|
ငြိမ်းချမ်းရေးအဖွဲ့နှင့်ပါသွားသူအချို့ကေအဲန်ယူနှင့်ပြန်လည်ပူးပေါင်း
မတ်လ ၂၁ ရက်၊ ၂၀၀၇
ခုနှစ်။
ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၇ မှူးဟောင်း ဗိုလ်မှူးချုပ်
ထိန်မောင်ဦးဆောင်သည့် ငြိမ်းချမ်းရေး အဖွဲ့နှင့် လိုက်ပါသွားသူများ
ကေအဲန်ယူဗဟိုသို့ ပြန်လည်ပူးပေါင်းလာခြင်းနှင့် ပတ်သက်၍ ကေအဲန်ယူက ယနေ့ သတင်းစာ
ရှင်းလင်းပွဲတရပ် ကျင်းပသည်။
ကေအဲန်ယူသို့ ပြန်လည်ပူးပေါင်းလာသော ရဲဘော်များကို သက်ဆိုင်ရာမှ လက်ခံ၍
မူလတာဝန်များ ပြန်လည် ပေးအပ် နေကြောင်း ဗိုလ်မှူးကြီး ဂျော်နီက ပြောသည်။
ပြန်လည်ပူးပေါင်းလာသူများမှာ ငြိမ်းချမ်းရေးအဖွဲ့က မူလက ကတိပေးထားသည့်အတိုင်း
ငွေကြေး ထောက်ပံခြင်း မရှိ၍ ယခုလို ပြန်လာခြင်းဖြစ် သည်ဟု ပြောသည်။
“သူတို့က
သိမှမသိတာ။ သူများစည်းရုံးလို့ သူများလိမ်လို့ ညာလို့ပေါ့။ အခုပြန်လာတာ
အရပ်သားတွေအားလုံး ကိုတော့ သူ့အိမ်သူပြန်နေပေါ့။ ရဲဘော်ဆိုရင်တော့ နေရာပြန်ပေး
တာပေါ့လေ။”
ယခုလအတွင်း၌ ကေအဲန်ယူဗဟိုသို့ အသုတ်လိုက် ပြန်လည်ပူးပေါင်းလာသူများတွင်
ကရင်အရပ်သားနှင့် စစ် သား (၄၀) ကျော်တို့က နယ်မြေအတွင်းသို့
ပြန်လည်ရောက်ရှိလာရာ နောက်ဆုံးလာရောက်သောအဖွဲ့တွင် အရပ် သား ၁၄ ဦးနှင့် စစ်သား
၃ ဦးပါဝင်သည်။
သတင်းစာရှင်းလင်းပွဲကို ကေအဲန်ယူတပ်မဟာ (၇) နယ်မြေတနေရာတွင်ကျင်းပပြုလုပ်ပြီး
လက်ရှိ တပ်မဟာ (၇) မှူး ဗိုလ်မှူးကြီး ဂျော်နီ နှင့် ဒု-ဗိုလ်မှူးကြီး
ထွန်းကြိုင်တို့က ဦးဆောင် ခဲ့သည်။
ကရင်ပြည်သူလူထု အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး၏ အနှစ်သာရကို သဘောပေါက်
နားလည်ခြင်းမရှိသဖြင့် ယခုလို လိမ်လည်လှည့်ဖျားခံရခြင်းဖြစ်သည်ဟု ကေအဲန်ယူ အထွေ
ထွေအတွင်းရေးမှူး ဖဒိုမန်းရှာက သုံးသပ် သည်။
“ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ ဥစ္စာက ဒီနိုင်ငံရေးကိစ္စကို မဆွေးနွေးဘဲနဲ့တော့
တကယ့် ငြိမ်းချမ်းရေးကို ရမှာ မဟုတ်ဘူး။ နောက်ပြီးတော့
ငြိမ်းချမ်းရေးဆိုတာကလည်းပဲ ကျနော်တို့ လူတွေကို ယုံလို့မရဘူး။ ငြိမ်းချမ်းရေး
အစစ်လား အတုလားဆိုတာ ရှိသေးတယ်။ ကျနော်တို့ဘက်က ငြိမ်းချမ်းရေးအတုနဲ့ အစစ်နဲ့
ခွဲခြားတတ်ဖို့၊ မ ဟုတ်ရင် လူထုတွေ အလိမ်ခံရတယ်။ လူထုတွေက
သူများအသုံးချသွားတတ်တယ်လေ။ အဲဒါတွေ သတိထား ကြဖို့ ပြောချင်တယ်။”
ကေအဲန်ယူ
တပ်မဟာ (၇) မှူးဟောင်း ဗိုလ်မှူးချုပ်ထိန်မောင်နှင့် အဖွဲ့သည် ကေအဲန်ယူဗဟို၏
သဘော တူညီ ချက် မပါဝင်ဘဲ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ဖေဖေါ်ဝါရီ ၉
ရက်နေ့တွင် မြန်မာအစိုးရနှင့် ပူးပေါင်း ခဲ့သည်။ |