မြန်မာအလုပ်သမားများ ထိုင်းတွင် အခွင့်အရေးပိုမိုရတော့မည်

ဇာဇာမော်။
သြဂုတ် ၁၉ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာအပါအ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအတွက်ထိုင်းအလုပ်သမားများနည်းတူ အကျိုးခံစား ခွင့်ပေးသည့် ဥပဒေတရပ်ကို ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖှုလုံရေးဌာနမှ တနင်္လာနေ့က ထုတ် ပြန်လိုက်သည်။

ထိုင်းနိုင်ငံရှိတရားဝင်အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသည့်နိုင်ငံခြားသား အလုပ်သမားတိုင်းသည် ယင်း ဥပဒေအရထိုင်းအလုပ်သမားများနည်းတူ အကျိုးခံစားခွင့် ရလိမ့်မည် ဟုရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံ ဦးမိုးဆွေက ယခုလိုပြောသည်။

“ဥပဒေသဘောအရတော့ တရားဝင်မှတ်ပုံတင်လုပ်ထားတဲ့ အလုပ်သမားတွေအတွက်ကို ဆိုလိုတဲ့ သ ဘော ပါပဲ။”

ထို့အပြင် ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနမှ လွန်ခဲ့သည့် ဇူလိုင်လကစတင်၍ ပြုလုပ်ပေးလျှက်ရှိသည့် တ ရားမ၀င်နိုင်ငံခြားသား အလုပ်သမားနှစ်သန်းသည်လည်း တရားဝင်အလုပ် သမားမှတ်ပုံတင် ရရှိလာပါက ယင်း ဥပဒေအရအကျိုးခံစားခွင့်ရှိ လာမည်ဖြစ်သည်။

ယခင်က ပြဌာန်းခဲ့ဖူးသော ဥပဒေများ ရှိသော်လည်း မြန်မာအလုပ်သမားများ အနေနှင့် အကျိုးခံစားခွင့် မရကြ ကြောင်း ဦးမိုးဆွေကယခုလိုဆက်ပြောသည်။

“ဥပဒေမှာ အရင်ကတည်းက ရှိပြီးသားဖြစ်ပေမယ့် လက်ရှိအလုပ်သမားတွေဟာ အကျိုးခံစားခွင့်မရ ကြဘူး။ နားရက်လည်းမရှိဘူး။ အချိန်ပိုဆင်းရတာတွေလည်းရှိတယ်။ ပိုက်ဆံ မရဘူး။ တစ်ပတ်ကို တစ်ရက် ပိတ်ပေးရမယ်ဆိုတဲ့အချက်တွေကိုလည်း မဲဆောက်အလုပ် သမားတွေဟာ ခံစားခွင့်မရကြ ပါဘူး”

မဲဆောက် ဒေသတွင်  တစ်ရက်လုပ်အားခ ၁၅၁ ဘတ်နုန်း အစိုးရမှ တရားဝင်သတ်မှတ်ထားသော်လည်း ထို ဒေသရှိ အလုပ်သမားများသည် တစ်ရက်လျင်  အများဆုံး ဘတ် ၆၀ ခန့်သာရရှိကြသည်။

ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော်ရှိရာ တရားဝင် အလုပ် သမားမှတ်ပုံတင်ပြုလုပ်ထားသူ ငါးသိန်းကျော်ရှိသည်ဟု အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းကြ သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။