|
တိုင်းရင်းသား
အခွင့်အရေးများ ပိုမိုပေးရန် ကေအိုင်အို တောင်းဆို
သတင်းနှင့်မီဒီယာ
ကွန်ယက်။
ဇူလိုင်၂၀ရက်၊ ၂၀၀၇ခုနှစ်။
စစ်မှန်သော
ပြည်ထောင်စုတည်ဆောက်ရေးနှင့် တိုင်းရင်းသားများ။ အခွင့်အရေးများ ရရှိရေး အတွက်
ထပ်မံ ဖြည့်စွက်လိုသော အခြေခံမူများကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က
အမျိုးသားညီလာခံတွင် တင် ပြ သွားမည်ဟု ကေအိုင်အို၏ ဒုနိုင်ငံခြားရေး တာဝန်ခံက
ပြောသည်။
ကေအိုင်အိုမှ
တင်ပြတောင်းဆိုထားသည့် အခြေခံမူများတွင် အချက် ၁၉ချက် ပါဝင်ပြီး ယင်းတွင်
ပြည်ထောင်စု စစ်စစ်မူအရ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ရေး၊ ဗဟိုအစိုးရနှင့်
ပြည်နယ်အစိုးရအကြား အာဏာခွဲဝေ သတ် မှတ်ရေး၊ ပြည်နယ်အစိုးရဖွဲ့စည်းရေး၊
အခွန်ကောက်ယူမှုနှင့် နယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်များ ပါဝင်သည်။
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ရေးတွင် ၁၉၄၇ ဥပဒေကဲ့သို့ တပြည်ထောင်စနစ်မဖြစ်စေဘဲ
ပြည်ထောင်စု စစ်စစ်မူပိုမိုပေါ်လွင်စေရန် နှင့် တိုင်းရင်းသားများ၏
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် မူလအခွင့်အရေးများကို ထည့်သွင်းပြ ဌာန်းရန်
တင်ပြထားသည်။
ယင်းတောင်းဆိုချက်များသည် ယခင်ချမှတ်ထားသောအခြေခံမူများကို
ထပ်မံဖြည့်စွက်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ကေအိုင်အို၏ ဒုနိုင်ငံခြားရေး
တာဝန်ခံက ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်းက ပြောသည်။
“အရင်တုံးက
ရေးထားတဲ့အချက်တွေကို အဲဒီမှာ ပြန်လည်နည်းနည်းပါးပါးဖြည့်စွက်ပေးဖို့ တောင်းဆို
ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်ဆုံးမှာ ဒီအမျိုးသားညီလာခံကနေ
(ဘာ)မှာလိုက်တာ ရှိလည်းဆိုလို့ရှိရင် ဒါတွေ ပြန်လည်သုံးသပ်ဖို့၊ နောက်
ပြည်သူလူထုနဲ့လည်းဆွေးနွေးဖို့၊ နောက်လို အပ်သည်များရှိခဲ့သည်ရှိသော်
ကျနော်တို့ရဲ့ ခံယူချက်ပေါ်မှာ မူတည်ပြီးတော့မှ ပြန်လည်ပြီးတော့မှ
ဖြည့်စွက်တောင်းဆိုဖို့ ဆိုတဲ့ဟာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ
ကျနော်တို့ ဒါတွေ လုပ်ခြင်းဖြစ်ပါတယ်။”
အမျိုးသား ညီလာခံမှ
သဘောတူချမှတ်ခဲ့သော အခြေခံမူများကို လွန်ခဲ့သောလကုန်ပိုင်းက ကေအိုင်အို ဗဟို
ကော်မတီအစည်းအဝေးတွင် ပြန်လည်သုံးသပ်၍ ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဟု
