|
တရားမ၀င်ဂိတ်များမှ ဖြတ်သန်းခွင့် ထိုင်းမှ
ပိတ်ပင်
အောင်မိုးမြင့်။
စက်တင်ဘာလ ၂၀ ရက်။
၂၀၀၇ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီနှင့် မဲဆောက်ဂိတ်နှစ်ခုတွင် ယခင်
ဖြတ်သန်းခွင့်လက်မှတ်များထုတ်ပေးပြီး
ကူးသန်း
ခွင့်ပြုထားရာမှ ယနေ့မှ
စ၍
ထိုင်းနိုင်ငံဖက်မှ
ဖြတ်သန်းခွင့်လက်မှတ်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ
လူဝင်မှုကြီးကြပ်ရေးဌာနမှ
နယ်စပ်ဂိတ်နေရာ များဖြစ်သည့် ထအာ (အမှတ် ၁၃ ဂိတ်) နှင့် ၀မ်တခရင်း (အမှတ် ၂)
ဂိတ်များမှ မြန်မာနိုင်ငံသားများအား ထိုင်းနယ်မြေထဲသို့
တစ်နေ့တာ
ဝင်ရောက်၍ ပစ္စည်းဝယ်ယူ
ရောင်းချသွားလာနေထိုင်ခွင့် လက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း
ထိုင်းလူဝင်မှု ကြီးကြပ်ရေးက
ပြောသည်။
နှစ်နိုင်ငံ
ဖြတ်သန်းသွားလာမှုကို
သတ်မှတ်ထားသည့် ချစ်ကြည်ရေးတံတားပေါ်မှသာ
တရားဝင်ဖြတ်သန်းခွင့်ပြု
တော့မှာသာ ဖြစ်သည်ဟု မဲဆောက်
လူဝင်မှုကြီးကြပ်ရေးဌာနမှ
တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောသည်။
အရင်တုန်းက
ပြဿနာရှိခဲ့တာက
မြန်မာဖက်က လက်မှတ်ထုတ်မပေးခဲ့ဘူး။ ဖြတ်သန်းသွားလာခွင့်
လက်မှတ်နဲ့
အ၀င် အထွက် စစ်ဆေးမှုလုပ်တာတွေဟာ ပုံစံမကျ အဆင်သင့်မဖြစ်တာကြောင့်
အဲ့ဒါနဲ့
ကျမတို့ဖက်က
မြို့တော်ဝန်ကနေပြီး
မြန်မာဖက်က ခရီးသွားလာခွင့်ပြုသည့် လက်မှတ်မရှိပဲ ဒီဖက်ကို
လာပြီး
ဈေးရောင်းဝယ် သုံးစွဲခြင်းများကို ခွင့်ပြုခဲ့တယ်။
အခု မြန်မာဖက်က အဆင့်သင့်ဖြစ်တဲ့
အ
တွက်ကြောင့်
ဒီဖက်က သူတို့မြန်မာ
နိုင်ငံသားတွေကို ဖြတ်သန်းသွားလာခွင့် လက်မှတ်ပေးလို့ရပြီး။
နောက်တစ်ခုက သံတားပေါ်မှာရှိတဲ့ ကျမတို့
နိုင်ငံဖက်ခြမ်းက စစ်ဆေးရေးဂိတ်မှာ အချက်အလက်
တွေ စစ်ဆေးစုဆောင်းပြီး
အသုံးပြုတာတွေ ရှိနေပြီ။
မြန်မာနိုင်ငံ မြ၀တီမြို့
မှ ထိုင်းနိုင်ငံ မဲဆောက်မြို့
သို့
တစ်နေ့တာ
ဝယ်ယူရောင်းချရန် လှေများဖြင့် ကူးလာ
သည့်
မြန်မာနိုင်ငံသားများကို ယခင်က ထိုဂိတ်များမှ ခွင့်ပြုလက်မှတ်များ
ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိက
အရင်က ပြဿနာရှိတာက
