|
အခြေခံဥပေဒကန့်ကွက်မဲပေးရန်
ကချင်ကျောင်းသားအဖွဲ့
တိုက်တွန်း
သတင်းနှင့်မီဒီယာ ကွန်ယက်
ဧပြီလ၂၁
ရက်၊
၂၀၀၈ ခုနှစ်။
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ရှိ
မြို့နယ်လေးခုတွင်
လာမည့်မေလ၌
အတည်ပြုမည့် အခြေခံဥပဒေအား ကန့်ကွက်မဲပေးရန်
လှုံ့ဆော်စာများကို
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က
စနေနေ့
ညပိုင်းတွင် ဖြန့်ဝေခဲ့သည်။
ယင်းလှုံ့ဆော်စာကို ဖော်ပြထားသည့်
ကချင်ကျောင်းသားအဖွဲ့၏
တောင်းဆိုချက်များကို
ဗန်းမော်ဒေသခံ ကျောင်းသားတဦးက
ယခုလို ပြောသည်။
“မြို့နယ်ကျတော့
ဗန်းမော်၊
ရွှေကူ၊
မံစီ၊
မိုးမောက် အဲဒီလေးမြို့နယ်ပေါ့။
မနေ့ညက
တပြိုင်
တည်းပေါ့။
ကျနော်တို့
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ပေါ့။
ကျနော်တို့တပြိုင်တည်း
လုပ်ခဲ့တယ်။
ပထမ အချက်ကနော်
ကြက်ဆူပင်အလိုမရှိ၊
ဒုတိယအချက်က ဧရာဝတီမြစ်ဆုံချီဗွေ
ရေကာတာ
အလိုမရှိ၊
နံပတ်သုံး အချက်က နအဖရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအား
ကန့်
ကွက်ဆန္ဒမဲပေးကြဆိုတဲ့အချက်သုံးချက်ပါ။
”
ယင်းတောင်းဆိုချက်များ ရေးသားထားသည့် လျှောက်လွှာစာရွက်များကို
လူစည်ကားရာ
လမ်းတလျောက်၊
တက္ကသိုလ်၊
ကောလိပ် ကျောင်းများ၊
အထက်တန်းကျောင်းများရှိ အုတ်နံရံများတွင် ကပ်ခဲ့ကြသည်ဟု
အဆိုပါ ကျောင်းသားက ပြောသည်။
ဧပြီလ(၁၄)ရက်နေ့တွင်လည်း
မြစ်ကြီးနား၊
ဝိုင်းမော်မြို့နယ်များအတွင်း
အလားတူစာများကို ကပ်ခဲ့သည်။
ယခုလို စာများ ဆက်တိုက်ကပ်၍
လှုံ့ဆော်ရခြင်း၏
ရည်ရွယ်ချက်သဘောထားကို
အဆိုပါ ကချင်ကျောင်းသား က ယခုလို ပြောသည်။
“လာမယ့်မေလမှာ
ပြုလုပ်ကျင်းပမယ့် နအဖရဲ့
အခြေခံဥပဒေကို ကျနော်တို့
မြန်မာတနိုင်ငံလုံးနဲ့
ဆိုင်တဲ့ အတွက်ကြောင့်မို့
အားလုံးစည်းလုံးညီညီညွှတ်ညွှတ်နဲ့
ကန့်ကွက်ဆန္ဒမဲပေးကြဖို့
ကျနော်တို့
စည်းရုံး လှုံ့ဆော်
ခြင်းဖြစ်ပါတယ်။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအနေနဲ့
အားလုံးညီညီ
ညွတ်ညွတ်နဲ့
ကန့်ကွက်ဆန္ဒမဲပေးဖို့
ပြောချင်ပါတယ်။
”
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ကို
ယမန်နှစ် စက်တင်ဘာ အရေးအခင်းကာလအတွင်း ဖွဲ့စည်း
ခဲ့ပြီး
ဒေသအတွင်း၌
အမျိုးသားညီလာခံဆန့်ကျင်ရေး၊
မြစ်ဆုံရေကာတာစီမံကိန်းဆန့်ကျင်ရေး
လှုပ်ရှားမှုများကို
မကြာခဏပြုလုပ်ခဲ့သည်။
|