|
တိဗက်မှ အကြမ်းဖက်မှုများ
ချက်ချင်းရပ်ရန် မြန်မာအရေးလှုပ်ရှားသူများတောင်းဆို
ခွန်အောင်မြတ်။
မတ်လ ၂၁ ရက်၊
၂၀၀၈ ခုနှစ်။
တရုတ်အစိုးရက ဆန္ဒပြ
တိဗက်ဘုန်းတော်ကြီးများကို
အကြမ်းဖက်
သတ်ဖြတ်နှိမ်နင်းနေမှုများ
ချက်ချင်း ရပ်တန့်
ရန် ထိုင်းနိုင်ငံရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူများအဖွဲ့က
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ
တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့
တောင်းဆို ဆန္ဒပြသည်။
ဆန္ဒပြ
အခမ်းအနားတွင် ငြိမ်းချမ်းရေးလှုပ်ရှားသူအဖွဲ့၏
ထုတ်ပြန်ကြေညာချက်ကို ယင်းအဖွဲ့ဝင်
မတိုးတိုးက ယခုလိုဖတ်ပြသည်။
“မြန်မာနိုင်ငံထဲမှာ
ဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘုန်းတော်ကြီးတွေရဲ့
ငြိမ်းချမ်းစွာ ဆန္ဒပြ
မှုဟာ
ဆိုလို့ရှိရင်လည်း
အခုအချိန်မှာ နောက်တခေါက်မှာလည်းပဲ ပြန်ပြီးတော့
မြင်ရသလိုမျိုး တိဗက် မှာလည်းပဲ အဲဒီ အနေအခြေနဲ့
တထပ်ထဲကျတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ အခုဆို တိဗက်မှာ
ဆိုလို့ရှိရင်လည်းပဲ ဘုန်းတော်ကြီးတွေ
ဟာ ဆိုလို့ရှိရင်
အသတ်ခံနေရတယ်။ လူတွေဟာ ဆိုလို့ရှိရင်
အကြမ်းဖက်ခံနေရတယ်။ ဒါကြောင့်မို့လို့
ကျမတို့အနေနဲ့
တိဗက်လူမျိုးတွေနဲ့ အတူတူ တသားထဲရှိ
နေတဲ့ဟာကို လည်း ပြချင်ပါတယ်။
နောက်တခုကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိဖို့အတွက်
တိဗက်လူမျိုးတွေရဲ့ လွတ်လပ်မှုရရှိဖို့အတွက်
သူတို့နဲ့အတူတူ
တိုက်ပွဲဝင်နေတယ်ဆိုတာမျိုးကိုလည်း ပြချင်ပါတယ်။”
ယခုလ ဒုတိယပတ်က တိဗက်မြို့တော်
လာဆာတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲကို တရုတ်အစိုးရက
အင်အား သုံးပြီး နှိမ်နင်းဖြိုခွဲခဲ့သည်။
ယင်းအကြမ်းဖက်နှိမ်နင်းမှုတွင်
လူ (၁၀၀)ကျော် သေဆုံးခဲ့သည်ဟု ပြည်ပရောက် တိဗက်အစိုးရ စာရင်းထုတ်ပြန်ခဲ့ကာ
တရုတ်အစိုးရက ၁၃ ဦးသာ သေဆုံးခဲ့သည်ဟု ပြောသည်။
ယင်းအကြမ်းဖက်မှုများကို
အမြန်ဆုံးရပ်တန့်ပေးရန်၊
တရုတ်အစိုးရအနေနှင့် တိဗက် ဘုန်းတော်ကြီး
နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင်
ဒလိုင်းလားမားနှင့်တွေ့ဆုံဆွေးနွေးရန် ငြိမ်းချမ်းရေးလှုပ်ရှားသူများအဖွဲ့က
တောင်းဆိုထား သည်။
တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့်
အိုလံပစ်ပွဲတော်သည် လူ့အခွင့်အရေး ချိုးဖောက်သည့်
တရုတ်အစိုးရ အကျိုးစီးပွားအတွက်သာ ဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြရန်
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ထိုင်း
လူ့အခွင့် ရေး
လှုပ်ရှားသူ
အမျိုးသား တဦးက ထိုင်းဘာသာဖြင့် ယခုလိုပြောသည်။
“ယခု
တရုတ်အစိုးရ တိဗက်အပေါ် အကြမ်းဖက်
နှိမ်နင်းတဲ့လုပ်ရပ်ဟာ မကြာခင် ပြုလုပ်မယ့် အမျိုး
သားပွဲဖြစ်တဲ့ အိုလံပစ်ပွဲတော်နဲ့ ဆန့်ကျင်နေပါတယ်။
အိုလံပစ် အားကစားပွဲတော်ဟာ အမျိုးသား စည်းလုံးညီညွှတ်ရေးပွဲ
ဖြစ်တယ်။အိုလံပစ်ဟာ သွေးစည်းညီညွှတ်တဲ့
အားကစားပွဲဖြစ်တယ်။ ဒီပွဲတော်
ကို ဆန့်ကျင်ကြဖို့
တကမ္ဘာလုံးက အားကစားသမားတွေ၊
နိုင်ငံတကာက အစိုးရတွေကို တောင်းဆိုပါ တယ်။
တရုတ်အစိုးရက လည်း တိဗက်တို့နဲ့
ငြိမ်းချမ်းရေးတွေ့ဆုံ
ဆွေးနွေးဖို့ တောင်းဆိုပါတယ်။
တိဗက်လူမျိုး အပေါ် အကြမ်းဖက် ဖြိုခွင်းတဲ့
တရုတ်အစိုးရ နိုင်ငံဟာ အိုလံပစ်ပွဲတော်နဲ့ မအပ်စပ်ပါ
ဘူး။”
ဆန္ဒပြပွဲတွင်
ချင်းမိုင်ရှိ မြန်မာ့အရေးလှုပ်ရှားသူများအပြင်
ထိုင်းလူ့အခွင့်အရေးအဖွဲ့နှင့်
နိုင်ငံခြားသားများ အပါ အ၀င် လူအင်အား ၇၀ ခန့်
ပူးပေါင်းပါဝင်ကြသည်။
ယခုလို အကြမ်းဖက်မှုသည်
လာမည့် အိုလံပစ်ပွဲအတွက် အမည်းစက်ဖြစ်နိုင်၍
အကြမ်း ဖက်မှုကို
ရပ်တန့်ရန်၊
ဖမ်းဆီးထားသည့် တိဗက်လူမျိုးကို လွတ်ပေးရန်၊
နိုင်ငံတကာမှ သတင်းမီဒီယာများကို လွတ်လွတ်လပ်လပ် လက်ရှိအခြေအနေကို
ဖော်ထုတ်ခွင့်ပေးရန်နှင့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို
နည်းမျိုးစုံဖြင့် အကူ အညီထောက်ပံ့ပေးနေသည်ကို ရပ်တန့်ရန်
ငြိမ်းချမ်းရေးလှုပ်ရှားသူအဖွဲ့
တောင်းဆိုထားသည်။
တရုတ်အစိုးရ တိဗက်ဘုန်းတော်ကြီးနှင့်
ပြည်သူများကို အကြမ်းဖက်
နှိမ်နင်းခဲ့သည့်အပေါ် နိုင်ငံတကာရှိ လူ့အ
ခွင့်အရေး လှုပ်ရှားသူများက
ကန့်ကွက်ရှုတ်ချကြသလို
ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့ကလည်း
ဆန့် ကျင် ရှုတ်ချခဲ့သည်။
|