၎င်းက ပြောသည်။
၂၀၀၄ခုနှစ်က
နိုင်ငံရေး ဦးတည်ချက်၆ရပ်နှင့် အခြေခံမူ ၁၀၄ချက်ကို ပြန်လည်သုံးသပ်ဆွေးနွေးရန်
တိုင်းရင်း သားအပစ်ရပ်အဖွဲ့ ၁၃ဖွဲ့က တင်ပြတောင်းဆိုခဲ့သည်ကို မြန်မာစစ်အစိုးရက
တုံ့ပြန်ခြင်းမရှိသော်လည်း ယခုတ ကြိမ်တွင် ဆွေးနွေးလိမ့်မည်ဟု ကေအိုင်အိုမှ
မျှော်လင့်ထားသည်။
“ဒီတခါတော့
လုံးဝထည့်သွင်းမဆွေးနွေးသည့်တိုင်အောင် အခြေအနေပေါ်မှာ သူ့ရဲ့ က။ အပေါ်မှာ
ရောက်လာတဲ့အခါကျတော့ ဒါတွေဟာ ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့
ယုံကြည်တယ်။ ဒီ ကနေ့ ကျနော်တို့ တင်ပြလိုက်တာအားလုံးဟာ ဒီနေ့
အကုန်လုံးဖြစ်မြောက် လာမယ်ဆိုရင် သိပ် ကောင်းပေါ့ဗျာ။ မဖြစ်လာ သေးရင်လည်း
နောင်တနေ့မှာ ဖြစ်မြောက်လာဖို့ ဒီလို မျှော်လင့်တယ်။”
ဟု ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းက ပြောသည်။
ကေအိုင်အို အဖွဲဏ္ဍ၏
တင်ပြချက်များကို အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌနှင့် နိုင်ငံတော်
အကြီး အကဲများထဲ တင်ပြသွားမည်ဟု ကေအိုင်အိုအဖွဲ့၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင်
ဖော်ပြထားသည်။
သို့သော်လည်း
ကေအိုင်အိုအဖွဲ့မှ တင်ပြထားသော အချက်များသည် တိုင်းရင်းသားများ လိုလားသော
ကိုယ်ပိုင် ပြဌာန်းခွင့်မူများနှင့် ကွဲပြားနေသေးသည်ဟု ကရင်အမျိုးသား
အစည်းအရုံး (ကေအန်ယူ) အထွေထွေ အတွင်း ရေးမှူး ပဒိုမန်းရှာလဖန်းက ပြောသည်။
“အခုလက်ရှိ သူတို့
တင်လိုက်တဲ့မူက ကိုယ်ပိုင်အုပ်ချုပ်ရေးလား၊ ကိုယ်ပိုင်ပြဌာန်းခွင့်လား ဆိုတာ
တောင် သဲသဲကွဲကွဲ ကျနော် သိပ် မတွေ့ရဘူး။ ကျနော်တို့ မူကတော့
ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စုမူဖြစ်တယ်။
အခုသူတို့ တင်လိုက်တဲ့မူက အခုလို ရှင်းရှင်းလင်း လင်းမရှိဘူး။ မရှိတော့
လူမျိုးစုတွေ ဒီနေ့ရပ်တည်တောင်းတနေတဲ့ အချက်တွေနဲ့ သိပ်ပြီးတော့ ထပ်
တူထပ်မျှမဖြစ်ဘူးလို့ ကျနော်တို့ ယူဆတယ်လေ။”
လွန်ခဲ့သော ၁၈ရက်နေ့က
အမျိုးသားညီလာခံဖွင့်ပွဲတွင် ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်
ကြီး သိန်းစိန်က အခြေခံမူများကို သုံးသပ်ရာတွင် မူလချမှတ်ထားသော
အခြေခံမူများနှင့် ကွဲလွဲမှုမရှိစေရန် သတိ ပေး ပြောကြားခဲ့သည်။
ကေအိုင်အိုအဖွဲ့သည်
၁၉၉၄ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားပြီး အမျိုးသားညီလာခံတွင်
တက်ရောက်လျက်ရှိသည်။
|