|
နယ်စပ်ဂိတ်များပိတ်၍
နှစ်နိုင်ငံကုန်သွယ်မှုထိခိုက်နိုင်
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၂၁ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီ ဖြတ်ကူးသည့် ရေလမ်းဂိတ်များကို နှစ်ဘက်
အာဏာပိုင်များက
လုံခြုံ
ရေး
အကြောင်းပြ၍
ပိတ်လိုက်သောကြောင့်
နယ်စပ်ကုန်သွယ်မှုကို
ထိခိုက်လာနိုင်ကြောင်း
ထိုင်းနိုင်ငံ ကုန်သည်
ကြီးများအသင်း
ဥက္ကဌက
ပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တကြောတွင်
ရွှေကုက္ကူမှ
မယ်ရမတ်အထိ လှေဂိတ် ၁၉ ခု ရှိပြီး
ဂိတ်အချို့
ကို
ထိုင်းဘက်က ယခုလ ၁၈ရက်နေ့စတင်ပိတ်ပင်ခဲ့ပြီးနောက်
မြန်မာဘက်မှ ဂိတ်များအားလုံးကို
ပိတ်ခဲ့ခြင်းဖြစ်
သည်။
ယင်းနှင့်ပတ်သက်၍
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏
ဥက္ကဌ
အမ်ဖွန် ချတ်ချိုင်ယာလိတ် (Amphon
Chat cai yalerk)
က ယခုလို ပြောသည်။
“လှေဆိပ်တွေကို
ပိတ်တာပါ။
စပိတ်တာကတော့ ၀မ်းဖာနဲ့
မယ်ရမတ်အထိ ပိတ်တာပါ။
ဒီညနေပိုင်း
က သတင်း
ရတာကတော့ ဂိတ်တွေ အကုန်ပိတ်တယ်။
ဒါပေမယ့် ချစ်ကြည်ရေးတံတားကတော့
အရင်
အတိုင်းပဲ
ဖြတ်သန်းသွားလာလို့
ရပါတယ်။
အခုကတော့ စုံစမ်းနေတုန်းပဲ သေချာတိကျတော့ မသိရ
သေးဘူး။
ဟိုနေ့တုန်းကမှ
စပိတ်တာ ၁၉ ရက်နေ့
တုန်းက
စပိတ်တာကတော့ နေရာ ဘယ်လောက်
မှ
မဟုတ်ဘူး။
အခု ၂၀ ရက်နေ့တုန်းကတော့
နေရာအများကြီးပိတ်တယ်။
မြန်မာဘက် ပြောတာက
တော့
ကေအဲန်ယူ လာတိုက်ခိုက်မှာ စိုးရိမ်လို့ပြောတယ်။
”
နယ်စပ်ကုန်သွယ်မှုတွင်
အရေးပါသော နယ်စပ်လှေဆိပ်ဂိတ်များ ရက်ရှည်ပိတ်ပါက နှစ်ဘက် စီးပွားရေး ကုန်
သွယ်မှု
ထိခိုက်လာနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။
“အခက်အခဲတွေ
ဖြစ်လာနိုင်တယ်။
တကယ်ပိတ်မယ်ဆိုရင် ကုန်သည်တွေအတွက် ထိခိုက် နိုင်ပါတယ်။
ဒီဘက် ကနေ ထွက်တဲ့ ကုန်ပစ္စည်းတွေရဲ့
တန်ဖိုးဟာ တလကို ဘတ်ငွေ သန်း ၁၂၀၀ ကို ထိခိုက်နိုင်
ပါတယ်။
တရက်ကို သန်း ၂၀၊
၃၀ လောက် ရှိပါတယ်။
အနည်းဆုံး ကတော့ တရက်ကို ဆယ်သန်း
လောက်တော့
ဆုံးရှုံးမှု
ရှိမှာ
သေချာတယ်။
ဒါပေမယ့် ဒီနေ့က
အစိုးရရုံးပိတ်ရက်ဖြစ်တဲ့အတွက်
ကြောင့်
သိပ်မသိသာသေးဘူး။”
နယ်စပ်လှေဂိတ်များပိတ်ခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏
အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့်
ပတ်သက်နိုင်ကြောင်း
အမည်မဖော်လိုသည့် ဒီကေဘီအေ အရာရှိ တဦးက ပြော
သည်။
“၁၈
ရက်နေ့ကပေါ့ဗျာ
ပဒိုမန်းရှာ လုပ်ကြံသူတွေ
ကူးသွားတယ်လို့
သတင်းထွက်တဲ့ ဂိတ်တွေ၊
ဟို
ဘက် ဒီဘက်
တရားမ၀င်လက်နက်တွေကိုင်ဆောင်လာပြီး
ဝင်လာတယ်လို့
မသင်္ကာဖွယ်ရှိတဲ့ မြောက်
ဘက်က
ဂိတ်တွေကို ပိတ်တယ်။
ထိုင်းက။
အဲဒါနဲ့
ပတ်သက်ပြီးတော့
မနေ့က
လက်တုန့်ပြန်ပြီးတော့
တောင်ဘက်က ဂိတ်တွေကို နအဖ ဘက်က ပိတ်လိုက်တယ်။
သူတို့အကြောင်းပြတာကတော့
နယ်
ခြားကော်မတီ လုံခြုံရေးအတွက်
လုံခြုံရေး
စိုးရိမ်ဖွယ်ရာအခြေအနေရှိလို့
ပိတ်တယ်လို့
ပြောတယ်။”
ပဒိုမန်းရှာလဖန်း လုပ်ကြံခံရပြီးနောက်
မြ၀တီမြို့ကို
ကေအဲန်ယူလာရောက် တိုက်ခိုက်မည်ဟု သတင်းများ ထွက်
နေကာ လုံခြုံရေး
တင်းကျပ်ထားသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်
နေသည်ဟု မြို့ခံများက
ပြောသည်။
နှစ်ဘက် အာဏာပိုင်များ
ပိတ်လိုက်သည့် နယ်စပ်ဂိတ်သည် စီးပွားရေးသမားများ အဓိက ဖြတ်ကူးနေသည့် လှေ
ဆိပ်
ဂိတ်များဖြစ်ပြီး
ဖြတ်သန်းသွားလာသူများကို ဒီကေဘီအေခေါ် တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓ
ဘာသာတပ်ဖွဲ့က
အခကြေးငွေ
ကောက်ယူ နေသည့် ဂိတ်များဖြစ်သည်။
|