|
ဟန့်တားသည့်ကြားမှ
ရွှေဘို
အဲန်အယ်ဒီ အာဇာနည်နေ့အခမ်းအနားပြုလုပ်
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၁၉ ရက်၊
၂၀၀၇ ခုနှစ်။
ယနေ့
ကျရောက်သည့် အာဇာနည်နေ့
နှစ်(၆၀)မြောက် အခမ်းအနားကို စစ်ကိုင်းတိုင်း၊
ရွှေဘိုမြို့နယ်
အမျိုး
သား
ဒီမိုကရေစီ
အဖွဲ့ချုပ်က
အာဏာပိုင်များ
ဟန့်တားသည့်ကြားမှ
ပြုလုပ်နိုင်ခဲ့သည်။
ယနေ့မနက်ပိုင်း
(၇)နာရီတွင် ရွှေဘိုမြို့ရှိ
ပါယိကာယိကျောင်းတိုက်တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များက
အာဇာနည်
ခေါင်းဆောင်
များအား
ရည်စူး၍
ဆွမ်းကျွေး၊
သီလယူ၊တရားနာ
ကောင်းမှုဒါနပြုခဲ့ပြီး
မနက် ရှစ်နာရီခွဲတွင်
ရွှေဘို
မြို့
အမှတ်(၁၀)ရပ်ကွက်ရှိ၊
မြို့နယ်စည်းဥက္ကဌ
ဦးသန်းညွှန့်
နေအိမ်၌
အာဇာနည် ခေါင်းဆောင်များ၏
ဂုဏ်ပုဒ် များနှင့်ပတ်သက်၍
ဟောပြောဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်ဟု မြို့နယ်အဖွဲ့ချုပ်
တွဲဘက်အတွင်းရေးမှူး ဦး
အောင်မျိုးက
ပြောသည်။
ထိုသို့အခမ်းနားပြုလုပ်ရာတွင်
အာဏာပိုင်များက
လမ်းများပိတ်ဆို့ထားမှုကြောင့်
လူအင်အား အနည်းငယ်သာ တက်ရောက်နိုင်ခဲ့ပုံကို သူက အခုလို ပြောသည်။
“
အခမ်းနားက လူအင်အား
သိပ်မတက်နိုင်ဘူး။
ဘာကြောင့်လဲဆိုတော့
ဒေသဆိုင်ရာ
အာဏာပိုင်
အဖွဲ့စည်းက
မနက်ခြောက်နာရီ မထိုးခင်ကတည်းက ကျနော်အခမ်းနားသွားရာ လမ်းတ
လျောက်မှာ အဆင့်ဆင့်
ပိတ်ပစ်လိုက်တယ်။
ပိတ်လိုက်တော့ ကျနော်တို့အဖွဲ့ဝင်တွေက
လမ်းကြိုလမ်းကြား
အိမ် ကြိုအိမ်ကြားကနေ
မဖြစ်ဖြစ်အောင် သွားရတယ်ဆိုတော့ တချို့လည်း
လာလို့မလာရအောင်
ပိတ်
လိုက်တယ်။
လူတွေဖြတ်သန်း သွားလာမှုမရှိအောင်
ပိတ်လိုက်တာ။
အဲဒါကြောင့် လူအင်အား
နှစ်
ဆယ်
လောက်နဲ့ဘဲ
လုပ်ဖြစ်တယ်။”
အာဇာနည်အခမ်းနားကျင်းပခွင့်ပြုရန် အာဏာပိုင်များထံ
ရွှေဘိုမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
တပတ် ကြို
တင်၍
တင်ပြမှုအပေါ်
အာဏာပိုင်များက
တားမြစ်ခဲ့သည်ဟု သူက အခုလို ပြောသည်။
“ကျနော်တို့က
(၁၉)ရက်နေ့က
ကျင်းပမယ်ဆိုတော့ (၁၂)ရက်နေ့က
အကြောင်းကြား
ခဲ့တာပေါ့ နော်။
(၁၆)ရက်နေ့မှာ
စာနဲ့ဆက်တယ်ဗျာ။
ဒီအခမ်းနားကို ကျင်းပခွင့်မရှိဘူး။
ခွင့်မပြုတဲ့
အကြောင်း
။ နောက်တခါ (၁၈)ရက်နေ့ကျတော့
အဖွဲ့ချုပ်
ဥက္ကဌဦးသန်းညွန့်ကို
မြို့နယ်
မ၀တရုံးမှာခေါ်ပြီး
တော့
ဒီဟာကို မလုပ်ဖို့
လူကိုယ်တိုင်ခေါ်ပြီးတော့
တားမြစ်တာတွေ ရှိတယ်။
ဒါပေမယ့် ကျနော်တို့
အနေနဲ့တော့
ဒီကိစ္စဟာ
ဥပဒေဘောင်အတွင်းက လုပ်ရမယ့်ကိစ္စဖြစ်
တယ်။
အမျိုးသားရေး ဂုဏ်အင်
လက္ခဏာ၊
တိုင်းပြည်ရဲ့
အမျိုးဂုဏ်မြင့်တင်တဲ့
လုပ်ရပ်လည်း
ဖြစ်တယ်ဆိုတာကို အခိုင်အမာ
ယုံကြည်
တဲ့အတွက်
လုပ်ဖြစ်တာပါ။”
ပြီးခဲ့သည့်
ဇွန်လ(၁၉)ရက် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစု
ကြည်၏ (၆၂)နှစ်မြောက်
မွေးနေ့ပွဲကို
ရွှေဘိုမြို့နယ်
ဒီမိုကရေစီအဖွဲ့ချုပ်က
ကျင်းပစဉ်ကလည်း အ
မည်မသိ လူတစု၏
နှောင့်ယှက်မှုများနှင့်
လေးခွနှင့်ပစ်ခြင်းများကို ခံခဲ့ရသည်။
|