|
သံဃာ့မြို့တော်တွင် ကံဆောင်ပြီ
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။
သံဃာ့မြို့တော်ဖြစ်သည့် မန္တလေးတွင် ရဟန်းသံဃာတော် ၁၀၀၀ ခန့် ယနေ့နံနက်
မြို့တွင်းသို့ မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ဆို ကြွချီခဲ့ပြီးနောက်
ဘုရားကြီးပရ၀ုဏ် အတွင်း၌ ကမ္မ၀ါစာ ရွတ်ဖတ်ပြီး ပတ္တနိက္ကုဇ္ဖန ကံ ဆောင်
သပိတ်မှောက်ကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မစိုးရိမ်တိုက်သစ်ရှိ
သံဃာတော်များ ဦးဆောင်၍ ပြုလုပ်ခဲ့သော အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်၍ မျက်မြင်
သက်သေ တဦးက “ပထမဦးဆုံး (၇)နာရီထိုးလောက်မှာ ဘုရားကြီးရဲ့
မြောက်ဘက်မုဒ်ကနေပြီးတော့ သုံးပါး တတန်းပေါ့နော် အဲဒီအတိုင်း မေတ္တာသုတ်ရွတ်လာ
တယ်။ မေတ္တာသုတ်ရွတ်လာပြီးတော့ ဘု ရားပရ၀ုဏ်ထဲကို ၀င်တယ်။ ကမ္မ၀ါ ဖတ်တယ်။
ကမ္မ၀ါဖတ်ပြီးတဲ့ အခါကျတော့ လက်ယာရစ်ပေါ့ အဲဒီ ကနေ အရှေ္ကဘက်နေ ဘုရားကြီးကို
တပတ်ပတ်ပြီး အနောက်မုဒ်ဘက်ကနေ ထွက်သွားတယ်။” ဟု ပြောသည်။
သံဃာတော်များ ကံဆောင်
သပိတ်မှောက်ရာသို့ အာဏာပိုင်များ လာရောက်စောင့်ကြည့်ခဲ့ သော်လည်း တား ဆီး
နှောက်ယှက်ခြင်း တစုံတရာမရှိပေ။
ဘုရားကြီးပရ၀ုဏ်အတွင်း
ကမ္မ၀ါစာ ရွတ်ဖတ်ပြီး ဆက်လက်ကြွချီ ဆန္ဒပြချိန်တွင် ဘုရားဖူးများက လိုက်လံ အားပေး
ကြည့်ရှုသူများနှင့်အတူ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များလည်း လိုက်ပါသည်ဟု
မြို့ခံက ပြောသည်။
၎င်းက“ဘုရားကြီးမှာဆိုတော့
မနက်အာရုံတက်ချိန်မှာ လှူကြတဲ့ ပြည်သူပြည်သားတိုင်း သွားပြီးတော့
ဘုရားဖူးကြတယ်လေ။ ဖူးတဲ့လူတိုင်းကလည်း သံဃာတော်တွေ ချီတက်သွားတဲ့ နောက်ကိုပဲ
ကြည့်ကြ တာပေါ့။ ကားတွေရော၊ စက်ဘီးတွေရော၊ ဆိုင်ကယ်တွေရော။ အဲ
သူတို့ဖက်ကကြံ့ခိုင်ရေး၊ စွမ်း အားရှင်တွေရော တော်တော်များတယ်။” ဟု
ပြောသည်။
ယခုလ ၅ ရက်နေ့တွင်
ပခုက္ကူသံဃာတော်များ ဆန္ဒပြရာတွင် စစ်အစိုးရက ရိုင်းစိုင်းကြမ်းတမ်းစွာ အကြမ်းဖက်
ဖမ်းဆီးရိုက်နှက်ခဲ့မှုကို သံဃာများက မကျေမနပ်ဖြစ်ကာ စစ်အစိုးရအနေဖြင့်
သံဃာထုကို ၀န်ချတောင်းပန်ရန် တောင်းဆိုခဲ့သည်။ ယင်းသို့ တောင်းဆိုမှုကို
မသိကျိုးကျွံ ပြုခဲ့သည့်အတွက် ယမန်နေ့မှစ၍ မြန်မာပြည်အနှံ့ မြို့ကြီးများတွင်
သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်၍ လမ်းပေါ်ကြွချီ ဆန္ဒပြကြပြီး ပတ္တနိက္ကုဇ္ဖန ကံ
ဆောင် သပိတ်မှောက်ခဲ့ ကြသည်။
ယနေ့စစ်အစိုးရထုတ်
မြန်မာ့အလင်းသတင်းစာတွင် ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ရဟန်းအတု အ
ယောင်များ ပူးပေါင်းပြီး ဆူပူအုံကြွမှုများဖြစ်အောင် သွေးထိုးလှုံ့ဆော်
ဖန်တီးနေသည်ဟု ရေးသားထားသည်။
|