|
မြိတ်-ထားဝယ်
ရထားလမ်းဖောက် လယ်မြေများ သိမ်းခံရ
ခွန်အောင်မြတ်။
ဧပြီလ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်။
မြန်မာနိုင်ငံတောင်ပိုင်း
မြိတ်-ထားဝယ်
ရထားလမ်း ဖောက်လုပ်ရေးအတွက် ထားဝယ်
ခရိုင်အတွင်းရှိ ဒေသခံ
အာဏာပိုင်များက ကျေးရွာသားများ၏ လယ်ယာမြေများကို သိမ်းဆည်းနေသည်ဟု
ထားဝယ်လူငယ်အစည်းရုံး
မှ
တာဝန်ရှိသူက ပြောသည်။
ထားဝယ်မှ
မြိတ်
ရထားလမ်းတကြောရှိ ကျေးရွာများ၏ လယ်ယာမြေများကို သိမ်းဆည်းခံရသည်ဟု ထားဝယ်
လူငယ်အစည်းရုံး၏
ဗဟိုကော်မတီဝင် ကိုဇေက ပြောသည်။
“သင်းကျွန်းရွာရယ်၊
ညောင်စင်ဆိုတဲ့ ရွာရယ် အဲဒီတ၀ှိုက်တကြောကို ရထားလမ်းကျတဲ့ လမ်းကြောင်း
တွေပေါ့ အဲဒီရွာတွေကတော့ အကုန်သိမ်းခံရတယ်။ ရထားလမ်းရထားကြော မိတဲ့နေရာတွေမှာ
ကတော့ မြေတွေ လယ်တွေ သိမ်းတယ်ပေါ့။ သိမ်းတာက တချို့ လျှော်ကြေး
နည်းနည်းပါးပါးရတဲ့
လူတွေလည်း ရှိတယ်။ ဘာမှမရတဲ့သူတွေလည်းရှိတယ်။ ကျနော်နဲ့သိတဲ့ အစ်မဆိုရင်
သူ့နာမည်က မစိုးစိုးမာလို့ခေါ်တယ်လေ။
သူ့အိမ်ကဆိုရင်လည်းပဲ ရထားလမ်းဖြတ်သွားလို့ဆိုပြီး လယ်တဧက ပါသွားတယ်လေ။
သူ့အစ်မဆိုရင်လည်း လယ်တဧက ပါသွားတယ်။ ကျန်တဲ့လူတွေလည်းပဲ အကုန်လုံးပါတာပဲ
ပါတာကတော့။”
လယ်မြေများကို ယခုပတ်အတွင်းမှ သိမ်းဆည်းခံရခြင်းဖြစ်ပြီး အသိမ်းခံရသူအချို့မှာ
လယ်တဧကလျှင် ကျပ်ငွေ (၂၀၀၀၀)
နှုန်းဖြင့် ပြန်ပေးသော်လည်း အများစုမှာ
လျှော်ကြေးငွေ မရကြဟု
ကိုဇေက ပြောသည်။
“ဒီဟာနဲ့ပတ်သက်ပြီး
ကျနော်တို့ဘက်က သိတဲ့အတိုင်းပဲလေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ အတွန့်
တက်ပြီး ပြောရဲစရာ
ဘာမှမရှိဘူးလေ။ အကုန်လုံးက ကြောက်နေကြတာကြီးပဲကို။
ဒီအတိုင်းပဲ အဲလိုဖြစ်နေကြတာပေါ့။ အခုထိပဲ ဒီရထားလမ်းက ကျနော်တို့ကြားတာက
မြိတ်အထိ
ဖောက်မယ်
ပေါ့။ အခုကတော့
ညောင်စင်ဆိုတဲ့ရွာကို ရောက်နေပြီ။ ညောင်စင် ဆိုတာက ထားဝယ်ခရိုင်။”
ယခုလို
ရထားလမ်းဖောက်လုပ်ခြင်းသည် ဒေသခံပြည်သူအတွက် အကျိုးမရှိသည့်အပြင်
ရထားလမ်းထက် ကားလမ်းကို
ဒေသခံများက အသုံးပြုမှုများကြောင်း၊ ရထားလမ်း
ဖောက်လုပ်မှုကြောင့် ဒေသခံများ လယ်မြေ
သိမ်းဆည်းခံရမှုနှင့်
အတင်းအဓမ္မလုပ်အား ပေးခံရမည့် ၀န်ထုတ်ဝန်ပိုးသဖွယ် ဖြစ်သည်ဟု ထားဝယ် အမျိုးသမီး
တဦးက ပြောသည်။
“ရွာမှာတော့
အဲလိုပဲ ပြောနေတယ်။ ရထားလမ်းဖောက်နေတယ်လို့ လေးနှစ်စီမံကိန်းလို့ပဲ ပြော
တယ်။
ရထားလမ်းဖောက်တာတော့ ဘယ်ကြိုက်မလဲ။ ရွာတွေပါမှာစိုးလို့ပေါ့။ သူတို့ ပစ္စည်းတွေ
ရှုံးမှာစိုးလို့ပေါ့။
ခုထက်ထိတော့ ဘယ်လောက်သိမ်းတယ်ဆိုတာ မသိဘူး။ မပြီး သေးဘူး။”
လယ်မြေများသိမ်းဆည်းခံရလျှင် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာနိုင်မည့်
အကြောင်းကို ထားဝယ်
အမျိုးသားတဦးက
ယခုလို ပြောသည်။
“သေချာတာကတော့ဗျာ
လယ်သိမ်းပြီဆိုမှတော့ လယ်ဘယ်မှာ လုပ်လို့ရမှာလဲ လယ်လုပ်လို့
မရ
တော့ဘူးလေ။
လယ်လုပ်လို့ မရတော့ဘူးဆိုမှပဲ စားဖို့သောက်ဖို့ ဘယ်လိုလုပ် လာမလဲ။ ကျနော်တို့
က နောက်ဆုံး
လယ်သိမ်းခံရပြီဆိုရင် လယ်တော်တော်များများ ပါသွားပြီဆိုရင် သေချာတယ်လေ
ကျန်တဲ့နေရာတွေမှာ ကျနော်တို့ အလုပ်သွားလုပ် ရတော့မယ်။ ဥပမာ
ထိုင်းလိုနေရာမျိုးမှာ ရွေ့ပြောင်းအလုပ်သမားပုံစံမျိုးနဲ့
လာအလုပ်လုပ် ရတော့မယ်။ ရွေ့ပြောင်းအလုပ်သမား
လုပ်ပြီ
ဆိုကတည်းကိုက
ဖမ်းခံရမှာကြောက်တာနဲ့
ကျန်းမာရေး အနေအထားရော
အကုန်လုံး ကျဆင်း
သွားပြီလေ။”
ထားဝယ်ခရိုင်အတွင်းတွင်
ရထားလမ်းဖောက်လုပ်ရန်အတွက် လယ်မြေများ သိမ်းဆည်းခံရသည့်
နည်းတူ တိုင်းရင်းသားလူငယ်
အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊
မွန်လူငယ်အစည်းအရုံးနှင့်
ပအိုဝ်းလူငယ် အစည်းအရုံး သုံးဖွဲ့ စုပေါင်းပြီး
‘ကျွန်ုပ်တို့၏
မြေယာများကို သိမ်းပိုက်ထားခြင်း’
အစီရင်ခံစာကို ယနေ့ ထုတ်ပြန်သည်။
|