|
မံစီ လူထု
အာဇာနည်နေ့တွင် လုပ်အားပေးနေရ
သတင်နှင့်မီဒီယာ ကွန်ယက်။
ဇူလိုင် ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။
ယနေ့ကျရောက်သော
အာဇာနည်နေ့တွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခြင်းမရှိပဲ ကချင်ပြည်နယ် မံစီ
မြို့ရှိ ဒေသခံပြည်သူများမှာ မြို့သန့်ရှင်းရေး လုပ်အားပေးနေရသည်ဟု ဒေသခံ တဦးက
ပြောသည်။
“အာဇာနည်နေ့ကတော့ ဘာအခမ်းအနားမှ မရှိဘူး။ ဒါပေမယ့် လုပ်အားပေးတော့ ရှိနေတယ်။
ဒုတိ ယ ဗိုလ်ချုပ်ကြီး ရဲမြင့်ပေါ့။ သူလာဖို့ အစီစဉ်ရှိတယ်တဲ့။ ရှိတဲ့ခါကျတော့
ဒီမှာ လုပ်အားပေးတွေလုပ် နေရတယ်။ ထုံးစံအတိုင်း ကြက်ဆူစိုက်၊ ကြက်ဆူခြံရှင်း၊
တမြို့လုံး သူ့အတိုင်းအတာနဲ့သူ။ မနေ့ ကဆိုရင် ဆေးရုံးရှေ့ သန့်ရှင်းရေး
မောရ၀တီက လာလုပ်နေရတာ။ မောရ၀တီရပ်ကွက်က။ နောက် ပြီးတော့ ဆီဆိုင်
ရောင်းတဲ့သူတွေကလည်း သူတို့မြေကွက်တွေ သတ်မှတ်ပေးပြီးတော့ ကြက်ဆူ စိုက်၊
ခြံရှင်း အဲလို ခိုင်းထားတာ။ ”
ကာကွယ်ရေး
ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် လာရောက်မည်ဖြစ်၍ မံစီလူထုမှာ
ယခုကဲ့သို့ အာဇာနည် နေ့တွင် မြို့သန့်ရှင်းရေး လုပ်အားပေးရခြင်းဖြစ်သည်ဟု
ဒေသခံများက ပြောသည်။
ယနေ့ကျရောက်သည့်
နှစ်(၆၀)မြောက် အာဇာနည်နေ့တွင် ကျောင်းများ ပိတ်ထားသည်မှလွှဲ၍ အထိမ်းအမှတ်
အခမ်းအနားများ ကျင်းပခြင်းမရှိဟု ဒေသခံက ပြောသည်။
“ကျောင်းကတော့ ပိတ်တယ်။ အခမ်းအနားတော့ လုံးဝ မလုပ်ဘူး။ အလံထူခြင်းလည်း မရှိဘူး။
အာ ဇာနည်နေ့ မှန်းလည်း မသိဘူး။ မသိမသာ ကျောင်းပိတ်သွားတာ။ အာဇာနည်နေ့ဆိုပြီး
ဟောပြောပွဲ လည်း မရှိဘူး။ ဆောင်းပါးတို့၊ စာစီစာကုံးပြိုင်ပွဲ ဘာမှ မရှိဘူး။
ခါတိုင်း အထိမ်းအမှတ်ဆို ရှိတယ်။ ခါတိုင်းဆိုရင် အမျိုးသမီး ရေးရာနေ့တို့၊
လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တို့၊ တပ်မတော်နေ့ တို့ဆို ရှိတာပေါ့။”
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်
ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ သည့်နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ထားပြီး
ယနေ့သည် နှစ် ၆၀ မြောက်ကျရောက်ခြင်း ဖြစ်သည်။
နိုင်ငံအနှံ့
မြို့နယ်အသီးသီးရှိ အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ယနေ့ကျရောက် သည့် အာဇာနည်နေ့တွင် အခမ်းအနားများ ပြုလုပ်ရန် ခွင့်တောင်းခဲ့
သော်လည်း မြန်မာအာဏာပိုင်များက အာဇာနည်နေ့သည် နိုင်ငံတော်နှင့် သက်ဆိုင်၍
နိုင်ငံတော်တွင်သာ တာဝန်ရှိသည်ဟု ဆိုကာ နေရာအများစု တွင် ငြင်းပယ်ခဲ့သည်။
အတိုက်အခံ
ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍
မြန်မာ့သမိုင်း တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အရေးပါမှုကို ပျောက်ကွယ်စေရန်
အာဇာနည်နေ့ကို စစ်အာဏာပိုင်များက လူအ များ သတိမပြုမိစေရန် ကြိုးပမ်းနေသည် ဟူသော
စွပ်စွဲချက်များလည်း ရှိနေသည်။
|