|
ရွှေ့ပြောင်းအခြေချသည့်
ရှမ်းလူမျိုးပိုင် အိမ်ခြေများ ဖျက်သိမ်းရန်
ထိုင်းအာဏာပိုင်များက
အမိန့်ထုတ်
နွယ်လေး။
ဧပြီလ
၂၁ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင်အတွင်း
ရှမ်းပြည်မှ ရွှေ့ပြောင်းလာသူများ
ဝယ်ယူနေထိုင်သော နေအိမ် ၁၅၀ ကျော်ကို ဖျက်သိမ်း၍
မူလအခြေအနေအတိုင်း ပြုပြင်ရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။
ထိုင်းအာဏာပိုင်များက
မဲ့တဲန်င်မြို့နယ် နောင်ဖိန့်မိုင်ရွာမှ
ရှမ်းအိမ်ခြေများကို ရက် ၃၀ တွင်း ရွှေ့ပြောင်း
ဖျက်
သိမ်း၍
မူလမြေအတိုင်းပြုပြင်ရန် အမိန့်ထုတ်ပြန်ထားကြောင်း
ဒေသခံရွာသားများက ပြောသည်။
ယင်းအမိန့်ကို
ယခုလ ၁ဂရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းလူမျိုးတစ်ဦးပိုင် စိုက်ခင်းမြေများကို
ရှမ်းလူမျိုးများ စာချုပ်စာတမ်းနှင့် တရားဝင် ၀ယ်ယူ၍
နေထိုင်ခဲ့ရာမှ အိမ်ခြေ ဖျက်သိမ်းပြောင်းရွေ့ ရန် အာဏာပိုင်များက
ရွာသို့ 
အကြောင်းကြားခဲ့သည်။
“ကျတော်တို့ပြောင်းရွှေ့စရာနေရာလည်းမရှိဘူး။
ဘာဆက်လုပ်ရမှန်းလဲမသိဘူး။ အိမ်ခြေ ရော လူ
တွေကော အများကြီး
ဘယ်လိုဘယ်မှာပြောင်းရွှေ့နေကြမလဲ။
တချို့ဆို အိမ်သစ် ဆောက်နေရင်း
တန်းလန်းနဲ့။ သက်ဆိုင်ရာက ဘယ်လို ဆုံးဖြတ်ပေးနိုင်မလဲ
မသိသေးဘူး။ မြေကိစ္စနဲ့ပတ်သက်
တဲ့လျှော်ကြေးပေးဖို့
နစ်နာကြေးပေးဖို့တို့လဲ
ဘာမှ မကြားမိဘူး။
နောက်ဆုံးအချိန်ကိုပဲ စောင့်ပြီး
နေသွားကြဖို့ပဲ
အားတင်းထားတယ်။ ”
ဟု ထိုရွာမှ ရွာသားတစ်ဦးက ပြောသည်၊
ယင်းရွာတွင် အိမ်ခြေ ၁၆၇ လုံး ရှိကာ ရွာသားများက
မပြောင်းရွှေ့ပဲ
နေမြဲတိုင်း ပင်နေသွားကြမည်ဖြစ်ပြီး
ရွာ လူကြီးများလည်း
ထိုင်းအာဏာပိုင်များနင့်
ဆက်လက် ညှိနိုင်းဆွေးနွေးမှုများ
ပြုလုပ်နေကြောင်း
၎င်းက ဆက် လက်ပြောသည်။
ထိုင်းအာဏာပိုင်များက
ဧပြီ ၁ ရက် ၂ ရက်နေ့တွင်
ရွာတွင်းသို့ ၀င်ရောက်စစ်ဆေးမှုများ
ပြုလုပ်မည်ကို အသိ
ပေးခဲ့ရာ
ဧပြီ
၁ ရက်နေ့တွင် ရွာသားများ ကား ( ၇ )စီး အပြည့်ဖြင့်
မဲ့တဲန်င်ရုံးသို့သွား၍
ရွာတွင်း အေးချမ်းစွာ နေထိုင်ခွင့်ပြုရန် သွားရောက်တောင်းဆိုရာ မဲ့တဲန်င်
အုပ်ချူပ်ရေးမှူးက စိုးရိမ်ရန်မလိုပဲ အေးချမ်းစွာ ပြန်ရန် ပြော
ခဲ့သည်။
သို့ သော် ဧပြီလ
(၃ ) ရက်နေ့ တွင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင် ၂၀၀
ကျော်ခန့် 
ရွာတွင်းသို့  ရုတ်တရက် ၀င်ရောက်ဖမ်းဆီးခဲ့သည်။
တရားဝင်နေထိုင်ခွင့်လက်မှတ်ရှိသူများကို
လွတ်ပေးခဲ့င်္ပြး မှတ်ပုံတင်မရှိသူများကို ယနေ့ထိ
အာဏာပိုင်များက အရေးယူ ထိန်းသိမ်းထားဆဲဖြစ်သည်။
ထိုင်းအာဏာပိုင်များက
ယခု အိမ်ယာမြေများသည် သစ်တောကြိုးဝိုင်းပိုင်မြေများဖြစ်ပြီး
စိုက်ပျိုးရေးလုပ်ငန်း အ တွက် အသုံးပြုရန်အတွက်သာ
ခွင့်ပြုထားခြင်းဖြစ်ပြီး လူနေအိမ်များ
ဆောက်လုပ်နေထိုင်ခွင့်မရှိကြောင်း ပြောဆို
ခဲ့သည်။
မဲ့တဲန်င်သည် ချင်းမိုင်မြို့မှ
ကားဖြင့် တနာရီ ခရီးမျှသာ ဝေးကွာပြီး
ရှမ်းပြည်ဖက်မှ ရေပြောင်းအခြေချလာသူ များက မြေယာများ။
အိမ်များဝယ်ကာ နေထိုင်ကြခြင်းဖြစ်သည်။
အိမ်မြေကွက်တကွက်လျှင် မြေရိုင်းအဆင့်တွင် ဘတ်ငွေ
နှစ်သောင်းမှ သုံးသောင်းအထိ ပေးရှိပြီး
ပြုပြင်မွမ်းမံကာ အိမ်ဆောက်လုပ်ထားပါက ဘတ်ငွေ နှစ်သိန်း
အထိ ပေးဝယ်ရသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
|