မြန်မာတွေဖက်က နယ်စပ်ဖြတ်သန်းသွား
လာခွင့်
လက်မှတ်ထုတ်မပေးဘူး နောက်တစ်ခုက နယ်စပ်မှာရှိနေတဲ့ အခြားလက်နက်ကိုင်အုပ်စုတွေ
ကို
ထိန်းချူပ်ကွပ်ကဲလို့
မရသေးဘူးလေ။
ဟု ပြောသည်။
မြ၀တီ မှ
မဲဆောက်သို့
တံတားပေါ်မှ တရားဝင်သွားလာပါက မြန်မာဂိတ်ကို မှတ်ပုံတင်လက်မှတ်များ ထားခဲ့
ရခြင်း၊
တစ်ရက်တာ သွားလာခွင့်လက်မှတ်ခ ကျပ်တစ်ထောင်ပေးဆောင်ရခြင်း၊
တစ်နိုင်တပိုင်သာ ပစ္စည်းသယ်
ယူခွင့်ရှိခြင်း၊
စစ်ဆေးမေးမြန်မှုများခြင်းတို့ကြောင့်
နေ့ကူးကုန်သည်အများစုမှာ
အခြားသော ဂိတ်များကို အသုံး
ပြုခဲ့ကြသည်။
ယခုလို
ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ခြင်းကြောင့်
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့
ခိုးဝင်ပြီး
အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအတွက် အခက်အခဲများ ဖြစ်နိုင်ကြောင်း
မဲဆောက်မြို့တွင်
ရောက်ရှိနေသည့် မြ၀တီမြို့သား
ကိုသက္က
ကပြောသည်။
အဓိက ဒုက္ခရောက်တာကတော့
မြန်မာပြည်မှာ အဆင်မပြေလို့
လာလုပ်စားတဲ့သူတွေ အဲ့ဒါတွေပဲ အဓိက ဒုက္ခရောက်တယ်။
ဒီကျနော်တို့
မြ၀တီမှာ နေတဲ့လူတို့
ဘာတို့ကျတော့
သိပ့်ပြီးတော့
ဒုက္ခမ
ရောက်ဘူး။
ဘာဖြစ်လို့လည်းဆိုတော့
လက်မှတ်မလုပ်ပေးဘူးဆို သူတို့အနေနဲ့
မသွားယုံပဲရှိတယ်။
ခိုးပြီးသွားရင်သွားပေါ့
မသွားရင် မသွားယုံပဲရှိတာပေါ့။
ကျနော်တို့
အနေနဲ့ကတော့
ဒီမှာလည်းဖမ်း
ဆီးပေါ့နော် တောမောဖမ်းလိုက်၊
ထောက်လှမ်းရေးဖမ်းလိုက်ဆိုတော့ လက်မှတ်ကလည်းမလုပ်ပေး၊
ဂိတ်ကလည်းပိတ်ဆိုတော့ နောက်ပြီးတော့
အဲ့လို သွားရလာရ ခက်တာပေါ့နော်၊
လုပ်စားရ ကိုင်စားရ အဲ့လိုပါ အဲ့ဒီအခက်အခဲပဲရှိပါတယ်။
ယခုလို
သွားလာခွင့်လက်မှတ်ထုတ်ပေးတော့မည်မဟုတ်ဟု ထုတ်ပြန်ချက်ကို စက်တင်ဘာလ ၅ ရက်နေ့က
စတင်ကြေညာထားခဲ့ပြီးနောက်ပိုင်း
မဲဆောက်မြို့တွင်း၌လည်း
တရားမ၀င် လာရောက်အလုပ်လုပ်ကိုင် လျှက်ရှိ
သည့်
မြန်မာအလုပ်သမားများကို နေ့စဉ်ရက်ဆက်ဆိုသလို
ဖမ်းဆီးပြီး
မြန်မာနိုင်ငံ မြ၀တီမြို့သို့
ပြန်လည်ပို့
ဆောင်လျှက်ရှိသည်။
ယခုဖြတ်သန်းခွင့်ပိတ်လိုက်သည့် ဂိတ်နှစ်ခုကို ၁၉၉၇ ခုနှစ် မေလ ၁၆ ရက်က
စတင်ဖွင့်ခဲ့သည်။
|