ဒီကေဘီအေ တပ်သားငါးယောက်ကို နအဖစစ်တပ်က ပစ်သတ်

ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်တပ်ဖွဲ့ တဖွဲ့က လက်အောက်ခံ ကရင်ခွဲထွက် အဖွဲ့ဝင်များအား အမိန့်မနာခံသဖြင့် ပစ်သတ်လိုက် သည်။

ကရင်သူပုန်အဖွဲ့ဖြစ်သည့် ကရင့်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)အား တိုက်ခိုက်ရန် စေခိုင်းသည်ကို ငြင်း ဆိုလိုက်သဖြင့် မြန်မာစစ်တပ်က ကရင်ခွဲထွက်အဖွဲ့ဖြစ်သည့် တိုးတက် သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်သား ငါးဦးကို ယခုလ ၁၆ ရက်နေ့က သံဖြူဇရပ်မြို့နယ် တီးကတိမ်ရွာရှိ လယ်ကွင်းထဲတွင် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသော ဒီကေဘီအေ အရာရှိ တဦးက ပြောသည်။

“နအဖ စစ်သားက အဲဒီ ဒီကေဘီအေ စစ်သားငါးယောက်ကို ကေအဲန်ယူ အစည်းအရုံး လွတ်မြောက် ရေး တပ်မတော်ကို ပစ်ခိုင်းတယ်။ ဒါပေမယ့် သူတို့က အဲဒီအမိန့်ကို မနာခံတဲ့အတွက်ကြောင့် သူတို့ အပစ်သတ်ခံရတယ်လေ။ ”

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ထိန်းချုပ်နယ်မြေဖြစ်သည့် တပ်မဟာ (၆) ဒေသကို ထိုးစစ်ဆင် နေသည့် အင်အား ၇၀ ကျော် ရှိ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းက ၄င်းတို့နှင့် အတူ ပူးတွဲလိုက်ပါလာသော ဒီကေဘီအေ တပ်ဖွဲ့ဝင် ၅ ဦးကို ပစ်သတ်ခြင်းဖြစ်သည်။

အသတ်ခံရသော တပ်သားများမှာ တပ်ရင်းမှူး ရန်မင်းဦးဆောင်သည့် ဒီကေဘီအေ ၉၀၁ တပ်ရင်းမှဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် တပ်ရင်းမှူး ရန်မင်းသည် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် အရေးပေါ်အစည်းအဝေး တက် ရောက်နေသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။