင်းပသည့်အခမ်းအနားတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဖိလစ်ပိုင် ပါလီမန်
အမတ်များက တက်ရောက် ဆွေးခဲ့ကြသည်။
ညနေပိုင်းတွင် ထားဖယ်ဂိတ်တွင် ဆီမီးထွန်းပြီး ဆုတောင်းပွဲများ၊ ဂုဏ်ပြု
သီချင်းများဖြင့် ကျင်းပမည်ဖြစ်သည်။
အလားတူ
ထိုင်းမြန်မာနယ်စပ် ဖန်ငခရိုင်၌လည်း လူထုအခြေပြုလူ့အခွင့်အရေးအဖွဲ့ (GHRE) မှ
ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အခမ်းအနားကိုပြုလုပ်ခဲ့သည်။
နံနက်ပိုင်း၌ သံဃာ ၅ ပါးအား ဆွမ်းကပ်လှူ၍ သက်စေ့ ဆီမီးပူဇော်ခြင်း၊
ငါးလွတ်ခြင်းနှင့် ဒေါ်အောင်ဆန်းစု ကြည်ပုံ နှင့် မိန့်ခွန်းများပါသည့်
ပို့စ်ကဒ်များကို အခမ်းနားတက်ရောက် လာသူများအား ဝေငှပေးခဲ့သည်။
ထို့အတူ
ထိုင်းနိုင်ငံဘန်ကောက်မြို့၌ မြန်မာဒီမိုကရက်တစ် ကွန်ယက်အဖွဲ့ (BDN) မှ
ဦးဆောင်၍ ဒေါ်အောင် ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သက်စေ့ဆီမီးပူဇော်
ဆုတောင်းခဲ့ကြသည်။
ဆုတောင်းပွဲအပြီး၌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ရေးသားထားသည့်
ကြေငြာချက်တစောင်အား ထိုင်း ပြည်သူလူထုအတွင်းသို့ ဖြန့်ဝေပေးခဲ့သည်။
ယနေ့တွင်ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)
နှစ်ပြည့် မွေးနေ့ဆု တောင်းပွဲများကို ကမ္ဘာနှင့်အ၀ှမ်းပြုလုပ်ခဲ့ကြသည်။
|