|
လျှပ်စစ်တာဝါတိုင်
လုံခြုံရေးအတွက် ကရင်နီရွာသားများ ကင်းစောင့်ပေးရ
ခွန်အောင်မြတ်။
သြဂုတ်လ ၂၀ ရက်၊ ၂၀၀၈ ခုနှစ်။
ကရင်နီ(ကယား)ပြည်နယ်
ဒီမောဆိုးမြို့နယ်ရှိ ကျေးရွာသားများကို မြန်မာစစ်တပ်က ရန်ကုန်-မန္တလေး လျှပ်စစ်
တာဝါတိုင်များအား ၂၄ နာရီ ကင်းစောင့်ရန် စေခိုင်းလျှက် ရှိသည်။
လွိုင်ကော်အခြေစိုက်
ခမရ (၄၂၇) ဗျူဟာမှူးအမိန့်ဖြင့် ယခုလ ၁၄ ရက်နေ့မှစ၍ ဒီမောဆိုးမြို့နယ် ဒေါက
လော်ဒူ အုပ်စုအတွင်းရှိ တနီးလာလဲ၊ ဒေါသဲ၊ ဒေါပေါ်ဒူ၊ ဒေါတငူး၊ ဒေါဝယ်မော့၊
ဒေါတမိနှင့် နန်းဟူးထွေ ကျေးရွာ (၇)ရွာမှ ရွာသားများက အလှည့်ကျ
ကင်းစောင့်ပေးရသည်ဟု ကရင်နီ လူမှုကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေး ပင်မ သတင်းတာဝန်ခံ
ခူးဂေက ပြောသည်။
“တရွာကို
တိုင်နှစ်တိုင်စောင့်ခိုင်းတယ်။ တတိုင်ကို နှစ်ယောက်ပေါ့၊ နှစ်ယောက်စောင့်ပြီး
သူက ၂၄ နာ ရီ။ ရွာသားတွေက ကိုယ့်ထမင်းကိုယ်စားပြီး လိုအပ်တဲ့ ဒုတ်၊ ဓားတွေ
ကိုယ်ရွာ ကိုယ်ယူသွားပြီး စောင့် ရတာ။ အဲလိုပုံစံမျိုးပေါ့။”
လျှပ်စစ်ဓာတ်အား
တာဝါတိုင်များကို ယခင်က မြေမြုပ်မိုင်းများ ထောင်ထားပြီး ကျေးရွာသားများအား
ခြံစည်းရိုး ခတ်ရန် စေခိုင်းမှုရှိခဲ့သော်လည်း ယခုကဲ့သို့ ကင်းစောင့်
ခိုင်းခြင်းများ မရှိဟု ခူးဂေက ပြောသည်။
“အရင်တုန်းက
တာဝါတိုင်အောက်မှာ လုံခြုံရေးအတွက် မိုင်းဗုံးတွေ ထောင်ထားတာပဲ ရှိတယ်လေ။
မိုင်းဗုံးတွေ ထောင်ထားတော့ တချို့ဆိုရင် ကျွဲ၊ နွားတွေ ထိသွားတာရှိတယ်။
တချို့ဆို လူတွေက ထိ သွားတာလည်းရှိတယ်။ ရှိတော့ သူတို့က ခြံစည်းရိုးတွေ
ကာခိုင်း တယ်။ အခုခါကတော့ သူတို့က ကင်းစောင့်ခိုင်းတာကတော့ ကျနော်ထင်တာက အဲဒီဟာ
တွေအတွက် လုံခြုံရေးယူပေးတာာလား။ သို့ မဟုတ်ရင် အခြားအကြောင်းအရာ တခုခုတော့
ရှိရင် ရှိမယ်ထင်တယ်။”
တာဝါတိုင်
လုံခြုံရေးအတွက် ရက်အကန့်သတ်မရှိ ကင်းစောင့်နေရသဖြင့် ကျေးရွာသား များ လယ်ယာ၊
သီးနှံ စိုက်ပျိုးရန်အတွက် နှောင့်နှေးမှုဖြစ်ပြီး စားဝတ်နေရေးအတွက် အခက်အခဲများ
ကြုံတွေ့နေကြရသည်ဟု ခူးဂေ ဆက်ပြောသည်။
ဇူလိုင်လကုန်ပိုင်းက
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့၏ ပူးပေါင်း
တပ်ဖွဲ့များ တာဝါတိုင်တတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ယင်းကို တာဝါတိုင်ကို
လာရောက်စစ်ဆေးသည့် အစိုးရ စစ်တပ်ဖွဲ့ကို ခြုံခို တိုက်ခိုက်ခဲ့ပြီးနောက် ယခုလို
ကင်းစောင့်ခိုင်းခြင်းဖြစ်သည်။
|