|
ဆည်ရေခွန် အဆမတန်ကောက်ခံမှုကြောင့် လယ်သမားများ
အခက်အခဲဖြစ်
ဇာဇာမော်။
သြဂုတ်လ
၂၀ ရက်၊ ၂၀၀၉ ခုနှစ်။
ကရင်နီဒေသအတွင်း
ဆည်ရေအသုံးပြုနေရသည့် ဆည်ရေအခွန် အများအပြားကောက်ခံ
နေရသည့်
အတွက် လယ်သမားများ
အခက်အခဲဖြစ်နေသည်။
ယခင်နှစ်များက အခွန် ကောက်ခံမှု အနည်းငယ်သာရှိသော်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍
အခွန်နှုန်းထားများကို ပိုမိုတိုးမြှင့်ကောက်ခံခဲ့သည်ဟု
ကရင်နီအမျိုးသားလူငယ်များ အစည်းအရုံး (KNYO)
ဥက္ကဌ Sun
Shine က ယ
ခုလိုပြောသည်။
“အရင်တုန်းကတော့
၇၀၀ ကျပ်လောက်ပဲ အခွန်ပေးရတယ်လေ။ အခုကျနှစ်ဆန်းပိုင်းမှာ လယ်တစ်
ဧက
ကို ၈ ထောင်ကျပ် ၁ သောင်းကျပ် အထိအဆမတန်ပေးနေရတယ်လေ။”
အာဏာပိုင်အဖွဲ့အစည်းများက ဆည်ရေခွန်မပေးဆောင်ပါက လယ်ကိုသိမ်း၍လယ်ပိုင် ရှင်အား
အရေးယူမည်ဟု ခြိမ်းခြောက်သည့်အတွက် လယ်သမားများ အခက်အခဲ ဖြစ်နေကြသည် ဟု ၎င်းက
ဆက်လက် ပြောသည်။
“အဓိက
လယ်သမားတွေတော်တော်လေးညည်းနေတာက သူတို့တသက်နဲ့တကိုယ် တခါ မှမပေးဘူး
ခဲ့တဲ့ ရေခွန်ပေါ့ဗျာ၊
အလကားရတဲ့ရေကို အခွန်ပေးနေရတဲ့အပေါ်မှာ
သူတို့ တော်တော်လေး
စိတ်ပျက်
တယ်။ ပြီးတော့
တော်တော်လေးညည်းနေကြတယ်။”
ဆည်ရေခွန်ကို
ဆည်မြောင်းဦးစီးဌာနအပြင် အခြားအဖွဲ့အစည်းများ ဖြစ်သည့် ရဲ၊
မီးသတ်နှင့်
ကြံ့ခိုင်ဖွံ့ဖြိုးရေး
အသင်းများ
ကလည်းလာရောက်ကောက်ယူကြသကဲ့သို့ အခွန်ငွေမတတ်နိုင်၍ ဆည်ရေကိုမသုံးဘဲ
ဒေသတွင်း
ရှိ
ချောင်းငယ်များမှ
ရေသွယ်ယူပြီး အသုံးပြုနေကြသည့်
လယ်သမားများထံမှလည်း
ရေခွန်ကောက်ယူနေသည်
ဟု သိရသည်။
ကရင်နီပြည်နယ်ရှိ လယ်သမားများအနေနှင့် လွိုင်ကော်၊ ဒီမေားဆို၊ ဖရူဆိုဒေသများရှိ
မိုးဗြဲဆည်၊ လွယ်နမ့်ဖတ်
ဆည်၊
ငွေတောင်ဆည်များမှ ရေကိုအသုံးပြု၍ လယ်ယာလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေကြသူများ
ဖြစ်သည်။
ယခုနှစ်တွင်
ကရင်နီပြည်နယ် ဒေသအချို့တွင် မိုးရေလုံလောက်စွာမရရှိသည့်အတွက်
စပါးအထွက်နုန်းကျပြီး စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဒေသခံများက
စိုးရိမ်နေကြသည်။
|