|
စစ်တွေမြို့တွင်
သံဃာနှင့်ပြည်သူများ ထပ်မံဆန္ဒပြ
အောင်မိုးမြင့်။
စက်တင်ဘာလ ၁၉ ရက်၊
၂၀၀၇ ခုနှစ်။
၁၅း၂၀
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ
ရဟန်းသံဃာတော် အပါး ၇၀၀ ခန့်နှင့်အတူ
ပြည်သူလူထု လေးထောင်ခန့်
ကြွေး ကြော်သံများဟစ်ကြွေး၍
ယနေ့
မွန်းလွဲပိုင်းတွင် ထပ်မံ ဆန္ဒပြကြသည်။
ဆန္ဒပြရာတွင်
ရှေ့ဆုံးရှိ
ရဟန်းသံဃာများက ကုန်းဈေးနှုန်းကိုချပေးပါ၊
ပြည်သူတွေ ထမင်းငတ်နေကြပြီဟု
ကြွေး
ကြော်၍
သာသနာ့အလံများကို ကိုင်ဆောင်ကာ ယမန်နေ့က
ဆန္ဒပြရာတွင်
ဖြိုခွဲခံခဲ့ရသည့်
ပြည်နယ်အေး
ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးရှေ့သို့
ချီတက်သွားကြကြောင်း
မျက်မြင်တွေ့ရှိသူ
စစ်တွေမြို့ခံ
တစ်ဦး
က ပြောသည်။
စတာက
ဆရာတော် ဦးဥတ္တမ
နေခဲ့တဲ့ ရွှေစေတီကျောင်းရှေ့မှာ
သံဃာ ၇၀၀ လောက်ကနေပြီးတော့
စုပြီးတော့
အဲ့ဒီမှာ သူတို့
ဆုတောင်း ပွဲတစ်ခု လုပ်ကြတယ်။
အဲ့ဒီ ဆုတောင်းလုပ်ပြီးတာနဲ့
အဲ့ဒီ သံဃာ ၇၀၀ ကစပြီးတော့
ဟိုဘုရားကြီးဖက်က
စပြီးတော့
မြို့ကိုပတ်ပြီးတော့
သွားကြတယ်
ဟု၎င်း
ကပြောသည်။
ယမန်နေ့က
စစ်တွေမြို့တွင်
လမ်းလျှောက်ဆန္ဒပြသည့်
ရဟန်းသံဃာများနှင့် ပြည်သူလူထုအား မျက်ရည်ယိုဗုံး
များ အသုံးပြုပြီး
သေနတ်ဖောက် ဖြိုခွဲခဲ့သော်လည်း
ယနေ့
လုံခြုံရေးများကိုရုတ်သိမ်းထားသဖြင့်
ဆန္ဒပြရာ
လမ်း
တစ်လျှောက်
လောလောဆယ် တားဆီးနှောက်ယှက်မှု မရှိသေးဟု သိရသည်။
စစ်တွေမြို့ရှိ
စွမ်းအားရှင်များအဖွဲ့မှ
ခေါင်ဆောင်သုံးဦးသည် ဆန္ဒပြသည့်
ရဟန်းသံဃာများအနီးတွင် ဆိုင်ကယ် များဖြင့် ထပ်ကြပ်မကွာ
အနီးကပ်လိုက်နေကြကြောင်းလည်းသိရသည်။
ယမန်နေ့
စစ်တွေမြို့
ဆန္ဒပြမှုကို
အယောင်ဆောင်သံဃာတော်များ၏
သွေးထိုးလှုံဆော်မှုကြောင့်
ဖြစ်ရသည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်
ဖော်ပြသည်။
ယနေ့နံနက်ပိုင်းကလည်း
မန္တလေးမြို့တွင်
ရဟန်းသံဃာတော်များ မြို့တွင်းသို့
စီတန်းလှည့်လည်၍
မေတ္တာပို့
လမ်းလျှောက်
ဆန္ဒပြခဲ့ကြသည်။
|